Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Saturday 8 December 2012
လက်ပံတောင်း သပိတ် ဖြိုခွင်းမှုပါ စုံစမ်းဖော်ထုတ်ပေးရန် တောင်းဆို
မြန်မာနိုင်ငံ သမ္မတရုံးက ပြင်ဆင်ဖွဲ့စည်းလိုက်သည့် လက်ပံတောင်း ကော်မရှင်၏ လုပ်ငန်းစဉ်တွင် ဆန္ဒပြမှုအပေါ် ကိုင်တွယ် ဆောင်ရွက်မှုနှင့် ဆန္ဒဖော်ထုတ်သည့် သံဃာတော်များအား ထိခိုက်ဒဏ်ရာ ရစေခဲ့သည့်ကိစ္စ ပါဝင်မှု မရှိသည့်အတွက် အဆိုပါ ကိစ္စများကိုပါ ကော်မရှင်က လုပ်ဆောင်ပေးရန် တောင်းဆိုနေကြသည်။
လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်စဲရေး သပိတ်စခန်းတွင် ကိုယ်တိုင် ပါဝင်ခဲ့ပြီး ဒဏ်ရာအနည်းငယ် ရခဲ့သူ မန္တလေး မစိုးရိမ်တိုက်သစ်မှ အရှင် ဥတ္တမက စုံစမ်းရေး ကော်မရှင်အနေဖြင့် လက်ပံတောင်း ကြေးနီ စီမံကိန်းအား ဆက်လုပ်သင့်၊ မသင့် တခုတည်း စုံစမ်းရေးသာမက လက်ပံတောင်း ကြေးနီစီမံကိန်း ဖျက်သိမ်းရေး ဆန္ဒပြဒေသခံများနှင့် သံဃာများအား အကြမ်းဖက် ဖြိုခွင်းမှုသည် မည်သူ့လက်ချက် ဖြစ်သည်ကိုလည်း စုံစမ်းစေလိုကြောင်း ဧရာဝတီသို့ မိန့်သည်။
“အကြမ်းဖက် ဖြိုခွင်းလို့ ဒဏ်ရာရသွားတဲ့ သံဃာတော်တွေကိစ္စ ဒီလိုဆို ဘယ်သူက ဖြေရှင်းပေးမလဲ။ သံဃာတော်တွေက ဒီအတိုင်းပဲ နှစ်သိမ့် ပေးလိုက်ရမှာလား။ ဒီကိစ္စ တိတိကျကျ စုံစမ်းပေးပါ၊ ပြီးရင် ပြတ်သားစွာ ဆုံးဖြတ်ပေးပါ” ဟု အရှင် ဥတ္တမက မိန့်ကြားသည်။
ထိုကဲ့သို့ ထိခိုက် ဒဏ်ရာရသွားခဲ့ရသော သံဃာတော်များနှင့် ဒေသခံများအတွက် ကော်မရှင်အနေဖြင့် သော်လည်းကောင်း၊ နိုင်ငံတော် အနေဖြင့် သော်လည်းကောင်း မလုပ်ဆောင်ပေးပါက သံဃာထုအနေဖြင့် တခုခု တုံ့ပြန်မည်ဖြစ်ကြောင်း ဦးဥတ္တမက ဆက်လက်မိန့်ကြားသည်။
ယခုအခါ ဒဏ်ရာရ သံဃာအရေအတွက်မှာ စုဆောင်းရရှိထားသမျှ သံဃာ ၇၉ ပါးနှင့် လူပုဂ္ဂိုလ် ၉ ဦး ရှိပြီး အားလုံးသည် မီးလောင် ဒဏ်ရာများနှင့်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်လည်း မုံရွာ ခရီးစဉ်အတွင်း ကိုယ်တိုင် မြင်တွေ့ရပြီး ဖြစ်ကြောင်း ဦးဥတ္တမက မိန့်သည်။
ယခု ကော်မရှင်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်အတွက် ပြည်သူ့ဆန္ဒကို အလေးထား ဆောင်ရွက်မည်ဟု ယုံကြည်ကြောင်း၊ သံဃာတော်များအား ဆိုးဝါးစွာ ဒဏ်ရာရခဲ့သည့် ဖြိုခွင်းမှု အပေါ်လည်း ပြည်သူအများက ရှင်းလင်းစွာ သိလိုကြောင်း စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ကတော့ နိုင်ငံသား တယောက်အနေနဲ့ ပြောရရင် လက်ပံတောင်းမှာ ဒီလောက် ဆိုးဆိုးဝါးဝါး ဒဏ်ရာတွေ ရသွားလောက်အောင် ဘယ်သူက အမိန့်ပေးသလဲ၊ ဘယ်သူ တာဝန်ရှိလဲဆိုတာ ရှင်းရှင်းလင်းလင်း သိချင်ကြတယ်” ဟု သူက ဆိုသည်။
၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ဦးဂျင်မီကလည်း လက်ပံတောင်း ကော်မရှင်အနေဖြင့် ကိစ္စတခုလုံးကို စုံစမ်းမှသာ စုံစမ်းရေး ကော်မရှင်ဖြစ်မည်ဟု ပြောသည်။
“စုံစမ်းရေး ကော်မရှင်ဆိုမှတော့ အကုန်လုံး၊ တစုံလုံး စုံစမ်းရမှာပေါ့။ လက်ပံတောင်တောင် သပိတ်ကို အကြမ်းဖက် ဖြိုခွင်းခဲ့မှုကိုလည်း စုံစမ်းရေး ကော်မရှင်က စုံစမ်းရမယ်။ ဆိုလိုတာက အကုန်လုံးကို စုံစမ်းဖို့လိုတယ်။ ထိခိုက် ဒဏ်ရာရတဲ့ သံဃာတော်တွေရဲ့ အရေအတွက် ဘယ်လောက်လဲ၊ ဘယ်လောက် နစ်နာသွားလဲ၊ ဒါတွေပါ ထည့်သွင်းစုံစမ်းသင့်တယ်” ဟု ဦးဂျင်မီက ပြောသည်။
