Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 7 December 2012

၂၀၁၃ ခုနှစ် အစတွင် မြန်မာ့ခရီးသွား လုပ်ငန်း ပင်မစီမံကိန်း အပြီးသတ် ရေးဆွဲ သွားမည်


ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီး ဌာနရဲ့ ဦးဆောင်မှုနဲ့ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်က Norwegian Government နဲ့ ADBC Asia
Development Bank တို့ ပံ့ပိုး ကူညီရေးဆွဲ လျက်ရှိတဲ့ မြန်မာ့ ခရီးသွား လုပ်ငန်း ပင်မစီမံကိန်း Tourism Master Plan Project Myanmar ကို လာမယ့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီ လခန့်မှာ အပြီးသတ် ရေးဆွဲနိုင်ဖို့ ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။

အဆိုပါ မြန်မာ့ ခရီးသွား လုပ်ငန်း ပင်မ စီမံချက်ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က စတင်ပြီး နေပြည်တော်၊ အင်းလေး၊ ချောင်းသာ၊ ငွေဆောင် အစရှိတဲ့ ဒေသတွေကို သွားရောက်ကာ ဟိုတယ် ကဏ္ဍနဲ့ ပတ်သက်တဲ့ ခရီးသွား ၀င်ရောက်မှုများ၊ ခရီးသွား အခြေအနေ များကို သွားရောက် လေ့လာပြီး တာဝန်ရှိ သူများနဲ့ ဆွေးနွေးမှု များကို ဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ပိုင်း မှာလည်း လူ့စွမ်းအား အရင်းအမြစ် ကျွမ်းကျင် ပညာရှင်၊ ခရီးသွား လုပ်ငန်းနဲ့ ပတ်သက်တဲ့ ကျွမ်းကျင် ပညာရှင်၊ ယဉ်ကျေးမှုကို ကာကွယ် စောင့်ရှောက်တဲ့ ပညာရှင်များနဲ့ ပူးပေါင်းပြီး မြန်မာ့ခရီးသွား လုပ်ငန်း ပင်မစီမံကိန်း အတွက် ဆွေးနွေးပွဲများ ပြုလုပ်သွားဖို့ ရှိတယ် လို့လည်း သိရပါတယ်။

အဆိုပါ စီမံကိန်းကို ပြည်တွင်းမှာ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး အတွက် လုပ်ဆောင် ရမယ့် အချက်များ၊ ခရီးသွား လုပ်ငန်း တိုးတက်ဖို့ လိုအပ်ချက် များကို ထည့်သွင်း ထားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ လက်ရှိမှာ ခရီးသွား လုပ်ငန်းနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ အတွေ့အကြုံများ ရှိတဲ့အပြင် ခရီးစဉ် အလိုက် ကျယ်ပြန့်တဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ယဉ်ကျေးမှု အမွေအနှစ်များ ပေါများ တာကြောင့်လည်း လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ဖို့ အရေးကြီးတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် မြန်မာ့ ခရီးသွား လုပ်ငန်း ပင်မ စီမံကိန်း ရေးဆွဲပြီးစီး သွားပါက ဒေသတိုင်းမှာ ဖွံ့ဖြိုး တိုးတက်ရေး စီမံချက်များ ပေါ်ထွက် လာစေဖို့နဲ့ ဒေသ အလိုက် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက် လာစေဖို့ မျှော်မှန်း ထားတယ်လို့ သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့