Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 12 December 2012

ရေမီတာ မတပ်ဘဲ တရားမ၀င် ရေဖိုးငွေ ကောက်ခံနေတဲ့ ဒလ စည်ပင်ဝန်ထမ်းများ

ရန်ကုန်တိုင်းတဖက်ကမ်း ဒလမြို့နယ် စည်ပင်သာယာရေး ကော်မတီ ရေပေးရေး ရုံးကနေ ပေးဝေနေတဲ့ ရေပိုက်လိုင်းတွေကို ရေမီတာ မတပ်ဆင်ဘဲ ရေဖိုးငွေတွေကို တရားမ၀င် ကောက်ခံမှု ပြုလုပ်နေတယ်လို့ သိရှိရပါတယ်။


 ရေမီတာ တပ်ဆင်ထားခြင်း မရှိတဲ့အတွက် စည်ပင်သာယာက ရေဖိုးငွေတွေ ကောက်ခံတဲ့ နေရာမှာ ကျသင့်တဲ့ အတိုင်းအတာထက် ပိုမို ကောက်ခံနေပြီး မပေးနိုင်တဲ့ အိမ်တွေကို ရေပိုက်တွေ ဖြတ်တောက်တာတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

၂၀၀၀ ခုနှစ်မှာ ဒလမြို့နယ်အတွင်း ရေမီတာတွေ တပ်ဆင်ပြီး သုံးစွဲနိုင်တဲ့အထိကို ဂျပန်နိုင်ငံက လှူဒါန်းထားတာ ဖြစ်တယ်လို့ ဒလမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တဦးက ပြောပါတယ်။ စည်ပင် အနေနဲ့ အခုလို ရေမီတာ မတပ်ဘဲ ရေဖိုးငွေတွေ ကောက်ခံတဲ့အပေါ် ပြည်သူတွေ အနေနဲ့ မပေးဆောင်နိုင်တဲ့အခါ ရေပိုက်တွေ ဖြတ်တောက်တာကို ပြုလုပ်နေပြီး ရေပိုက်တွေ ပြန်လည် တပ်ဆင်မယ်ဆိုရင် စည်ပင်သာယာကို တရားမ၀င် လာဘ်ထိုးမှုတွေ ပြုလုပ်နေရတာ ဖြစ်ပါတယ်။

အထက်က ချမှတ်ထားတဲ့ ဥပဒေတွေနဲ့ လက်တွေ့ အောက်က ၀န်ထမ်းတွေအကြား တရားမမျှတမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် သမ္မတ ဦးသိန်းစိန်ရဲ့ လာဘ်ပေးလာဘ်ယူ ပပျောက်ရေး စနစ် အပေါ် ဝေဖန်မှုတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။



No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့