Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 7 December 2012

မော်တော်ယာဉ် အစီးရေ ၆ သောင်းကျော် အထိ CNG ရရှိပြီးဖြစ်


ရန်ကုန်တိုင်း ဒေသကြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လုံခြုံချောမွေ့ စေရေး ကြီးကြပ်မှု ကော်မတီ အစည်းအဝေးမှာ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက်
အရ ယခု လက်ရှိမှာ CNG နဲ့ ပြေးဆွဲနေတဲ့ ယာဉ်အစီးရေ စုစုပေါင်း ၆၂၀၆၅ စီး ရှိတယ်လို့ သိရပါတယ်။ ယခင်က စွမ်းအင် ၀န်ကြီးဌာနမှ CNG ထုတ်ယူခွင့် ရရှိပြီးတဲ့ ယာဉ်အစီးရေဟာ နှစ်သောင်း သုံးထောင် ကျော်သာရှိပြီး ယခုအခါ အသစ်ထပ်မံ ဖြည့်တင်း ထုတ်ပေးမှု အနေနဲ့ ယာဉ်အစီးရေ သုံးသောင်း ရှစ်ထောင် ကျော်ကို စီအန်ဂျီ ထုတ်ပေး ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ အောက်ရှိ ယာဉ်လိုင်း အဖွဲ့အစည်း အသီးသီးမှ ယာဉ်အို၊ ယာဉ်ဟောင်း များကို သက်ဆိုင်ရာသို့ အပ်နှံခဲ့ပြီး ယခုအခါ ယာဉ်သစ်ကြီး အစီးအရေ ၁၀၂ စီးမှာ CNG ထုတ်ယူခွင့်များ ရရှိကာ ပြန်လည် ပြေးဆွဲနေပြီး ဖြစ်တယ်လို့ သိရပါတယ်။ မထသ ဗဟိုသို့ CNG ထုတ်ယူခွင့် ရရှိရေး အတွက် ယာဉ်လိုင်း အဖွဲ့အစည်းများမှ တင်ပြ လာတဲ့ မော်တော်ယာဉ် အစီးရေ ၁၃၆ စီး ရှိပါတယ်။

အဆိုပါ ယာဉ်တွေထဲမှ သတ္တုတွင်း ၀န်ကြီးဌာန မြန်မာ့ရေနံနဲ့ ဓာတုဗေဒ လုပ်ငန်း MOGE မှ စွမ်းအင် ၀န်ကြီး ဌာနသို့ တင်ပြဆဲ ယာဉ် ၁၇ စီး ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် MOGE သို့လည်း ထပ်မံ တင်ပြဆဲယာဉ် ၁၂ စီး ရှိပြီး တင်ပြမှု မပြုရသေးတဲ့ ယာဉ်ကတော့ ၅ စီး ကျန်ရှိနေသေးတယ် လို့လည်း သတင်းရရှိ ပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့