Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 22 October 2012

မြန်မာ့ world trade စီမံကိန်း

မရမ်းကုန်းမြို့နယ် ဗဟို လမ်းမပေါ်ရှိ မုဒိတာ အိမ်ယာ စီမံကိန်း မှာ စည်ပင်က ခွင့်ပြုချက်ထက် တစ်ထပ် ပိုဆောက်ပြီး အရစ်ကျ စံနစ်ဖြင့် ရောင်းချခဲ့ပါတယ်။

တန်ဖိုးနည်း အိမ်ယာလို့ အမည်ပေးထားပြီး ၀ယ်ယူခဲ့သူ အများစုမှာ မိမိ လုပ်အားခမှ လစဉ် အရစ်ကျ ပေးစံနစ်ဖြင့် စုဆောင်း ၀ယ်ယူခဲ့ပါတယ်။

တိုက်ခန်းအတွက် ငွေပေးချေမှု ပြည့်ပြီဖြစ်သော်လဲ အထပ်ပိုဆောက်ခဲ့သဖြင့် အခန်းအပ်နိုင်ခြင်းမရှိပဲ စီပင်ဌာနကိုလဲ ပြန်ဖျက်နေသည်ဟု အကြောင်းပြ၊ အခန်းပိုင်ရှင်များသို့လဲ အခန်းမပြီးသေးဟု အကြောင်းပြ နှင့် ထုံစံအတိုင်း လဒ်ထိုးပြီးခွင့်ပြုချက်ရဖို့ကြိုးစားနေတယ်လို့ သိရပါတယ်။

ဖုန်းပြောရင်းလှေကားပေါ်ကပြုတ်ကျခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်းမှာ ကန်ထရိုက်တိုက်တွေ အပေါ် ကြီးကြပ်မှု ပိုများလာတယ် ဆိုပေမဲ့  မုဒိတာ အိမ်ယာဟာ အောက်ခြေ ရေကန်အဟောင်းကို မြေဖို့ပြီး ဆောက်လုပ်ထားတာ ဖြစ်တဲ့အတွက် အထပ်ပို ဆောက်ထားတာဟာ ကြောက်စရာပါပဲ။

အခန်းပေါင်း ထောင်ဂဏန်းရှိပြီး အထပ်ပိုမှာတင် အခန်းပေါင်း ၁၀၀ ကျော်တဲ့ အိမ်ယာစီမံကိန်းဖြစ်ပါတယ်။

အဆိုပါ အိမ်ယာကို တော်ဝင်ဆောက်လုပ်ရေးက ဆောက်လုပ်နေတာ ဖြစ်ပါတယ်။

By Myanmar News Now


အပေါ်ဆုံးထပ်က အပေါက်ကြီးကတော့  ပြန်ဖြိုချနေတဲ့ပုံပါ၊ ဆက်ဖြိုမလား ၊ပြန်ဆောက်မလား ကတော့ လဒ်ထိုးလို့ ရမရပေါ်မှာ မူတည်မယ် ထင်ပါတယ်။ ပိုင်ရှင်တွေ ကိုတော့ မပြီးသေး ဘူးပြောပြီး အတွင်းမှာ လှိုက်ဖြိုနေ ပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့