Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 8 December 2012

တစ်ဧကလျင် မြန်မာငွေကျပ် ၅ သိန်းခွဲဆိုတာ သုံးနှစ်စာ သီးနှံလျော်ကြေး ဖြစ်တယ်လို့ ဝက်မှေးရွာသူ မအေးနက် က ပြောပါတယ်

ဦးပိုင်ကုမ္ပဏီနဲ့ တရုတ် ၀မ်ပေါင် ကုမ္ပဏီတို့ ပူးပေါင်း လုပ်နေတဲ့ စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ နိုင်ငံတော် သမ္မတ တာဝန် ပေးချက်အရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်က အောက်ခြေက နယ်မြေခံလူထုကို စစ်ဆေး မေးမြန်း မှုတွေ မနေ့က စတင်ပြီး ဆက်တိုက် စတင် လုပ်ဆောင် နေပြီ ဖြစ်ပါတယ်။

ဘာကြောင့် နယ်မြေခံတွေက ဒီစီမံကိန်းကို မလိုလားတာလဲ၊ သပိတ်စခန်းကို ဘယ်လိုဖြိုခွင်းခဲ့သလဲ၊ စတာတွေနဲ့ ပတ်သက်လို့ စီမံကိန်းရပ်ဖို့ ဦးဆောင်တောင်းဆိုသူလည်းဖြစ်၊ သပိတ်စခန်းဖြိုခွင်းခံရတုန်းက ကိုယ်တွေ့ကြုံခဲ့သူလည်းဖြစ်တဲ့ ၀က်မှေးရွာသူ မအေးနက်နဲ့ ဆက်သွယ် မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။




No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့