Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 8 December 2012

ရေအားလျှပ်စစ် ဆည်ကြောင့် လမ်း၊ တံတား နှင့် ဥယျာဉ်ခြံများ ရေမြုပ်


ရေအောက် ရောက်နေသော ပလက်ဝ ချောင်းတံတားနှင့် ကားလမ်းမကြီး
ပဲခူးတိုင်း သောက်ရေခပ်ဆည် ရေအားလျှပ်စစ် စီမံကိန်း အမှတ်၂ မှ လျှပ်စစ်ဓာတ်အားထုတ်ယူရန် အောက်တိုဘာ လဆန်းပိုင်းက စတင်ပြီး ဆည်ပိတ်ရေသိုလှောင်ရာမှ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လမ်း၊ တံတတားများ အပါအ၀င် ကျေးရွာများရှိ ဥယျာဉ်ခြံများ ရေနစ်မြုပ်နေကြောင်း သိရသည်။

အဆိုပါ သောက်ရေခပ်ဆည်ကို ပဲခူးတိုင်း တောင်ငူမြို့နယ် ထုံးဘိုရွာတွင် တည်ဆောက်ထားသော်လည်း သောက်ရေခပ် ချောင်း သည် ကရင်ပြည်နယ်ကိုဖြတ်၍ ကယားပြည်နယ် အတွင်းသို့ စီးဝင်သော ချောင်းဖြစ်ခြင်းကြောင့် တောင်ကြား ချောင်း လက်တက် များမှ ရေလျှံပြီး ယခုကဲ့သို့ ဥယျာဉ်ခြံများ ရေနစ်မြုပ်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပြသည်။
သံတောင်ကြီးမြို့နယ် နှင့် ဘောဂလိမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုပေါင်း ၁၀ ခုကျော် ၏ ဥယျာဉ်ခြံများနှင့် ဘောဂလိမြို့သို့ ဆက်သွယ်ထားသော ပလက်ဝ ချောင်းတံတားနှင့် ကားလမ်းမှာ ရေအောက် ပေ ၁၁၅ ပေခန့်တွင် နစ်မြုပ်နေသည်ဟု ဆိုသည်။
ယင်း သောက်ရေခပ်ဆည် စီမံကိန်းအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နှင့် Asia World ကုမ္ပဏီတို့က အကျိုးတူ ပူးပေါင်းတည် ဆောက် နေခြင်းဖြစ်ပြီး ရေ၀ပ် ဧရိယာ ဧက ၃ သိန်း ၆ သောင်း ဖြစ်ကြောင်း သိရသည်။
“ခြံရေမြုပ်တယ်ဆိုတာ အောက်ပြည်ဘက်မှာ ရေကြီးသလို ခြံထဲ ရေ၀င်တာလောက် မဟုတ်ဘူး။ ဒီလောက်တောင်ပေါ် အမြင့်ကြီး မှာတောင် ရေတွေလျှံပြီးတော့ အပင်တွေ၊ ခြံမြေတွေ အကုန်လုံး ရေအောက် ရောက်ကုန်တာ။ ရေပြင်ကျယ်ကြီး ဖြစ်နေပြီ”ဟု သံတောင်ကြီးမြို့နယ်မှ ဥယျာဉ်ခြံ ပိုင်ရှင်တဦး ဖြစ်သူ ဦးမောင်မြင့်က ပြောသည်။
အောက်တိုဘာလ ၁၁ ရက်နေ့က ဆည်ကို စတင်ပိတ်လိုက်ခြင်းကြောင့် ရေများတက်လာကြောင်း၊ ဥယျာဉ်ခြံများ နစ်မြုပ်စတွင် Asia World ကုမ္ပဏီက ၎င်းတို့ တိုင်းတာထားသည့် ဧရိယာအတွင်းမှ ရေနစ်မြှပ်ခြံများအတွက် အပင်တစ်ပင်ကို ကျပ် ၃၀၀၀ နှုန်း ဖြင့် လျော်ကြေး ပေးခဲ့သော်လည်း ထိုက်သင့်သော ငွေကြေးပမာဏ မဟုတ်ကြောင်း၊ မြေလွတ်မြေရိုင်းများ ပိုင်ဆိုင်သော ရွာသားများအနေဖြင့် လျော်ကြေးမရသည့်အပြင် မြေကွက်များ ရေအောက် နစ်မြုပ်နေသဖြင့် အခက်အခဲတွေ့နေရကြောင်း၊ ယခုနောက်ပိုင်း ခြံအများစု ထပ်မံနစ်မြုပ်သွားသော်လည်း လျော်ကြေး မပေးသေးကြောင်းလည်း ဒေသခံများက ဆိုသည်။
