Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 16 December 2012

မြို့နယ် ၂၀ ၌ ၂၀၁၃ ခုနှစ် စမ်းသပ် သန်းခေါင် စာရင်း ကောက်ယူ သွားမည်


လာမယ့် ၂၀၁၃ ခုနှစ်မှာ ဆောက်ရွက် သွားမယ့် စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူမှုကို ပြည်နယ်နဲ့ တိုင်းဒေသကြီး တွေရှိ မြို့နယ် ၂၀ မှာ ကောက်ယူ

သွားမှာ ဖြစ်တယ်လို့ ဒီဇင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ 2014 Population and Housing Census Project Docuement မှ သိရပါတယ်။ အခုလို စမ်းသပ် သန်းခေါင် စာရင်း ကောက်ယူ သွားမယ့် မြို့နယ် ၂၀ ကတော့ မြစ်ကြီးနား၊ လွိုင်ကော်၊ မြ၀တီ၊ ဟားခါး၊ တမူး၊ ထားဝယ်၊ မကွေး၊ တာချီလိတ်၊ မူဆယ်၊ မြောင်းမြ၊ ဟားခါး၊ စစ်တွေ၊ ချမ်းအေးသာဇံ၊ ငပုတော၊ လမ်းမတော်၊ ရွှေပြည်သာ အစရှိတဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။

ဒီလို စမ်းသပ် သန်းခေါင် စာရင်း ကောက်ယူမှု ကိုတော့ လာမယ့် ၂၀၁၃ မှာ ကောက်ယူ သွားမှာဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တစ်ပြိုင်နက် သန်းခေါင် စာရင်း ကောက်ယူ သွားမှာ ဖြစ်ပါတယ်။ အခုလို တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူဖို့ အတွက် ကိုတော့ မြန်မာနိုင်ငံ အစိုးရနဲ့ UNFPA တို့မှ ပူးပေါင်း ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့