Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 21 December 2012

သန်းခေါင်စာရင်း ရည်ညွန်းချိန်တွင် နိုင်ငံခြားသား များနှင့် ပြည်ပရောက် နိုင်ငံသား များအား ကောက်ယူ သွားရန်ရှိ


လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန ပြည်သူ့ အင်အား ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သန်းခေါင် စာရင်း
ရည်ညွှန်းချိန်မှာ ပြည်တွင်း မှာရှိတဲ့ နိုင်ငံသားများ၊ နိုင်ငံခြားသား များနဲ့ ပြည်ပရောက် နိုင်ငံသားများ အားလုံးကိုပါ သန်းခေါင် စာရင်း ကောက်ယူမှုများ ပြုလုပ် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ကောက်ယူမှု ကိုတော့ သန်းခေါင် စာရင်း ရည်ညွှန်းချိန် အဖြစ် သတ်မှတ် ထားတဲ့ ၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ့ ညသန်းခေါင်ယံ အချိန်မှာ ကောက်ယူ သွားမှာ ဖြစ်ပါတယ်။

ဒီလို ကောက်ယူမှု ကိုတော့ ပြည်တွင်း နေထိုင်သူ အားလုံး၊ အိမ်ရာမဲ့ လျှောက်သွား နေသူများ၊ တောင်းရမ်း စားသောက်သူများ၊ ဗီဇာ အမျိုးမျိုးနဲ့ ပြည်တွင်းကို ရောက်နေ နိုင်ငံခြားသားများ အစရှိသဖြင့် အားလုံးကို ကောက်ယူ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အခြားနိုင်ငံ များကို တရားဝင် ရောက်နေတဲ့ မြန်မာနိုင်ငံသား တွေကိုလည်း ကောက်ယူ သွားမှာ ဖြစ်ပြီး အကြောင်း အမျိုးမျိုးနဲ့ မြန်မာနိုင်ငံ သံရုံးက မသိဘဲ ပြည်ပနိုင်ငံ သွားရောက် သူများ ကိုလည်း ကောက်ယူ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို မြန်မာနိုင်ငံ သံရုံးက မသိဘဲ ပြည်ပနိုင်ငံကို သွားရောက်တဲ့ သူတွေ ကိုတော့ သက်ဆိုင်ရာ နိုင်ငံ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီး ကောက်ယူ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။



No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့