Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 20 October 2012

Yangon Expo & Car Show ကျင်းပပြုလုပ်နေ


ဆိုင်ခန်းပေါင်း ၁၂၀ ၀န်းကျင် ပါဝင်တဲ့ Yangon Expo & Car Show ကို အောက်တိုဘာလ ၁၉ ရက်နေ့ ကနေ ၂၂ ရက်နေ့ အထိ ကန်တော်ကြီး ပန်းခြံ
အတွင်းရှိ ကရ၀ိတ် ဥယျာဉ် ကမ္ဘာမှာ ကျင်းပပြုလုပ် လျက်ရှိတယ်လို့ သိရပါတယ်။ အဆိုပါ ပြပွဲမှာ ကုမ္ပဏီပေါင်း ၄၀ နီးပါးမှ ပါဝင်ပြသ ထားတာ ဖြစ်ပါတယ်။ အဆိုပါ ကုမ္ပဏီတွေ အနက် ကားကုမ္ပဏီပေါင်း ၁၅ ခုခန့် ပါဝင်ပြီး အခြား ကုမ္ပဏီများ အနေနဲ့ အစားအသောက် ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများ၊ လျှပ်စစ် ပစ္စည်းများ၊ စက်ကိရိယာ များကို ရောင်းချတဲ့ ကုမ္ပဏီ ဆိုင်ခန်းများပါ ပါဝင်ပြသ ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြပွဲကာလ အတွင်း ကားရောင်းချမှု များကို ကမ္ဘောဇ ဘဏ်နဲ့ ချိတ်ဆက်ကာ အရစ်ကျ စနစ်နဲ့ ရောင်းချပေး တာလည်း ဖြစ်ပါတယ်။ ဒီလို ရောင်းချရာ မှာတော့ ၂၀ ရာခိုင်နှုန်းကို လက်ငင်းပေး ချေပြီး ငွေကျပ်သိန်း ၁၀၀ ၀န်းကျင် ကျန်ရှိပါက အချိန်ကာလ ၁ နှစ်ပေး သွင်းနိုင်ကာ သိန်း ၂၀၀ ၀န်းကျင် ကျန်ရှိရင်တော့ ၂ နှစ်အထိ အရစ်ကျ ပေးသွင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီလို အရစ်ကျ ၀ယ်ယူလို သူတွေဟာ မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ ရဲစခန်း ထောက်ခံချက်၊ ရပ်ကွက် ထောက်ခံချက်နဲ့ ကမ္ဘောဇဘဏ်မှာ အကောင့်သစ် တစ်ခု ဖွင့်လှစ်ပေးဖို့ လိုအပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့