Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 21 December 2012

ကျောက်မြောင်းတွင် တိုက်ဖြိုစဉ် အမျိုးသမီးတစ်ဦးသေဆုံး

ယနေ့ နေ့လည် ၁ နာရီ ၄၅ မိနစ် အချိန်က တာမွေမြို.နယ် ကျောက်မြောင်း ရပ်ကွက် ၊ ကျောက်မြောင်းလမ်း ရှိ နှစ်ထပ်တိုက် တစ်လုံးအား ဖြိုဖျက်စဉ် တိုက်ပြိုကျ ၍ ဆောက်လုပ်ရေး လုပ်သား အမျိုးသမီး တစ်ဦး သေဆုံး ခဲ့သည်။

သေဆုံးသူမှာ အသက်၃၈ နှစ် အရွယ်ရှိ မသန်းဌေး ဆိုသူဖြစ် ပြီး ၄င်း သည် အဆိုပါ ဆောက်လုပ်ရေး လုပ်ငန်းခွင် အတွင်း ထမင်းချက် အဖြစ် ၀င်ရောက်လုပ်ကိုင်နေသူ ဖြစ်ကာ အခင်းဖြစ်ချိန် က ၄င် မှာ လုပ်ငန်းခွင် ခေတ္တရပ်နားစဉ် ဖျက်လက်စ တိုက် ခန်းရှေ့၌ အိပ်နေစဉ် တိုက် အရှေ့ရှိ အမိုးအုတ် ပြို ကျ ခဲ့ပြီး ၄င်းအပေါ်သို့ပြုတ်ကျ ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

သူရထွန်း
သတင်း - ဓါတ်ပုံ ။  ။ Popular Myanmar News Journal





No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့