Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 8 December 2012

လက်ပံတောင်းတောင် အရေး မုံရွာမှာ သံဃာတော်အပါး ၅၀၀ ကျော် ဆန္ဒထုတ်ဖော်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် စပ်လျဉ်း၍ မုံရွာမြို့ပေါ်ရှိ အုတ်ကန်တောရ၊ ဇောတိကာရာမ စသည့် ကျောင်းတိုက်များ အပါအ၀င် သံဃာတော်အပါး ၅၀၀ ကျော် ယနေ့ နေ့လယ် ၁၂ နာရီခန့်မှ စတင်၍ ဆန္ဒဖော်ထုတ် နေကြောင်း သတင်းရရှိသည်။


အုတ်ကန်တောရကျောင်းတိုက်မှ စတင်ထွက်ခွာခဲ့ပြီး ရွှေစည်းခုံစေတီ၊ ကမ်းနားလမ်း အတိုင်း လမ်းလျှောက် ဆန္ဒဖော်ထုတ်နေကြကာ လက်ပံတောင်းတောင် စီမံကိန်းအား ဒေသခံ များနှင့် ပြည်သူတစ်ရပ်လုံး ကျေနပ်လက်ခံနိုင်အောင် ဆောင်ရွက်ရန် အကြမ်းဖက်နှိမ်နင်း မှုများအား သံဃာတော်များ လက်ခံသည်အထိ တောင်းပန်ရန်နှင့် အကြမ်းဖက် နှိပ်နင်းမှုတွင်
ပါဝင်သော ပုဂ္ဂိုလ်များကို ထိရောက်စွာ အရေးယူပေးရန်စသော အချက် သုံးချက်ကို တောင်းဆိုနေကြကြောင်း သတင်းရရှိသည်။

သတင်း - 7Day News Journal

စစ်ကိုင်းတိုင်းဒေသကြီးမုံရွာမြို့တွင် အေးချမ်းစွာဖြင့် မေတ္တာသုတ်ပရိတ် တရားတော်များကို လှည့်လည်ရွတ်ဖတ်နေမှုအား စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၊ စရဖ ၊ SB၊နှင့် မုံရွာမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ပါတီမှ အလုပ်အမှုဆောင်-ကျော်သူ(ကျောက္ကာမြောက်ရွာ)မြို့တို့ မှသတင်း ဓာတ်ပုံများ လိုက်လံရိုက်ကူးနေလျှက်ရှိပြီး ဆရာတော်များ၏ ဘွဲ့တော်များ နေရပ်များကို လိုက်လံစုံစမ်းနေကြကြောင်းသိရသည်။

ဆရာတော်များရှေ့တွင် ဗွီဒီယိုရိုက်ကူးနေသောရဲ၏ပုံ။

သတင်းနှင့်ဓာတ်ပုံ-သလ္လာဝတီတိုင်မ်း။

မုံရွာမြို့တွင်းသို့ လှည့်လည်ဆန္ဒထုတ်ဖော်နေကြသော ဆရာတော်သံဃာ တော်များအား မုံရွာမြို့ ကမ်းနားဆိပ်တွင်တွေ့မြင်ရစဉ်။

ဓာတ်ပုံ-သလ္လာဝတီတိုင်မ်း

ဆရာတော်များ တောင်းဆိုချက်(၃)ချက်ကိုင်ဆောင်ကာ မုံရွာမြို့ရွှေစည်းခုံ မြတ်စွာဘုရားအတွင် တွေ့မြင်ရစဉ်။

သတင်းနှင့်ဓာတ်ပုံ-သလ္လာဝတီတိုင်မ်း

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့