Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 21 December 2012

100 Plus အချိုရည်မှ ဈေးကွက် ထပ်မံ တိုးချဲ့မှုများ ပြုလုပ်ရန် စီစဉ်လျက်ရှိ


စင်္ကာပူနိုင်ငံ Fraser and Neave Limited (F&N) ကုမ္ပဏီနဲ့ မြန်မာနိုင်ငံရှိ Myanmar Golen Star ကုမ္ပဏီ တို့မှ ပူးပေါင်း ထုတ်လုပ် ထားတဲ့ 100 Plus
အချိုရည် သီးသန့် မိတ်ဆက်ပွဲကို ဒီဇင်ဘာလ ၁၉ ရက်နေ့က အင်းလျားလိတ် ဟိုတယ်မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ အဆိုပါ ပွဲမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ 100 Plus အချိုရည်ဟာ ယခင် ကတည်းက ပြည်တွင်းမှာ ထုတ်လုပ် ဖြန့်ဖြူးထား ပေမယ့် ယခု နောက်ပိုင်းမှာ ဈေးကွက်ချဲ့ထွင်မှု တွေကို ထပ်မံပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ အချိုရည်ကို ၂၀၁၃ ခုနှစ် အစောပိုင်းမှ စတင်ပြီး ပြည်တွင်းရှိ နေရာဒေသ အတော် များများမှာ အလွယ်တကူ ရရှိနိုင်အောင် ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ MGS ကုမ္ပဏီဟာ ရန်ကုန်နဲ့ မန္တလေး တို့မှာ စက်ရုံ တည်ဆောက်ပြီး Pepsi, 7 up, Mirinda အဓိက တံဆိပ် ၃ မျိုးနဲ့ အချိုရည် များကို ဖြန့်ဖြူးခဲ့ပြီး ယခုအခါ မှာတော့ 100 Plus အချိုရည်ကို မြန်မာနိုင်ငံရှိ ဖြန့်ဖြူးသူများ၊ စီးပွားဖက်များနဲ့ ထပ်မံပြီး သီးသန့် မိတ်ဆက်တာ ဖြစ်ပါတယ်။ အဆိုပါ 100 Plus အချိုရည်မှာ ကိုယ်လက် လှုပ်ရှားမှု များခြင်း၊ ချွေးထွက် လွန်ခြင်း၊ ရေဓာတ် ဆုံးရှုံးမှု မဖြစ်စေရန် အတွက် အဓိက ရည်ရွယ် ထုတ်လုပ်တဲ့ အချိုရည် ဖြစ်တယ် လို့လည်း သိရပါတယ်။
 
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့