Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 16 December 2012

ပြည်တွင်း၌ မီးအာမခံ ထားရှိမှုမှာ အများဆုံးဖြစ်


ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပြည်တွင်း အာမခံ ထားရှိမှု တွေထဲမှာ မီးအာမခံ ထားရှိမှုဟာ အများဆုံး

ရှိနေတယ်လို့ သိရပါတယ်။ ဒီလို အာမခံထားရှိမှုေ တွမှာ ပြီးခဲ့တဲ့ နှစ်အတွင်း မီးအာမခံ ထားရှိမှု အများဆုံး ဖြစ်ပြီး အာမခံ ထားမှုတွေရဲ့ ၆၇ ရာခိုင်နှုန်း ခန့်ဟာ မီးအာမခံ ထားရှိမှုတွေ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာ့အာမခံ လုပ်ငန်းမှာ အာမခံ ထားရှိနိုင်တဲ့ လုပ်ငန်း အမျိုးအစား ၄၀ ကျော်ရှိပြီး အသက်အာမခံ ထားရှိမှု ဟာတော့ အနည်းဆုံး ဖြစ်တယ်လို့ သိရပါတယ်။

ပြည်တွင်းမှာ ယခုလို မီးအာမခံ ထားရှိမှုများ များပြား လာပေမယ့် အာမခံ ထားရှိမှု များဟာ တစ်နိုင်ငံလုံးရှိ လူဦးရေ သန်း ၆၀ နဲ့ နှိုင်းယှဉ်ရှိပါက လူဦးရေ ၅ သိန်း လောက်သာ အာမခံထားရှိမှု ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အာမခံ လုပ်ငန်းများကို ပုဂ္ဂလိက လုပ်ငန်းရှင်များမှ လုပ်ကိုင် နိုင်ဖို့ အတွက် ကုမ္ပဏီ ၁၂ ခုကိုလည်း လုပ်ကိုင်ခွင့်များ ခွင့်ပြုပေးလျက် ရှိပါတယ်။ အဆိုပါ ကုမ္ပဏီ ၁၂ ခုဟာ မတည် ရင်းနှီးငွေ ပေးသွင်းပြီး နောက်နှစ် ၂၀၁၃ ခုနှစ်၊ ဇွန်လ နောက်ဆုံး ထားပြီး အာမခံ ကုမ္ပဏီများ တည်ထောင် ရမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။


 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့