Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 7 December 2012

ပြည်မြို့တွင် တက္ကသိုလ်အုတ်နံရံပြိုကျသည့်အတွက် ၄ ဦး ဒဏ်ရာရ

ပြည်မြို့မှာ တက္ကသိုလ် အုတ်နံရံ ပြိုကျတဲ့ အတွက် ကလေးငယ် ၃ ဦးနဲ့ အမျိုးသမီးငယ် ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိသွားပြီး ဆေးရုံမှာ တက်ရောက် ကုသ နေရပါတယ်။

ဒီဇင်ဘာလ ၆ ရက်နေ့က ပြည်တက္ကသိုလ် ကျောင်းဆောင်သစ် ဆောက်လုပ်ဖို့ အုတ်တံတိုင်းဘက်ကို ကျောက်စရစ်ခဲတွေ လာချတာကြောင့် ၀န်ပိပြီး ပြိုကျခဲ့တာပါ။

ဒီပြိုကျမှုကြောင့် အုတ်နံရံဘေးမှာ ဆော့ကစားနေတဲ့ အသက် ငါးနှစ်အောက် ကလေး ၃ ဦးနဲ့ အလုပ်က ပြန်လာတဲ့ အသက် ၁၆ နှစ် အရွယ် မိန်းကလေး ၁ ဦးကို ပိပြီး  ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

အသက် ၃ နှစ်အရွယ် မောင်အောင်ကောင်းဆက်ဟာ ဦးခေါင်းမှာ ဒဏ်ရာ အပြင်းအထန် ရရှိသွားပြီး စိုးရိမ်ရတာကြောင့်  ရန်ကုန်ဆေးရုံကို ပို့ပြီး ကုသနေတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ဒီအမှုအခင်းနဲ့ ပတ်သက်လို့ ပြည် အမှတ် ၁ ရဲစခန်းက အမှုဖွင့်ထားပြီး ကားမောင်းသူကို အရေးယူထားတယ် လို့ သိရပါတယ်။

by ဒီဗွီဘီ


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့