Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 8 December 2012

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မကွေးတိုင်း ခရီးစဉ် (၃)

ဒေါ်အောင်ဆန်းစုကြည်သည် တောင်တွင်းကြီး ဆေးရုံတွင် အလှူငွေ သိန်း ၈၀ လှူဒါန်း ခဲ့ပြီးနောက် နှုတ်ခွန်းဆက် စကား ပြောကြားခဲ့ သေးကြောင်း သိရသည်။

နံနက် ၈နာရီ ၄၅ မိနစ်ခန့်က တောင်တွင်းကြီးမြို့၊ ဆတ်သွားရွာတွင် မိန့်ခွန်း ပြောကြားခဲ့ရာ၌ ဖခင်ဗိုလ်ချုပ်၏ သမီးဖြစ်သောကြောင့် မိမိသည်လည်း အညာသူပင် ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ရောက်မလာဖြစ်သည့် အကြွေး ရှိသောကြောင့် ယခုကဲ့သို့ လာရောက် ရခြင်းဖြစ်ပြီး၊ ဒေသခံများကို မေးခွန်းများ မေးမြန်းစေခဲ့သည်။


ဒေသခံများက မိမိတို့တွင် ဆည်ရှိသော်လည်း ရေမရခြင်းကိစ္စရပ်များ၊ လမ်းပန်း ဆက်သွယ်ရေး ဆိုင်ရာ ကိစ္စရပ်များကို မေးမြန်းကြပြီး ဒေါ်အောင်ဆန်းစုကြည်မှလည်း ပညာရေး၊ ကျန်းမာရေးနှင့် အထွေထွေ ကိစ္စများကိုပါ ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းက တောင်တွင်းကြီးမြို့တွင် မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ပြီးနောက် နတ်မောက်မြို့သို့ဆက်လက်သွားနေကြောင်းသတင်းရရှိသည်။



ဓါတ်ပုံ ။ 7Day News Journal

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့