Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 13 December 2012

ရန်ကုန်မြို့တွင် သံဃာတော်များ ဆန္ဒထုတ်ဖော်မှု ငြိမ်းချမ်းစွာ ပြီးဆုံး

ရန်ကုန်မြို့တွင် ယနေ့ နေ့လယ် ၂ နာရီခန့်က စတင်ခဲ့သည့် သံဃာတော်များ ဆန္ဒထုတ်ဖော်မှု မှာ ညနေ ၃ နာရီ မိနစ် ၃၀ ခန့်တွင် ရန်ကုန်မြို့လယ် ဆူးလေ စေတီတော် ကြီးတွင် ငြိမ်းချမ်းစွာ ပြီးဆုံးသွားပြီး လူစုခွဲလိုက်ပြီ ဖြစ်ကြောင်း ဦးဆောင်ဆရာတော်က The Voice Weekly သို့ မိန့်ကြားသည်။


 ဆန္ဒပြမှုများနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်း ကို The Voice Weekly က ဆက်သွယ်မေးမြန်းရာ

“အမှန်တော့ ဆန္ဒပြခွင့် က တရားဝင်ညွှန်ကြားချက်ရှိပြီးသားပဲ ဆန္ဒပြမယ်ဆိုရင် ၅ ရက်ကြိုတင်ပြီး သက်ဆိုင်ရာစခန်းမှာ တင်ပြရမှာ ၊တင်ပြတဲ့အပေါ်မှာလည်း ခွင့်ပြု ပေးနေတာပဲ။ခွင့်ပြုချက်နဲ့ အညီ မလုပ်ရင်တော့ အရေးယူတာလည်း ရှိပါတယ်။

စည်းကမ်းတကျလေးတော့ ဖြစ်စေချင်တယ်၊ခွင့်ပြုချက်တင်ပြီး လုပ်ရင် ပြည်သူလူထု ဆန္ဒြပတာကို မပိတ်ပင်ပါဘူး။ စည်းမဲ့ကမ်းမဲ့လုပ်ရင် တော့နိုင်ငံအတွက်မကောင်းဘူး တိုင်းပြည်က ဖွံ့ဖြိုးရေးအတွက်သွားနေတာ။ ဥပဒေ ဘောင်အတွင်း ကပဲ လုပ်စေချင်တယ်” ဟု ဖြေကြားသည်။

သတင်း - ဓါတ်ပုံ  ။ The Voice Weekly



No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့