Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 21 December 2012

မော်တော်ကား CIF ဆိုင်ရာ တန်ဖိုးများ ပြောင်းလဲ သတ်မှတ်လိုက်ပြီဖြစ်


စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ ပြည်ပ နိုင်ငံများမှ တင်သွင်း လာတဲ့ မော်တော်ကား တွေရဲ့
ဆိပ်ကမ်း အရောက် တန်ဖိုး CIF သတ်မှတ် မှုတွေကို ယခုအခါ ပြောင်းလဲ သတ်မှတ် လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ CIF တန်ဖိုး အလိုက် ပြောင်းလဲ သတ်မှတ်မှု တွေကိုတော့ ယခု ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်ကာ အကျုံးဝင်မှာ ဖြစ်ပါတယ်။ ယခု CIF တန်ဖိုး ပြောင်းလဲ သတ်မှတ်မှု မှာတော့ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး ဌာန အနေနဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာနများနဲ့ ပုဂ္ဂလိက မော်တော်ယာဉ် တင်သွင်း ထုတ်လုပ် ရောင်းဝယ်သူများ အပါအ၀င် အဖွဲ့ အစည်း အားလုံးနဲ့ ညှိနှိုင်း ဆောင်ရွက်ပြီး ခွင့်ပြုပေးတာ ဖြစ်တယ်လို့ သိရပါတယ်။

ကားများ တင်သွင်း ခွင့်ပြုရာမှာ ယာဉ်အို၊ ယာဉ်ဟောင်းများ အပ်နှံမှုမှ မော်တော်ကား သစ်များ ပြန်လည် တင်သွင်း ခွင့်ပြုမှုကို ယခင်က ၁၉၉၆ မော်ဒယ်မှ ၂၀၀၆ မော်ဒယ် အထိ ကားများ ကိုသာ တင်သွင်း ခွင့်ပြုခဲ့ပြီး ယခုအခါ မှာတော့ ၁၉၉၇ မော်ဒယ်မှ ၂၀၀၇ မော်ဒယ် အထိ ခွင့်ပြုပေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် ယခင်က တစ်ဦးချင်း ယာဉ်တင်သွင်း ခွင့်ပြုမှုတွေ ကိုလည်း ယခင်က ၂၀၀၆ မော်ဒယ်မှ ၂၀၁၂ ခုနှစ် မော်ဒယ် အထိသာ တင်သွင်း ခွင့်ပြုခဲ့ပြီး ယခုအခါမှာ  ၂၀၀၇ မော်ဒယ်မှ ၂၀၁၃ မော်ဒယ် အထိ ခွင့်ပြုပေးတာ ဖြစ်ပါတယ်။ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ ယခု သတ်မှတ် လိုက်တဲ့ CIF တန်ဖိုးများဟာ သက်ဆိုင်ရာ အဖွဲ့စည်း အသီးသီးမှ ပါဝင် သတ်မှတ်တာ ဖြစ်တဲ့ အတွက် CIF တန်ဖိုး များဟာ ပြည်သူများ အတွက် အဆင်ပြေဆုံး ဖြစ်အောင် သတ်မှတ် ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ယခင်က သတ်မှတ်ခဲ့တဲ့ CIF တန်ဖိုးတွေမှာ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ် မော်ဒယ် တင်သွင်းတဲ့ ကားများကို CIF တန်ဖိုး တစ်ခုတည်း သတ်မှတ်ထား သလို အခြားကား အမျိုးအစား အချို့ မှာလည်း CIF တန်ဖိုးကို ကားတန်ဖိုး အလိုက် အနိမ့်ဈေး၊ အမြင့်ဈေး သတ်မှတ်မှုမရှိတဲ့ အတွက် မော်တော်ကား တင်သွင်းသူများ အခက်အခဲ အချို့ ကြုံတွေ့ ခဲ့ရတယ်လို့ သိရပါတယ်။

ဒါပေမယ့် ယခု ပြောင်းလဲ သတ်မှတ် လိုက်တဲ့ CIF တန်ဖိုးများ မှာတော့ ကားအမျိုးအစားနဲ့ ခုနှစ်အလိုက် CIF တန်ဖိုးတွေကို အသေးစိတ် သတ်မှတ် ထားပြီး ဈေးနှုန်းများ ဟာလည်း ပြည်တွင်းနဲ့ ကိုက်ညီတဲ့ နှုန်းထား များကို သတ်မှတ် ထားတဲ့ အတွက် မော်တော်ကား တင်သွင်းသူ တွေကို အဆင်ပြေ စေမှာ ဖြစ်တယ်လို့ မော်တော်ယာဉ် ထုတ်လုပ် တင်သွင်း ရောင်းချသူများ အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ ယခုလို အသစ် ပြောင်းလဲ သတ်မှတ် လိုက်တဲ့ CIF တန်ဖိုးတွေ ကိုတော့ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန ၀က်ဘ်ဆိုက် www.commerce.gov.mm မှာ အသေးစိတ် သိရှိနိုင်ကြောင်း သတင်းပေး တင်ဆက် လိုက်ရပါတယ်။


 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့