Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 7 December 2012

ရေသန့်စင် နည်းပညာဖြင့် သောက်ရေသန့် မရရှိသည့် နေရာများသို့ တိုးချဲ့ ဖြန့်ဖြူး ကုသိုလ်ပြု လျက်ရှိ


ကမ္ဘာပေါ်ရှိ လူသန်းပေါင်း တစ်ထောင်ဟာ နေ့စဉ် ညစ်ညမ်းတဲ့ ရေများကို သောက်သုံးရေ ရပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများမှာ မိသားစုများ အတွက် ညစ်ညမ်းတဲ့
ရေများကို အမျိုးသမီးနဲ့ ကလေးငယ် များဟာ နေ့စဉ် သယ်ယူ စုဆောင်း နေရကြောင်း သိရပါတယ်။ အဆိုပါ ညစ်ညမ်းရေ များကို သောက်သုံး နေရခြင်းကြောင့် P&G မှ ရေသန့်စင် နည်းပညာနဲ့ မြန်မာနိုင်ငံရှိ သောက်ရေသန့် မရရှိတဲ့ နေရာများကို တိုးချဲ့ဖြန့်ဖြူး ကုသိုလ် ပြုခြင်းများ ဆောင်ရွက်လျက် ရှိပါတယ်။

ဒီလို ညစ်ညမ်းခဲ့ ရေကို သောက်သုံးမှုကြောင့် သေဆုံးသူ လူဦးရေဟာ AIDS နဲ့ ငှက်ဖျားရောဂါ သေဆုံးမှုထက် မြင့်မားလျက် ရှိတယ်လို့ သိရပါတယ်။ အဆိုပါ P&G ရေသန့်စင် နည်းပညာနဲ့ ထုတ်လုပ် ထားတဲ့ ရေသန့်စင် ထုပ်များကို သုံးစွဲခြင်းနဲ့ ရေထဲမှာရှိတဲ့ မသန့်ရှင်းတဲ့ ပိုးမွှားများ ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားများကို သေစေနိုင်မှာ ဖြစ်ပြီး အဏုဇီဝ ပိုးမွှားများ ကိုလည်း ၉၉.၉၉ ရာခိုင်နှုန်း ဖယ်ရှား ပေးနိုင်မှာ ဖြစ်ပါတယ်။

P&G ရေသန့်စင် ထုတ်ကို သုံးစွဲမှုများပြုလုပ်ခြင်းကြောင့် ကမ္ဘာပေါ်မှာ ၅၀ ရာခိုင်နှုန်း ရေသန့်စင်မှုနှုန်း ရှိတယ်လို့ သိရပါတယ်။ အဆိုပါ ရေသန့်စင်ထုတ်ကို WHO မှ အသိအမှတ်ပြု ထားပြီး မြန်မာနိုင်ငံကို World Vision နဲ့ ပူးပေါင်းကာ ဖြန့်ဖြူး ပေးလျက် ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။


 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့