လက်ပံတောင်း ကြေးနီစီမံကိန်း သပိတ်စခန်းများကို နိုဝင်ဘာလ ၂၉ ၇က်နေ့ နံနက် ၃ နာရီတွင် လုံခြုံရေး တပ်ဖွဲများက အင်အားသုံးဖြိုခွဲခဲ့ပြီးနောက် ပြည်သူလူထု မကျေနပ်မှုများ တဟုန်ထိုးကျယ်ပြန့်ခဲ့သည်။ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဥက္ကဋ္ဌအဖြစ် ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူမည့် အဖွဲ့ဝင် ၃၀ ပါ စုံစမ်းရေး ကော်မရှင်ကို သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး အမိန့်အမှတ် ၉၂/ ၂၀၁၂ ဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါ လက်ပံတောင်း စုံစမ်းရေး ကော်မရှင်၏ အဓိကလုပ်ငန်း တာဝန်များမှာ ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နိုင်ငံတကာ ပြဌာန်းချက်များ၊ နည်းပညာများ လိုက်နာခြင်း ရှိ မရှိ၊ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများ၊ ဆန္ဒဖော်ထုတ်ရသည့် အကြောင်းရင်း၊ ဆန္ဒဖော်ထုတ်သည့် သံဃာတော်များ ထိခိုက်ဒဏ်ရာရမှုအပေါ် သုံးသပ်ချက်၊ စီမံကိန် ဆက်လုပ်သင့် မလုပ်သင့် စသည်တို့ ပါဝင်သည်။
သို့သော် စုံစမ်းရေး ကော်မရှင်မှ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်သော ဦးမင်းကိုနိုင်နှင့် ဦးကိုကိုကြီးတို့က ဒီဇင်ဘာ ၂ ရက်နေ့တွင် ပါဝင်ရန် ဆန္ဒမရှိကြောင်း ကြေညာခဲ့သည်။
ထို့နောက်ပိုင်း လက်ပံတောင်း ကော်မရှင်တွင် ပါဝင်သော နိုင်ငံရေး၊ လူမှုရေး နယ်ပယ်များမှ တချို့ကလည်း ကော်မရှင်တွင် ပါဝင်လိုခြင်း မရှိသည့်အတွက် နုတ်ထွက်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် ဒီဇင်ဘာလ ၃ ရက်နေ့က လက်ပံတောင်း ကော်မရှင်ကို အဖွဲ့ဝင် ၁၆ ဦးဖြင့် ပြန်လည် ဖွဲ့စည်းရာ မူလ ကော်မရှင်က ချမှတ်ထားသည့် အရေးကြီးသည့် လုပ်ငန်းစဉ်များဖြစ်သည့် ဆန္ဒဖော်ထုတ်ရသည့် အကြောင်းရင်း၊ ဆန္ဒဖော်ထုတ်သည့် သံဃာတော်များ ထိခိုက်ဒဏ်ရာရမှုအပေါ် သုံးသပ်ရန် စသည့်ကိစ္စများ ပါဝင်လာခြင်း မရှိတော့ပေ။
လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို လုံခြုံရေး တပ်ဖွဲ့များက အင်အားသုံး ဖြိုခွင်းခဲ့မှုအတွက် အမေရိကန်နိုင်ငံကလည်း စိုးရိမ်မိကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာအစိုးရကိုလည်း နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ လွတ်လပ်စွာစုဝေးခွင့်၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်များကို လေးစားပြီး အဆိုပါဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့များက အလွန်အကျွံ အင်အားသုံး ဖြိုခွဲမှု ရှိ မရှိ သေချာရန် မေးမြန်းတိုက်တွန်းသွားမည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗစ်တိုးရီယား နုလန်းက ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များကို ဖြေကြားခဲ့သည်။
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2012
(7201)
-
▼
December
(893)
- Who's who 2012 -ဒေါ်အောင်ဆန်းစုကြည်
- Who's who 2012- ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်...
