Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 20 December 2012

မြို့နယ် ၁၉ မြို့နယ်တွင် သန့်ရှင်းရေး ဆောင်ရွက်ခ ပြင်ဆင် ကောက်ခံ သွားမည်


လာမယ့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ စတင်ကာ မြို့နယ် ၁၉ မြို့နယ်မှာ ဆောင်ရွက် နေတဲ့ သန့်ရှင်းရေး ဆောင်ရွက်ခ နှုန်းထား များကို ပြင်ဆင် ကောက်ခံ သွားမှာ
ဖြစ်တယ်လို့ ဒီဇင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်မြို့ ၃၈ လမ်းရှိ ရန်ကုန် စည်ပင် သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှ သိရပါတယ်။

ဒီလို သန့်ရှင်းရေး ဆောင်ရွက်ခကို ပြင်ဆင် ကောက်ခံရမှာ Down Town မြို့နယ်များနဲ့ ဆက်စပ်တဲ့ မြို့နယ် ၉ မြို့နယ်ဖြစ်တဲ့ ဒဂုံမြို့နယ်၊ အလုံမြို့နယ်၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဗဟန်း၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ ရန်ကင်းနဲ့ ကမာရွတ် မြို့နယ် တို့မှာ ယခင်က ၃ လမှာ  တစ်ကွာတာကို တစ်ထောင့် သုံးရာ့ ငါးဆယ်ကျပ် ကောက်ခံရာမှ ၂၀၁၃ ဇန်န၀ါရီလမှ စတင်ကာ ၃ လ တစ်ကွာတာကို Down Town မြို့နယ်များ အတိုင်း တစ်ထောင့် ရှစ်ရာကျပ် အဖြစ် ပြောင်းလဲ ကောက်ခံ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဆင်ခြေဖုံး မြို့နယ် ၁၇ မြို့နယ်မှ သင်္ကန်းကျွန်း မြို့နယ်၊ တောင်ဒဂုံ မြို့နယ်၊ မြောက်ဒဂုံ မြို့နယ်၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သာကေတ၊ ဒေါပုံ၊ မရမ်းကုန်း၊ အင်းစိန်၊ လှိုင်မြို့နယ် အစရှိတဲ့ မြို့နယ် ၁၀ မြို့နယ်မှာ ယခင်က ၃ လမှာ တစ်ကွာတာကို ၉၀၀ ကျပ် ကောက်ခံရာမှ ၂၀၁၃ ဇန်န၀ါရီလမှ စတင်ပြီး Down Town နဲ့ ဆက်စပ် မြို့နယ်များမှ လက်ရှိ ကောက်ခံ နေတဲ့ နှုန်းထား ဖြစ်တဲ့ ၃ လမှာ တစ်ကွာတာကို တစ်ထောင့် သုံးရာ ငါးဆယ်ကျပ် အဖြစ် ပြင်ဆင် ကောက်ခံ သွားမှာ ဖြစ်ပါတယ်။

အဲ့ဒီလို သန့်ရှင်းရေး ဆောင်ရွက်ခများ ပြင်ဆင် ကောက်ခံ ရတာဟာ လူဦးရေများ တိုးတက် လာမှုအပြင် လူနေမှု အဆင့်အတန်းများ မြင့်မား လာပြီး စီးပွားရေးနဲ့ ထုတ်ကုန်များ တိုးတက် ထုတ်လုပ် လာနိုင် တာကြောင့် ဖြစ်တယ်လို့ အဆိုပါ သတင်းစာ ရှင်းလင်းပွဲမှ တာဝန်ရှိသူ ပြောကြားချက် အရ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့