Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 20 December 2012

မြွေအန္တရာယ် အတွက် အသက် အာမခံ ထားရှိမှု နည်းပါးလျက်ရှိသေး


ပြည်တွင်းမှ ပြည်သူများ အနေနဲ့ မြွေအန္တရာယ် အတွက် အသက် အာမခံထားရှိမှု နည်းပါး နေသေးတယ်လို့ မြန်မာ့ အာမခံ လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့
ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ မြွေအန္တရာယ် အတွက် အသက် အာမခံ ထားရှိမှုဟာ ခန့်မှန်းခြေ ၁၀ ရာခိုင်နှုန်း နီးပါးသာ ရှိနေသေးတာ ဖြစ်ပါတယ်။ ဒီလို မြွေအန္တရာယ် အတွက် အသက် အာမခံထားရှိ မှုမှာတော့ လူတစ်ဦးကို တစ်နှစ်ပတ်လုံး အတွက် ငွေကျပ် ၅၀၀ သာ ပေးဆောင် ရတာ ဖြစ်ပါတယ်။

အဲ့ဒီ မြွေအာမခံ ထားရှိတဲ့ လူဟာ တစ်စုံတစ်ခုကြောင့် မြွေအန္တရာယ် ဖြစ်ပေါ်ခဲ့ပြီး အသက်သေဆုံး ခဲ့ပါက ငွေကျပ် ၅ သိန်းကို အာမခံကြေး အဖြစ် ပြန်လည် ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အသက် မသေဆုံးဘဲ မြွေကိုက်ခံ ရခြင်းကြောင့် အနာတရ တစ်စုံတစ်ရာ ဖြစ်ပွားပါ ကလည်း မြန်မာ့ အာမခံ လုပ်ငန်းမှ ပေးအပ်တဲ့ ဆေးကုသ စရိတ်ကို ရရှိမှာ ဖြစ်ပါတယ်။ ခုလို မြွေအန္တရာယ် အတွက် အသက်မခံ ထားရှိမှု မှာတော့ တောင်သူ လယ်သမား များသာ အများဆုံး ထားရှိကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာ့ အာမခံ လုပ်ငန်း အနေနဲ့ ပြည်သူများရဲ့ ဘေးအန္တရာယ် ကာကွယ်ဖို့နဲ့ လုံခြုံဖို့ အတွက် မြန်မာ့အာမခံ လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် နိုင်ရန် အတွက် စတဲ့ ရည်ရွယ်ချက် များနဲ့ ဆောင်ရွက် နေတာ ဖြစ်ပါတယ်။ အဆိုပါ မြွေအန္တရာယ် အတွက် အသက်အာမခံ ထားရှိမှု ကိုတော့ တစ်ကမ္ဘာလုံးမှာ မြန်မာနိုင်ငံ တစ်နိုင်ငံ တစ်နိုင်ငံသာ ပြုလုပ် ဆောင်ရွက် ပေးနေတာ ဖြစ်တယ်လို့ မြန်မာ့ အာမခံ လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ယခု လက်ရှိ မှာတော့ မြန်မာ တစ်နိုင်ငံလုံးမှာ အာမခံ ထားရှိမှု အနေနဲ့ မီးဘေးအန္တရာယ် အတွက် အာမခံ ထားရှိမှုဟာ အများဆုံး ဖြစ်ပြီး အခြား အာမခံ အမျိုးအစား များကိုတော့ လူသိ နည်းပါးနေ သေးတယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့