Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 8 December 2012

မန္တလေးမြို့  အိမ်တော်ရာ ဘုရားဝန်း အတွင်းရှိ ၁၄ ခန်း ဓမ္မာရုံးအတွင်း သံဃာတော်များ၏ ဆက်လက် သပိတ်ဆင်နွဲ

မန္တလေးမြို့  အိမ်တော်ရာ ဘုရားဝန်း အတွင်းရှိ ၁၄ ခန်း ဓမ္မာရုံး အတွင်းတွင် ယနေ့  ၈.၁၂.၂၀၁၂ ( အမျိုးသားနေ့ ) မွန့် လွဲ ၁ နာရီတွင် လက်ပံတောင် ကြေးနီ စီမံကိန်း သပိတ် စခန်းများတွင် သံဃာတော်များကို အကြမ်းဖက် နှိမ်းနှင်းသောကြောင့် သံဃာထု တရပ်လုံးမှ တောင်းဆို ချက်များကို နိုင်ငံတော်မှ ယခုအချိန်ထိ လုပ်ဆောင်ခြင်း မရှိသည့် အတွက် ဆက်လက် သပိတ်ဆင်နွဲ နေကြခြင်း ဖြစ်ပါသည်။


တက်ရောက် သံဃာတော် တစ်ပါးမှ မနေ့ က သာသနာရေး ဝန်ကြီးမှ မဟန ( နိုင်ငံတော် သံဃာ နာယက ) သံဃာများကို တောင်းပန်ခြင်းသည် လွဲမှားနေကြောင်း အကြမ်းဖက်တွင် ထိခိုက် ဒဏ်ရာ ရရှိထားသော သံဃာတော် အပါး ၁၀၀ ကျော်ကိုသာ ပင့်ဖိတ်ပြီး တောင်းပန်ရန် ဖြစ်ကြောင်းအခု တောင်းပန်ခြင်းသည် လွဲများနေသဖြင့် ပြသနာ ပိုမိုကြီးထွားလာနိုင်ကြောင်း မိန့် ကြားပြောဆိုသွားခဲ့ပါသည် ။

တောင်းဆိုချက်များကို လုပ်ဆောင်ခြင်းမရှိပါက သံဃာတော်များမှ ဆက်လက်ပြီး အထွေထွေသပိတ်အဖြင့် တနိုင်ငံလုံး အတိုင်းတာဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင့် ထပ်မံမိန့် ကြားပြောဆိုသွားပါသည် ။

သတင်း - ဓါတ်ပုံ ။ ကိုနိုင်
Myanmar News Now





No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့