Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 21 December 2012

ယခုလအတွင်း ထိုင်းနိုင်ငံ၌ ရွှေ့ပြောင်း လုပ်သားဆိုင်ရာ ကိစ္စရပ်များ ထပ်မံဆွေးနွေး သွားရန်ရှိ


အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ ပြည်တွင်း ရွှေ့ပြောင်း လုပ်သားတွေရဲ့ ထိုင်းနိုင်ငံ အတွင်း
ဆက်လက် အလုပ်လုပ် ကိုင်နိုင်ခွင့်နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ပြည်တွင်းက တာဝန်ရှိသူ တွေဟာ ယခုလ ၂၁ ရက်နေ့မှာ ထိုင်းနိုင်ငံသို့ ထပ်မံ သွားရောက်ပြီး ဆွေးနွေးမှုများ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ဆွေးနွေးမှု တွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ထဲမှာလည်း သွားရောက် ဆွေးနွေးခဲ့ပြီး ယခုအခါ ထပ်မံ သွားရောက်မှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ အနေနဲ့ ၎င်းတို့ နိုင်ငံမှာ လာရောက် လုပ်ကိုင် လျက်ရှိတဲ့ ရွှေ့ပြောင်း လုပ်သား တွေကို ပြီးခဲ့တဲ့ လပိုင်း တွေက နေထိုင်ခွင့် ဆိုင်ရာ အထောက်အထားများ ထုတ်ပေးခဲ့ပြီး တရားမ၀င် နေထိုင်တဲ့ သူတွေ ကိုတော့ ယခုလ ဒီဇင်ဘာလ ၁၄ ရက်နေ့မှ စတင်ကာ လက်ခံခြင်း မရှိတော့ဘူးလို့ ထုတ်ပြန်ခဲ့ ပါတယ်။ ဒါပေမယ့် ပြည်တွင်းမှ တာဝန်ရှိ သူတွေက သွားရောက် ဆွေးနွေးမှု တွေကြောင့် မြန်မာ ရွှေ့ပြောင်း လုပ်သားများ ဆက်လက် လုပ်ကိုင်ခွင့် တွေကို သက်တမ်း ကာလ တိုးမြင့်ပေး ထားတာ ဖြစ်ပါတယ်။

အဆိုပါ ကိစ္စရပ်နဲ့ ပတ်သက်ပြီး အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန အနေနဲ့ ဆက်လက်ပြီး ဆွေးနွေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံသို့ နိုဝင်ဘာလ အတွင်း သွားရောက် ဆွေးနွေး ခဲ့စဉ်က လုပ်သား များကို တရားဝင် လေကြောင်း လိုင်းမှ ၀င်ရောက်ခွင့်နဲ့ လုပ်သားတွေရဲ့ ကလေးများ ပညာသင်ခွင့်တို့ ရရှိစေရန် အတွက်ကို ထိုင်းနိုင်ငံမှ သဘော တူညီခဲ့တယ် လို့လည်း သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့