Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 7 December 2012

ထိုင်းနိုင်ငံသို့ ပြည်တွင်း လုပ်သားများ တရားဝင် သွားရောက် အလုပ်လုပ်ကိုင်နိုင်


အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီး ဌာနမှ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ထိုင်းနိုင်ငံသို့ သွားရောက်ပြီး ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း လုပ်သားများ
အရေး အတွက် နှစ်နိုင်ငံ ဆွေးနွေးခဲ့ ကြရာမှာ လေကြောင်း လိုင်းနဲ့ တရားဝင် သွားရောက်ပြီး အလုပ် လုပ်နိုင်ခွင့် အတွက်ကို တစ်ဖက်ရှိ ၀န်ကြီးဌာန အနေနဲ့ ခွင့်ပြု လက်ခံခဲ့ တယ်လို့ သိရှိရပါတယ်။ အခုလို သွားရာ မှာလည်း ပြည်တွင်းမှ အလုပ်သမား အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ၀န်ကြီး ဌာနမှ ရွေးချယ် ထားပြီး ဖြစ်တဲ့ ပြည်ပ အလုပ်အကိုင် အေဂျင်စီ တွေကနေ တဆင့် သွားရောက် နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ရွေးချယ်ထား ရာမှာလည်း အေဂျင်စီပေါင်း ၄၀ ကျော်ရှိပြီး သတ်မှတ် ထားတဲ့ စည်းကမ်းတွေ အတိုင်း အေဂျင်စီမှ တာဝန်ရှိ သူတွေက သွားရောက် လုပ်ကိုင်မယ့် လုပ်သားများ အတွက် ကာကွယ် စောင့်ရှောက်မှု အပြည့်အ၀ ပေးနိုင်ရမှာ ဖြစ်တယ် လို့လည်း သိရပါတယ်။ လက်ရှိမှာ ထိုင်းနိုင်ငံ အစိုးရ အနေနဲ့ ပြည်တွင်းရဲ့ ရွှေ့ပြောင်း လုပ်သား တွေကို ဒီဇင်ဘာလ ၁၄ ရက်နေ့မှ စတင်ပြီး လက်ခံခြင်း မပြုတော့ဘူးလို့ ထုတ်ပြန် ထားခဲ့ ပေမယ့်လည်း ပြည်တွင်းမှ အလုပ်သမား အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ၀န်ကြီးဌာနမှ တာဝန်ရှိ သူများက အဆိုပါ ကိစ္စကို ဆက်လက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ပြည်တွင်းရှိ ၀န်ကြီး ဌာနမှ တာဝန်ရှိ သူတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး နောက်မှာ တော့ ထိုင်းနိုင်ငံ အတွင်းရှိ လုပ်သား တွေရဲ့ ကလေးများ ပညာ သင်ကြား နိုင်ရန် အခွင့်အရေး ရရှိခဲ့ပြီး ထိုင်းနိုင်ငံ အတွင်းရှိ ပြစ်မှု ကျူးလွန်ပြီး အကျဉ်းကျ ခံနေရတဲ့ ပြည်တွင်းမှ လုပ်သားများ အတွက်လည်း လျော့ပေါ့ပြီး ထည့်သွင်း စဉ်းစားဖို့ အချက်တွေကို ဆွေးနွေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့