Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 16 December 2012

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုတွင် အမေရိဒေါ်လာ ၅၈.၅ သန်းကျော် အကုန်ကျခံ ဆောင်ရွက် သွားမည်


လာမယ့် ၂၀၁၄ ခုနှစ်မှာ ဆောင်ရွက် သွားမယ့် ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူမှုနဲ့ ပတ်သက်ပြီး ကုန်ကျ စရိတ်ကို အမေရိကန် ဒေါ်လာ ၅၈.၅

သန်းကျော် အကုန်ကျခံ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ ဒီဇင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့ Sedoan Hotel မှာ ပြုလုပ်တဲ့ ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီနဲ့ စာနယ်ဇင်း သမားများ တွေ့ဆုံပွဲမှ သိရပါတယ်။ အခုလို ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူဖို့ အတွက် ကိုတော့ လက်ရှိမှာ UNFPA မှ အမေရိကန် ဒေါ်လာ ၅ သန်းနဲ့ အစိုးရ ဘက်မှ အမေရိကန် ဒေါ်လာ ၁၅ သန်း ထည့်ဝင် ဆောင်ရွက် ထားတာ ဖြစ်ပြီး ၃၈.၅ သန်း လိုအပ်လျက် ရှိနေသေးတာ ဖြစ်တယ် လို့လည်း UNFPA မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

အဲ့ဒီလို လိုအပ်တဲ့ ငွေကြေး တွေကိုတော့ အခြား အလှူရှင်များမှ တဆင့် အကူအညီ ရယူကာ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူဖို့ အတွက် ကိုတော့ UNFPA အနေနဲ့ လက်ရှိမှာ နည်းပညာပိုင်းများ၊ လုပ်ငန်းပြုလုပ် ဆောင်ရွက်မှာ လိုအပ်တဲ့ စက်ပစ္စည်းများ၊ နည်းပညာရှင် များကို ခေါ်ယူပြီး ကူညီ ဆောင်ရွက် ပေးလျက် ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူမှု ကိုတော့ လာမယ့် ၂၀၁၄ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့ အထိ တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ တစ်ပြိုင်နက် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့