Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 21 December 2012

Visa ကတ်များ စတင်အသုံးပြုနိုင်


သမ၀ါယမ ဘဏ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သမ၀ါယမ ဘဏ်ရဲ့ ATM စက် ၄ လုံးမှာ Visa ကတ်နဲ့  ငွေထုတ်ယူမှု တွေကို ဒီဇင်ဘာလ
၁၂ ရက်နေ့က စတင် အသုံးပြုနိုင် နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို Visa ကတ်နဲ့ အသုံးပြုလို့ ရနေပြီ ဖြစ်တဲ့ ATM စက်တွေ ကတော့ လသာမြို့နယ်၊ CB ဘဏ် ရုံးချုပ်ရှေ့ရှိ ATM စက် ၂လုံးနဲ့ မင်္ဂလာဒုံ လေဆိပ်ရှိ CB ဘဏ် ATM စက် ၂ လုံးမှာ အသုံးပြုလို့ ရနေတာ ဖြစ်ပါတယ်။ ပြည်တွင်းမှာ Visa ကတ်များ တရားဝင် လက်ခံ သုံးစွဲနိုင်ဖို့ အတွက် ပြည်တွင်းရှိ ဘဏ် ၃ ခုဖြစ်တဲ့ ကမ္ဘောဇဘဏ်၊ သမ၀ါယမဘဏ်၊ မြန်မာ့အရှေ့ တိုင်းဘဏ် တို့ဟာ အမေရိကန် အခြေစိုက် Visa ကုမ္ပဏီနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့က လိုင်စင် သဘော တူညီချက်များ လက်မှတ် ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

အခု လက်ရှိ မှာတော့ Visa ကတ်တွေဟာ CB ဘဏ်ရဲ့ ATM စက်တွေမှာ စတင် အသုံးပြုနိုင်တာ ဖြစ်ပြီး ကမ္ဘောဇဘဏ်နဲ့ မြန်မာ အရှေ့တိုင်း ဘဏ်တွေ ကတော့ Visa ကတ်များ အသုံးပြုနိုင်ဖို့ အတွက် ဆောင်ရွက်မှုတွေ ပြုလုပ် လျက်ရှိနေ တယ်လို့ သိရပါတယ်။ ဒါပေမယ့် ယခုလက်ရှိမှာ CB ဘဏ် အနေနဲ့ ကလည်း ၎င်းတို့ ဘဏ်ရဲ့ ATM စက် ၄ လုံးမှာသာ စတင် အသုံးပြု နိုင်သေးတာ ဖြစ်ပြီး နောက်ပိုင်း မှာတော့ CB ဘဏ်ရဲ့ ATM စက်တိုင်းမှာ အသုံးပြုနိုင်ဖို့ ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။

ယခုလို ပြည်တွင်းမှာ ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက် လာတာနဲ့ အမျှ ပြည်ပငွေ ထုတ်ယူမှု ကဒ်များကို စတင် ဆောင်ရွက် လျက်ရှိပြီး ပြီးခဲ့တဲ့ လပိုင်း အတွင်း မှာလည်း Master ကဒ်များကို ပြည်တွင်းရှိ ဘဏ်အချို့မှာ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ ယခုလို အသုံးပြုနိုင်မှု တွေကြောင့်  ပြည်တွင်းသို့ လာရောက်တဲ့ နိုင်ငံခြား များအနေနဲ့ ၎င်းတို့နဲ့ ပါလာတဲ့ Visa  ကတ်၊ Master ကဒ်များကို အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့