Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 8 December 2012

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မကွေးတိုင်း ခရီးစဉ် (၁)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ဆတ်သွားမြို့နယ် ဒေသခံများကို မိန့်ခွန်း ပြောကြားပြီး ဒေသခံများ၏ မေးမြန်းမှု များကိုလည်း ပြန်လည် ဖြေကြားလျက် ရှိပါတယ်။

ဒေသခံလူထု ထောင်ကျော်တက်ရောက်နားထောင်နေပါတယ်။ အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ နတ်မောက်မြို့သို့ သွားရောက်မည်ဖြစ်ကြောင်း ဒီဗွီဘီသတင်းထောက်က သတင်းပေးပို့ထားပါတယ်။


ဒေါ်အောင်ဆန်း စုကြည် သည် ဆတ်သွားတွင် မိန့်ခွန်း ပြောကြား အပြီး တောင်တွင်းကြီး ဆေးရုံသို့ မနက် ၉နာရီ မိနစ် ၃၀တွင် သွားရောက် နေပြီဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် မကွေးမြို့သို့ ၈-၁၂-၂၀၁၂ တွင် ရောက်ရှိကာ မကွေးမြို့ နတ်မောက်လမ်းရှိ ထိန်ထိန်သာဟိုတယ်တွင် ခေတ္တတည်းခိုမည်ဖြစ်ပြီး ယင်းညတွင် တောင်တွင်းကြီးလမ်းရှိ သံဃာရာမ စာသင်တိုက်သို့ သွားရောက်ကာ ဆရာတော်အား ဖူးမော်မည်ပြီး ထိန်ထိန်သာဟိုတယ်တွင် တစ်ညတာတည်းခိုမည်။

နောက်တစ်နေ့မနက် ၈နာရီတွင် နံကပ်ကျေးရွာ အုပ်စု အတွင်းရှိ မကွေးမြသလွန်ဘုရား ၀င်းအတွင်း မကွေးမြို့ခံလူထုကို မိန့်ခွန်းပြောကြား မည်ဖြစ်ကြောင်း မကွေးမြို့သို့ရောက်ရှိနေသော ဒီဗွီဘီ သတင်းထောက်က သတင်းပေးပို့သည်။

သတင်း - ကျော်ဇေယျာဝင်း (ဒီဗွီဘီ)

မကွေးမြသလွန် ဘုရားဝင်းအတွင်း ဒေါ်စုမိန့်ခွန်း ပြောကြားရန် ပြင်ဆင်နေမှု
ဓာတ်ပုံ - ကိုသိုက်၊ ကျော်ဇေယျာဝင်း
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့