- ဖယ်ရီကြိုပို့ယာဉ်တိုက်မိပြီး သေဆုံးခဲ့တဲ့ ရန်ကုန်က...
- တရုတ်သံရုံးနား ဆန္ဒပြသူတွေကို ရုံးတင်စစ်ဆေး
- လုံးခင်း၊ ဖားကန့် ရတနာမြေ လုပ်ကွက်သစ်များ ဈေးပြို...
- ကေအိုင်အိုဌာနချုပ် လိုင်ဇာအနီးတိုက်ပွဲများဆက်လက်ပြ...
- ၀ိုင်းမော်တွင် ဒုက္ခသည်စခန်းများ၌ လူဦးရေ နှစ်ဆတိုးလာ
- မြန်မာ့ရွှေဈေးကျသော်လည်း ငွေလဲနှုန်းအနည်းငယ်မြင့်တက်လာ
- ၂၀၁၄ ခုနှစ် ဇူလိုင်လ ၇ ရက် နောက်ပိုင်းကာလအတွင်း ဒေ...
- သံဃာများကို အကြမ်းဖက် နှိမ်နင်းမှု တစ်လပြည့် အထိမ်း...
- သံဃာများကို အကြမ်းဖက် နှိမ်နင်းမှု တစ်လပြည့် အထိမ်း...
- ဒီဇင်ဘာလ (၂၉) ရက်နေ့ ထုတ် Tech Space နည်းပညာ ဂျာနယ...
- ဒီဇင်ဘာလ (၃၁) ရက်နေ့ ထုတ် The Voice Vol.8 / No.52
- ဒီဇင်ဘာလ (၂၇) ရက်နေ့ ထုတ် The People's Age Vol 3 N...
- ဒီဇင်ဘာလ (၂၈) ရက်နေ့ ထုတ် Playmaker အားကစားဂျာနယ် ...
- လိုင်ဇာမြို့တွင်း၌ လေကြောင်းတိုက်ခိုက်မှုကို ကာကွယ်...
- EMBRAER 190 လေယာဉ် ရန်ကုန်လေဆိပ်တွင် စမ်းသပ်မောင်း...
- အိန္ဒိယနိုင်ငံသို့ ချင်းပြည်နယ်မှ ထင်းရှူးသားများ တ...
- NLD ပညာရေးကွန်ရက် ၂ နှစ်ပြည့် အခမဲ့ပညာဒါနကျောင်းမျ...
- » Who's who 2012 - နိုင်ငံတော်သမ္မတ ဦးသိန်းစိန်
- ၂၀၁၁ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခ...
- GSM တန်ဖိုးနည်း ဖုန်းများတွင် အင်တာနက်ပါ တစ်ပြိုင်...
- တိုင်းဒေသကြီး မိုးစပါး ရိတ်သိမ်းမှုမှာ ယခင်ကထက် ပို...
- အခွန်ငွေ စုစုပေါင်း၏ ၉၇ ရာခိုင်နှုန်းကို ပြည်တွင်း ...
- ကျောက်မျက်ရတနာ ဖော်ထုတ်ကွက်များ လုပ်ကွက် တစ်ခုလျှင...
- ဂျပန်နိုင်ငံမှ Bank of Tokyo Mitsubishi UFJ ၏ ဘဏ်လ...
- ငွေဆောင် ကမ်းခြေ ဟိုတယ်များ၌ ပြည်ပ ခရီးသွား နှစ်သေ...
- Myanmar Countdown 2013 အခမ်းအနား တိုက်ရိုက် ထုတ်လွှ...
