Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 21 December 2012

ဂျပန်နိုင်ငံသို့ တင်ဒါစနစ်ဖြင့် ပြည်တွင်းဆန် တင်ပို့နိုင်မည်


ပြည်တွင်းမှ ဆန်အမျိုးအစား ၂ မျိုးကို ဂျပန် နိုင်ငံသို့ တင်ဒါ စနစ်နဲ့ ပထမဦးဆုံး အကြိမ် တင်ပို့နိုင် တော့မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း
အသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဲလို တင်ပို့ရာ မှာတော့ ဆင်းသွယ်လတ်နဲ့ မှော်ဘီ ၂ အမျိုးအစား များကို တင်ပို့နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို ဆန်တင်ပို့ဖို့ အတွက် ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးဖမ်း လုပ်ငန်း ၀န်ကြီး ဌာနမှ ကိုယ်စားလှယ် အဖွဲ့ဟာ ဒီဇင်ဘာလ ၁၃ ရက်နေ့က မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၊ မြန်မာ့ လယ်ယာ စီးပွား အများပိုင် ကော်ပိုရေးရှင်း MAPCO နဲ့ မြန်မာနိုင်ငံ တောင်သူ လယ်သမား အသင်းမှ တာဝန်ရှိ သူများနဲ့ လာရောက် ဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်။

ဂျပန် နိုင်ငံဟာ ပြည်ပ နိုင်ငံများမှ ဆန်တန်ချိန် ခြောက်သိန်း ခြောက်သောင်းကို  နှစ်စဉ် တင်ဒါ ခေါ်ပြီး မြန်မာနိုင်ငံ အနေနဲ့လည်း အဆိုပါ တင်ဒါစနစ်မှာ တင်သွင်း နိုင်ရန် ဖိတ်ခေါ်တာ ဖြစ်ပါတယ်။ တင်ဒါ စနစ်နဲ့ ရောင်းချမှု မှာတော့ မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံကို ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ပြီး တင်သွင်း ရောင်းချနိုင်ရန် အတွက် ညှိနှိုင်း ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် တင်သွင်းမယ့် ဆန်အမျိုးအစား များဟာ ဓါတုဗေဒ ဆေးများ အလွန်အကျွံ မသုံးစွဲကြောင်း၊ မှိုမတက် စေရန်နဲ့ အရည်အသွေးနဲ့ ပတ်သက်ပြီး အဆင့်အတန်း မှီရန် လိုအပ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံမှ ကျွမ်းကျင် သူများဟာ စပါးစိုက်ပျိုး ထုတ်လုပ်ရာမှာ ဓါတ်မြေသြဇာ သုံးစွဲရာမှာ သုံးစွဲတဲ့ တံဆိပ်၊ ပမာဏနဲ့ အချိန်ကာလကို မှတ်သား ဆောင်ရွက် ကြရန်လည်း အကြံပြု ပြောကြား ခဲ့တယ်လို့ သိရပါတယ်။
 
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့