ယင်းဒေသများ၏ အဓိက စီးပွားရေးမှာ ဖာလာခြံ၊ ရာဘာခြံ၊ မင်းဂွတ်သီးခြံ၊ ဒူးရင်းခြံ၊ ကွမ်းသီးခြံများ ဖြစ်ပြီး တပြည်လုံးကို ဖြန့်ဖြူးနေ ခြင်းဖြစ်ကြောင်း၊ အသီးများ ခူးဆွတ်ချိန်ရောက်ချိန်နီးမှ ယခုကဲ့သို့ ဥယျာဉ်ခြံများ ရေနှစ်မြုပ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။
“၂၀၀၈ခုနှစ်ထဲက ပွင့်လင်းမြင်သာမ၍ မရှိဘဲ ဒီဆည်ကို ဆောက်ခဲ့ကြတာပါ။ ဒီဆည်ကထွက်တဲ့ လျှပ်စစ်ကို ပဲခူးတိုင်း အတွင်းက မြို့နယ်တွေနဲ့ နေပြည်တော်ကိုယူမယ်လို့ သတင်းစာမှာ တရားဝင်ကြေညာထားတယ်။ ဆည်ဆောက်တော့ ပဲခူးတိုင်း၊ ရေမြုပ်တော့ ကရင်ပြည်နယ်။ ဒီလိုပဲ ပသိဆည်ဆိုတာလည်း လျှပ်စစ်ကျတော့ ပဲခူးတိုင်းကပဲ ယူတယ်။ ရေမြုပ်တော့ ကရင်ပြည်နယ်”ဟု ကရင်ပြည်သူ့ပါတီ(KPP)မှ သံတောင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစောတော်ဘလဲက ပြောသည်။
စီပင်ကလေး ကျေးရွာ အုပ်ချူပ်ရေးမှူး ဦးဇော်ဆဲက ခြံပိုင်ရှင်များအား ယခုကဲ့သို့ အပင် အရေအတွက်ဖြင့် လျော်ကြေး ပေးခြင်း သည် အလွန်နစ်နာကြောင်း၊ ရေနစ်မြုပ်နေသော ပလက်ဝတံတားနှင့် ကားလမ်းမအတွက် ကုမ္ပဏီမှ ဇက်များ၊ စက်လှေများဖြင့် ကားနှင့်ဆိုင်ကယ်များကို သယ်ဆောင်၍ ရေလွတ်ရာအထိ လိုက်ပို့နေသော်လည်း ရေရှည်အကျိုးမရှိကြောင်း ပြောသည်။
“ကျနော်တို့ ဆည်ကို လည်ပတ်ဖို့ သတ်မှတ်ထားတဲ့ ရေအမြင့်က ၁၂၇ မီတာပါ။ အခုမှ ၁၁၈ မီတာပဲရသေးတယ်။ ကျနော်တို့ သတ်မှတ်ထားတဲ့ ရေ၀ပ် ဧရိယာ ပမာဏထက် ရေတွေတက်လာ ရတာက ကျနော်တို့ အတွက်အချက်မှားလို့ မဟုတ်ပါ ဘူး။ အဲဒီ အချိန်တုန်းက KNU နဲ့ ပြေလည်မှု မရသေးလို့ မတိုင်းတာလိုက်ရတဲ့ နေရာတွေကြောင့်ပါ”ဟု Asia World မှ စီမံကိန်း အင်ဂျင် နီယာ ကိုသိန်းဇော်မြင့် က ဆိုသည်။
သောက်ရေခပ်ဆည်၏ အမြင့်ပေက ၁၁၃ မီတာမြင့်ပြီး မဂ္ဂါဝပ် ၁၂၀ ရှိကြောင်း၊ ၄၀ မဂ္ဂါဝပ် ရှိသော တာဘိုင် ၃ လုံး တပ်ဆင်ထားကြောင်း၊ ထွက်ရှိမည့် လျှပ်စစ်များကို တောင်ငူမြို့ရှိ ဟင်းဟုတ်ပင် ဓာတ်အားပေး စက်ရုံသို့ ပေးပို့သွားမည်ဖြစ်ပြီး ထိုမှတဆင့် ဓာတ် အားများကို ခွဲဝေပေးမည်ဖြစ်ကြောင်း၊ ရေနစ်မြုပ်နေသော ပလက်ဝ တံတားအား ၃၆ တန်ရှိသော ကြိုးတံတားအဖြစ် အစားထိုး တည်ဆောက်ပေးရန် စီစဉ်ထားကြောင်း သိရသည်။
