Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 20 October 2012

ဆီးဂိမ်းအတွက် ကြော်ငြာရှာဖွေမှု စပွန်ဆာ အနေဖြင့် SAIL ကုမ္ပဏီမှ ဆက်လက် လုပ်ဆောင် သွားရန်ရှိ


လာမယ့် ၂၀၁၃ ခုနှစ်မှာ ကျင်းပ သွားမယ့် ၂၇ ကြိမ်မြောက် ဆီးဂိမ်း အတွက် ကြော်ငြာ ရရှိဖို့ကို အားကစား ၀န်ကြီး ဌာနနဲ့ MoU ထိုးထားတဲ့ SAIL ကုမ္ပဏီမှ
စပွန်ဆာ ရှာဖွေခြင်း အတွက် ဆက်လက်ပြီး လုပ်ဆောင် သွားဖို့ ရှိတယ်လို့ အောက်တိုဘာလ ၁၉ ရက်နေ့က ဆီဒိုးနား ဟိုတယ်မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရှိရပါတယ်။ အခုလို ဆက်လက် လုပ်ဆောင်မယ့် စပွန်ဆာ ရှာဖွေခြင်းတွေ ကိုတော့ နိုဝင်ဘာ လမှာ စတင်ပြီး ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ SAIL ကုမ္ပဏီ အနေနဲ့ ဇူလိုင်လ ၇ ရက်နေ့မှာ အားကစား ၀န်ကြီး ဌာနမှ တာဝန်ရှိ သူတွေနဲ့ စပွန်ဆာ ရှာဖို့ သဘောတူ MoU ထိုးပြီးဖြစ်ရာ စပွန်ဆာ Package အတွက် အဆင်မပြေမှု တွေရှိခဲ့ တာကြောင့် နှောင့်နှေး ကြန့်ကြာမှုတွေ ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ၀န်ကြီး ဌာနနဲ့ Package အတွက် ညှိနှိုင်းပြီး ဖြစ်တာကြောင့် လာမယ့် နိုဝင်ဘာလ ထဲမှာတော့ စတင်ပြီး ဆက်လက် လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ အားကစား ၀န်ကြီး ဌာနမှ ပြီးခဲ့တဲ့လက ဖွဲ့စည်းခဲ့ပြီး ဖြစ်တဲ့ Marketing ကော်မတီရဲ့ Agency အနေနဲ့ ဆက်လက် လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့  သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့