Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 7 December 2012

Master Card များကို ပြည်ပခရီးသွားများ ပိုမိုအသုံးပြုလာ


လက်ရှိ Master Card များကို ပြည်တွင်းသို့ လာရောက်တဲ့ နိုင်ငံခြားသား များသာ အသုံးပြုမှု ရှိနေတာ ဖြစ်ပြီး ပြည်တွင်းက ပြည်သူတွေ အနေနဲ့ ပြည်ပသို့
သွားရောက်ပါက Master Card များ အသုံးပြုလို့ မရသေးဘူးလို့ ဒီဇင်ဘာလ ၆ ရက်နေ့က Chatrium Hotel မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ Master Card Worldwide မှ CB ဘဏ်ကို ဂုဏ်ပြုတဲ့ ဂုဏ်ပြုပွဲ အခမ်းအနားမှ သိရပါတယ်။ အဲ့ဒီ Master Card Worldwide က CB ဘဏ်ကို နိုင်ငံတကာ ငွေပေးချေရေး ကဒ်ဖြစ်တဲ့ Master Card ထုတ်ဝေခွင့်နဲ့ ATM/POS စက်များမှ ထုတ်ယူ သုံးစွဲခွင့် လိုင်စင်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့က လိုင်စင် ထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

Master Card နဲ့ ATM မှ ငွေသား ထုတ်ယူခြင်း ကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့က စတင်ပြီး မြန်မာနိုင်ငံမှာ ပထမဦးဆုံး အနေနဲ့ CB Bank မှ ၀န်ဆောင်မှု ပေးနေပြီ ဖြစ်ပါတယ်။ အဆိုပါ CB Bank အနေနဲ့ Master Card နဲ့ ATM စက်များမှာ ငွေထုတ်ယူတဲ့ အခါ မြန်မာငွေနဲ့ ငွေထုတ်ပေးတာ ဖြစ်ပါတယ်။ ဒီလို ထုတ်ယူရာ မှာလည်း တစ်ကြိမ်ကို အနည်းဆုံး ငွေကျပ် သုံးသိန်းကနေ အများဆုံး ငွေကျပ် ၁၀ သိန်းအထိ  ထုတ်ယူ နိုင်တယ်လို့ သိရပါတယ်။ ဒီလို ငွေထုတ်ယူမှုများ ဆောင်ရွက်ရာ မှာတော့ ၀န်ဆောင်မှု အနေနဲ့ မြန်မာငွေ ငါးထောင် ကျပ်အဖြစ် သတ်မှတ် ကောက်ခံတာ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့