Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 7 December 2012

၎ လအတွင်း ယာဉ်လုပ်သားနှင့် ပတ်သက်သည့် တိုင်ကြားမှု ၁၇ ကြိမ်ရှိခဲ့


သြဂုတ်လမှ နိုဝင်ဘာ လအထိ ၄ လအတွင်း ယာဉ်လုပ်သား တွေနဲ့ ပတ်သက်တဲ့ တိုင်ကြားမှုများ ၁၇ မှုရှိတယ်လို့ ဒီဇင်ဘာလ ၅ ရက်နေ့က ပြုလုပ်တဲ့ မထသ
ဗဟို မီဒီယာ တွေ့ဆုံပွဲမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အဆိုပါ တိုင်ကြားမှု တွေက သြဂုတ်လမှာ ၄ မှုရှိခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါတွေ ကတော့ ခရီးသည် များကို မချေမငံ ဆက်ဆံမှု ၃ မှု၊ ခရီးသည်များ ဆီက ယာဉ်စီးခံ ပိုမို ကောက်ခံမှုတို့ ဖြစ်ပါတယ်။

ဒါ့အပြင် စက်တင်ဘာ လမှာတော့ ခရီးသည်များကို မချေမငံ ဆက်ဆံမှု ၂ မှု ရှိတာဖြစ်ပြီး၊ အောက်တိုဘာလနဲ့ နိုဝင်ဘာလ မှာတော့ ခရီးသည် များကို မချေမငံ ဆက်ဆံမှု ၃ မှု၊ ခရီးသည်များ ဆီက ယာဉ်စီးခ ပိုမို ကောက်ခံမှု ၅ မှု၊ မော်တော်ယာဉ် များကို အရှိန်ပြင်းစွာ မောင်းနှင်မှုနဲ့ အပြိုင်အဆိုင် မောင်းနှင်မှု ၂ မှုတို့နဲ့ ဂိတ်ရွှေ့ပြောင်းဖို့ တိုင်ကြားမှု ၁ မှုတို့ ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို တိုင်ကြားမှုမျိုး တွေကိုလည်း ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟို ကော်မတီမှ ကြပ်မတ်စွာ အရေးယူ ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့