- High Availablility Online Systems နှင့် ပတ်သက်၍ ဟေ...
- အမေရိကန် သံရုံးတွင် ချစ်ကြည်ရေး ဘတ်စကက် ဘောပွဲ ကျင...
- အာရှရဲ့ စီးပွားရေးအလားအလာ
- မြဧရာဈေးသင်္ဘော ဖျက်သိမ်းတော့မည်
- ၂၀၁၂ ထူးခြားဖြစ်ရပ်များ အပိုင်း 2
- ၂၀၁၂ ထူးခြားဖြစ်ရပ်များ အပိုင်း ၁
- လက်ပံတောင်းတောင် စီမံကိန်း MEIပညာရှင်အဖွဲ့ ကွင်းဆင...
- အင်တာနက်အသုံးပြုမှု တရုတ် ပိုမိုထိန်းချုပ်
- ပုဂ္ဂလိကပိုင် သတင်းစာတွေ ထုတ်ဝေခွင့်ရမည်
- စပါးဈေးကျလို့ အစိုးရကို အကူအညီတောင်း
- မုဒိမ်းကျင့်ခံခဲ့ရတဲ့ ကျောင်းသူလေး သေဆုံး
- ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ချုပ်ထားသော ဆွယ်တာ သ...
- KIO ဌာနချုပ်အနီး လဂျားယန်တွင် မြေပြင်တိုက်ပွဲ ဖြစ်...
- ဒီချုပ်၏ ပညာရေးရန်ပုံငွေဂီတပွဲ ဒုတိယနေ့ မြင်ကွင်း
- ကဗျာနန်းတော် မှ ကဗျာများ
- တပ်မတော်သားအချို့ ထိုးကြိတ်သဖြင့် ကလေး ၁ ဦး သေဆုံး
- ကျောင်းသူကို အဓမ္မကျင့်သည့် တပ်ကြပ်အား အရပ်ဘက် တရား...
- မိုးထိမိုးမိဒေသရွှေလုပ်သားများ၊ ကုမ္ပဏီနှင့် ထပ်မံညိ...
- ဒီဇင်ဘာလ (၂၆) ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှ...
- ဒီဇင်ဘာလ (၂၇) ရက်နေ့ ထုတ် ပြည်မြန်မာ သတင်း ဂျာနယ် ...
- အစိုးရတပ် လေကြောင်းတိုက်ခိုက်မှုများ လုပ်လာနေပြီဟုဆို
- မြန်မာနိုင်ငံသားတွေ သေဆုံးမှု ထိုင်း ၄ ဦး ကို ထောင်...
- တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတ...
- ဒီဇင်ဘာလ (၂၇) ရက်နေ့ ထုတ် Venus News Weekly အတွဲ ၄...
- ဒီဇင်ဘာလ (၂၈) ရက်နေ့ ထုတ် HR Journal အမှတ်စဉ် (175)
- ဒီဇင်ဘာလ (၂၇) ရက်နေ့ ထုတ် မြန်မာအင်ဒီပဲန်ဒင့် သတင်...
- အိန္ဒိယတွင် လိင်ပိုင်းဆိုင်ရာ စော်ကားခံရသည့် မိန်းက...
- ဒီဇင်ဘာ ၂၈ ရက်နေ့ထုတ် Premier Eleven Sports Journa...
- NLD ပညာရေးကွန်ယက် ရန်ပုံငွေပွဲ ပထမနေ့ လှူဒါန်းငွေ ...
- ကြည်းတပ် ဗိုလ်ကြီးတစ်ဦး အလောင်း လှိုင်မြစ်ရေပြင်တွင...
- ဒီဇင်ဘာ ၂၉ ရက်နေ့ထုတ် မြန်မာသံတော်ဆင့် သတင်းဂျာနယ်...
- ဒီဇင်ဘာလ(၂၈) ရက် သောကြာနေ့ထုတ် EURO SPORTS JOURNAL...
- ထိုင်းနိုင်ငံရောက် သံဃာများ ကျန်းမာရေး
- ရသေ့တောင် ကျေးရွာအုပ်ချုပ်ရေးမှူးကို ရဲဖမ်း
- မေရိကန် ဘဏ္ဍာရေး အကျပ်အတည်း
- လေယာဉ် မတော်တဆ ပျက်မှု ခရီးသွားလုပ်ငန်း မထိခိုက်နိုင်
- ကျင့်ဝတ်နဲ့ညီတဲ့ ရင်းနှီးမြုပ်နှံမှုဖြစ်ဖို့ သမ္မတ ည...