အင်ဂျင်နီယာ ကိုသိန်းဇော်မြင့်က ကုမ္ပဏီအနေဖြင့် ရေမြုပ်နေသော ခြံများအတွက်ထိုက်သင့်သည့် အဖိုးအခနှုန်းထက် များသော လျော်ကြေး ပမာဏကို ပေးလျော်ပြီးဖြစ်ကြောင်း၊ ဧက ၅၀ ကျော်အတွက် ကျပ်သိန်း ၁၇၀၀ ကျော် လျော်ပေးခဲ့ကြောင်း၊ တံတား ထိုးပေးနိုင်ရန် လမ်းများလည်း ဖောက်လုပ်ပေးနေကြောင်း၊ ရေမြုပ်နေသော မြေလွတ်မြေရိုင်းများ အတွက်လည်း လျော်ကြေး ပေး ရန် တိုင်းတာနေကြောင်း၊ ဆည်ဆောက်လိုက်ခြင်းကြောင့် ရွှေ့ပြောင်းပေးခဲ့ရသည့် ပဲခူးတိုင်းအတွင်းရှိ ရွာများအတွက် ရွာသစ်များတည်ဆောက်ပေးပြီး ဒေသခံများ၏ တောင်းဆိုချက်များ အတိုင်း လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်းလည်း ပြောဆိုသည်။
ရေလွတ်ရာသို့ ကားများနှင့် ဆိုင်ကယ်များကို ဇက်ဖြင့် သယ်ပို့ပေးပုံ
ပလက်ဝချောင်း တံတားအနီးရှိ ထမင်းဆိုင်ပိုင်ရှင် ကိုသန့်ဇော်လတ် ကမူ“ဆောင်းတွင်းမှာတောင် ဒီလောက်ရေမြုပ်တာ မိုးတွင်း ဆိုရင် တွေးတောင် မတွေးရဲဘူး။ ရေက တောင်ကျချောင်းရေတွေ ဆိုတော့ မြင်းပြေးသလို ပြေးတာ။ ကျနော်တို့ ဆိုင်ဆိုရင် ရေ တက်လာလို့ရွှေ့ရတာ သုံးခါရှိပြီ”ဟု ဆိုသည်။
ပလက်ဝချောင်း တံတားကို မှီခိုဈေးရောင်းနေကြရသော ဒေသခံတို့၏ ဆိုင်ခန်းများကို ကုမ္ပဏီအဆောက်အအုံများနှင့် လွတ် ကင်းမှု မရှိခြင်းကြောင့် ဟုဆိုကာ ဆိုင်ခန်းများကို ဖယ်ရှားခိုင်းနေကြောင်းလည်း သိရသည်။
ဆည်ရေကြီးသဖြင့် အခက်အခဲများကြုံနေရခြင်းအပေါ် မကျေနပ်သဖြင့် ဒေသခံများက စုပေါင်းလက်မှတ်ထိုးကာ သံတောင်ကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်(NLD)သို့ တိုင်ကြားစာ ပို့ထားကြောင်း သံတောင် အဖွဲ့ချူပ် ဥက္ကဌ ဒေါက်တာ နော် ခရစ္စထွန်း က ပြောသည်။
ကရင်ပြည်သူ့ပါတီ (KPP) က လွှတ်တော်ကိုယ်စားလှယ် ဦးစောတော်ဘလဲ က ဆည်စီမံကိန်းနှင့်ပတ်သက်ပြီး အများပြည်သူ ပွင့် လင်းမြင်သာမှု ရှိရှိ ချပြ ရှင်းပြပေးရန်နှင့် ထပ်မံတည်ဆောက်ရန် စီစဉ်နေသော သောက်ရေခပ်ချောင်း အထက်ပိုင်းရှိ သောက်ရေ ခပ် စီမံကိန်း(၁) အတွက်လည်း တည်ဆောက်မည့်နေရာ၊ အချိန်နှင့် ရေ၀ပ်ဧရိယာ အကျယ်အ၀န်း၊ ရွာများပြောင်းရွှေ့ရခြင်း ရှိ/မရှိ စသည့်အချက်များနှင့်ပတ်သက်၍ လွှတ်တော်တွင် တင်ပြထားကြောင်း သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့