Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 16 December 2012

ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် မြို့ကြီးများတွင် တန်ဖိုးနည်း မိုဘိုင်းဖုန်းများ တစ်ပြိုင်နက် ချထား ပေးမည်


လာမယ့် နှစ်ဆန်းပိုင်း အတွင်း GSM တန်ဖိုးနည်း ဖုန်းတွေကို ရန်ကုန်မြို့မှာ မကဘဲ နေပြည်တော်နဲ့ မန္တလေး အစရှိတဲ့ မြို့တွေမှာပါ တပြိုင်နက် ထဲချထား

ပေးဖို့ ရှိတယ်လို့ မြန်မာ့ ဆက်သွယ်ရေးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အခုလို ချပေးသွားမယ့် တန်ဖိုးနည်း ဖုန်းတွေ အတွက် ဈေးနှုန်း ကိုတော့ ယခု လက်ရှိမှာ အတိအကျ မသတ်မှတ် ရသေးဘဲ ငွေကျပ် တစ်သိန်း ငါးသောင်း ၀န်းကျင်လောက် ဈေးနှုန်း ခန့်မှန်း ထားတာ ဖြစ်ပါတယ်။

အဲ့ဒီလို ထပ်မံချ ထားပေးမယ့် တန်ဖိုးနည်း GSM ဖုန်းများကို ရန်ကုန်တိုင်း ဒေသကြီးမှာ အလုံးရေ ၁ သန်းနီးပါး ချထားပေးဖို့ ရှိပြီး အခြား နေရာတွေ မှာလည်း သတ်မှတ် အလုံးရေ နှုန်းထား အလိုက် ချထားပေးမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး မှာတော့ အဆိုပါ တန်ဖိုးနည်း ဖုန်းများ ရောင်းချမှုကို နေရာ ၁၈ နေရာမှာ သတ်မှတ် ရောင်းချ ပေးမှာ ဖြစ်ပါတယ်။

အဲ့ဒီလို ရောင်းချ ပေးမယ့် နေရာ ၁၈ ခု ကတော့ မိုဘိုင်း အင်ဂျင်နီယာချုပ်ရုံး ရွှေဂုံတိုင်၊  လမ်း ၄၀ အော်တို အင်ဂျင်နီယာချုပ်ရုံး၊ အမှတ် ၁၂၅ ပန်းဆိုးတန်းလမ်း ပန်းဆိုးတန်း ကြေးနန်းရုံး၊ အမှတ် ၃၉ ဗိုလ်အောင်ကျော်လမ်း တိုင်းမန်နေဂျာရုံး၊ အင်းစိန်စာတိုက်၊ တက္ကသိုလ် စာတိုက်၊ ဗိုလ်တစ်ထောင် စာတိုက်၊ ဒဂုံမြို့သစ် မြောက်ပိုင်း စာတိုက်၊ ရန်ကင်း စာတိုက်၊ ကြေးနန်း ဆက်သွယ်ရေးနှင့် စာတိုက် သင်တန်းကျောင်း ပုဇွန်တောင် တို့မှာ ရောင်းချမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သံလျင် ၊ သုံးခွ၊ တွံ့တေး၊ ထန်းတစ်ပင်၊ မှော်ဘီ၊တိုက်ကြီး၊ လှည်းကူး စတဲ့ အိတ်ချိန်းရုံးတွေ မှာလည်း ရောင်းချပေးမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။


 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့