- လူ့ဘောင်သစ်ပါတီနှင့် အစိုးရတို့ သဘောတူညီချက်များ လ...
- မအူပင်မြို့နယ် တရားရုံးသို့ တရားဥပဒေစိုးမိုးရေးကော...
- လယ်သမားတွေက စစ်တပ်ကို စပါးပေးဖို့ ငြင်းဆန်
- မှုးယစ်ဆေးဝါး နှိမ်နှင်းရေး အကြောင်းပြပြီး စစ်တပ်တေ...
- NLD ဈေးရောင်းပွဲတော်
- ပညာရေး နိမ့်ကျလို့ နိုင်ငံ မတိုးတက်ရတာလို့ ဒေါ်စုေ...
- ခွင့်ပြုမိန့်မရဘဲ ဆန္ဒဖော်ထုတ်တဲ့ သူတွေကို ဥပဒေက ခွ...
- ပတ္တမြား ငမောက်
- နိုင်ငံရေး ခိုလှုံရန် လိမ်လည် ကြိုးစားမှုဖြင့် မြန်မ...
- ပညာရေး ရန်ပုံငွေပွဲတွင် အကျဉ်းထောင်တွင်းပုံစံပြ
- ပြည်သူလူထုနားမခါးစေချင်ပါ . . .[မြတ်ဆွေ]
- အစိုးရ တပ်မတော်မှ ပစ်ခတ်သော အမြောက်ဆံ ကျရောက် သဖြင...
- စီတန်းပုဒ်မ ၁၈ နှင့် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ...
- မန္တလေးမြို့တွင် ပုဒ်မ၁၈နှင့် ပုဒ်မ ၅၀၅(ခ) အား လက်မ...
- စနစ်ကြောင့်ဆင်းရဲခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြ...
- တပ်မတော် ပွဲတက်ဝတ်စုံအချို့ ပြောင်းလဲ
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေး ရန်ပုံငွေ ရ...
- Air Bagan လေယာဉ်မယ်မခိုင်စုနိုင်၏ လေယာဉ်ပျက်ကျမှု က...
- အဲပုဂံ လေယာဉ် ပျက်ကျရာတွင် သေဆုံးခဲ့သည့် ဆိုင်ကယ်စ...
- ယဉ်ကျေးဖို့ အဖြေရှာ မတွေ့သေးသော လိုင်းကား ယာဉ်မောင...
- လာမည့်နှစ်တွင် လူနေရပ်ကွက်များ လျှပ်စစ်မီးလုံးဝပြတ...
- မိုးညှင်းမြို့အဝင်တွင် ဗုံးပေါက်ကွဲ
- သိန္နီသစ်တောရုံး ဗုံးကွဲ ဦးစီးမှူး ဒဏ်ရာရ
- ပညာရေးကဏ္ဍကိုမြှင့်တင်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ...
- ဂျီအက်စ်အမ် ဆင်းကဒ်တွေကို ကျပ် ၁ သိန်း၊ (WCDMA) ဆင...
- အိမ်ရာမူဝါဒနှင့် တန်ဖိုးနည်းအိမ်ရာ
- ကျေက်ဖြူဒုက္ခသည်စခန်းတွင် ရခိုင်မိသားစု၃၆စုကျန်ရှိ
- ဒေသအာဏာပိုင်များ ဆောင်ရွက်ပုံက ရခိုင်များကို တောခု...
- ရခိုင်ထူထောင်ရေးအတွက် အစိုးရသစ်မ၀ယ်၍ ပုဂ္ဂလိက သစ်စက...
- ဦးသိန်းစိန်ပြောတဲ့ပြုပြင်ရေး ထင်သလောက်မလွယ်ကူ
- အမေရိကန်မှာ နှင်းမုန်တိုင်းကျ
- ဝမ်ပေါင်ရဲ့ မိခင်ကုမ္ပဏီ အကြီးအကဲနဲ့ လွှတ်တော်ကိုယ်...
- အဂတိလိုက်စားမှု တိုက်ဖျက်ရေး သမ္မတဦးသိန်းစိန် ဆော်သြ
- ဧည့်လမ်းညွှန်များ စာရင်းကို သတင်းစာတွင် မှားယွင်းေ...
- စက္ကန့် ၉၀အတွင်း ခရီးသည်တွေ အကုန်ကို ကယ်တင်နိုင်ခဲ့...
-
▼
December
(893)
No comments:
Post a Comment