Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 21 December 2012

ပုဂံဒေသရှိ တန်ခိုးကြီး ဘုရားစေတီ အချို့ပေါ်သို့ တက်ရောက် ဖူးမြော်ခွင့်အား လုံးဝခွင့်ပြုပေး တော့မည် မဟုတ်


ပုဂံယဉ်ကျေးမှု ဒေသ အတွင်းရှိ တန်ခိုးကြီး ဘုရားစေတီ တွေဖြစ်တဲ့ ကန်တော့ပုလ္လ၊ သဗ္ဗညု၊ ဓမ္မရုံကြီး၊ စူဠာမနိ၊ တရုတ်ပြေး၊ မီးငြှိမ်းကုန်း၊ မင်္ဂလာစေတီ
အစရှိတဲ့ တန်ခိုးကြီး ဘုရားစေတီ များမှာ စေတီများပေါ်သို့ တက်ရောက် ဖူးမြော်ခွင့်ကို ယဉ်ကျေးမှု ၀န်ကြီးဌာနမှ တားမြစ် ကန့်သတ်ထား ပါတယ်။  အဆိုပါ တန်ခိုးကြီး စေတီများဟာ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် လက်ရာများ များပြားစွာ ရှိတဲ့အပြင် ထင်ရှားတဲ့ ဘုရားစေတီများ ဖြစ်တဲ့အတွက်  ယခုလို ကန့်သတ် ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် နောက်ပိုင်းမှာ အဆိုပါ စေတီများ ပေါ်သို့ တက်ရောက် ဖူးမြော်ခွင့် တွေကို  ပြန်လည် ဖွင့်လှစ် သွားဖို့ အစီအစဉ် မရှိတော့ဘူးလို့ ပုဂံ ရှေးဟောင်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ စေတီတွေဟာ ရှေးမြန်မာ ဘုရင်တွေ လက်ထက် ကတည်းက တည်ဆောက်ခဲ့တဲ့ စေတီပုထိုးတွေ ဖြစ်ကာ မြန်မာ့ ယဉ်ကျေးမှု အနုပညာ လက်ရာများ များစွာ ကျန်ရှိနေပြီး ထိန်းသိမ်းဖို့ လိုအပ်တဲ့ အတွက် ယခုလို ပြန်လည် ဖွင့်လှစ် မပေးတော့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ယခင်က ဘုရားပေါ် တက်ရောက် ဖူးမြော် ခွင့်အား ပိတ်ထားခဲ့တဲ့ ဘုရားစေတီများ ထဲကမှ ပုဂံဒေသ ရှုခင်းကို ကြည့်ရှုနိုင်တဲ့ ဘုရား ၅ ဆူဖြစ်တဲ့ ရွာဟောင်းကြီး၊ တောင်ဂူနီ၊ မြောက်ဂူနီ၊ သစ္စာဝတီ၊ သိကြားဟစ် အစရှိတဲ့ ဘုရားများ ကိုတော့ ပြန်လည် ဖွင့်လှစ် ပေးဖို့ အတွက် သက်ဆိုင်ရာ ၀န်ကြီး ဌာနမှ စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။
 
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့