Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 16 December 2012

ICT နည်းပညာ အဆင့်မြင့် သင်တန်းဆင်းပွဲ ကျင်းပခဲ့


ICT နည်းပညာ အဆင့်မြင့် သင်တန်းဆင်း အောင်လက်မှတ် ပေးအပ်ပွဲ တစ်ခုကို ဒီဇင်ဘာလ ၁၄ ရက်နေ့က မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း MES မှာ

ကျင်းပပြုလုပ်ခဲ့ ပါတယ်။ အခုလို ပြုလုပ်ရာ မှာလည်း Fortune international co,ltd နဲ့ ဗီယက်နမ် နိုင်ငံ Posts & Telecommunication institute of technology တို့မှ ကြီးမှူးပြီး သင်တန်း ပို့ချခဲ့ကာ ယခုအခါ သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

သင်တန်း မှာတော့ ဆက်သွယ်ရေး လုပ်ငန်းတွေမှာ အကျိုးပြု နိုင်ဖို့အတွက် ICT နည်းပညာ အဆင့်မြင့် ဘာသာရပ် များကို သင်တန်း ပို့ချသင်ကြား ပေးခဲ့တာ ဖြစ်ပါတယ်။ အခုလို သင်တန်းဆင်း အောင်လက်မှတ် ပေးအပ်မှု မှာတော့ သင်တန်းသား ၃၅ ဦးကို သင်တန်းဆင်း လက်မှတ်များ ပေးအပ် တာဖြစ်ပြီး ယခု သင်တန်းဟာ ပထမအကြိမ် ဖွင့်လှစ် ပို့ချခဲ့တဲ့ သင်တန်း ဖြစ်တယ် လို့လည်း သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့