Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 30 April 2012

လူသား ဟုတ်မဟုတ် အငြင်းပွားစေသည့် အလှနတ်သမီး

ရုပ်ရည်ရော၊ ကိုယ်လုံးကိုယ်ပေါက်ပါ ပြည့်စုံလွန်းသော အလှအပကြောင့် သက်ရှိထင်ရှား ဘာဘီရုပ်ကလေးအဖြစ် တင်စားခံနေရသော၊ ရုရှားအင်တာနက် ဝက်ဘ်ဆိုက်များတွင် လူအများ၏ နေရာပေး ဆွေးနွေးမှုကို ခံနေရသော မိန်းမပျိုလေးသည် လူသားစင်စစ် ဟုတ်မဟုတ် အငြင်းပွားစရာ ဖြစ်လာခဲ့သည်။
Valeria Lukyanova



Valeria Lukyanova

အသက်(၂၁)နှစ် ရှိသည်ဆိုသော ဗယ်လာရီ လူယာနိုဗာသည် သူမပိုင် Blogတစ်ခုတွင် လှပလွန်းသော ဓာတ်ပုံများကို လွှင့်တင်ရိုက်ယူထားပြီး လူအများက ချစ်စရာ ဘာဘီရုပ်မလေးအဖြစ် ခိုင်းနှိုင်းညွှန်းဆိုခြင်းကို ခံနေရသည်။



သူမ၏ အလှအပအတွက် ပလပ်စတစ် ဆာဂျရီ အထူးကု ဆရာဝန် တစ်ဦးထံတွင် ဗယ်လာရီက သွားရောက် ပြသခဲ့ဟန် Animation ဗီဒီယို တစ်ခုကိုလည်း You Tubeတွင် လွှင့်တင်ထားရာ သူမနှင့် ပတ်သက်ပြီး အချက်အလက်တိုင်းသည် သို့လောသို့လော ဖြစ်နေရသည်။

Valeria Lukyanova

ယခုအခါ ဗယ်လာရီသည် အမှန်စင်စစ်၊ လူသားလော၊ ကွန်ပျူတာ ဓာတ်ပုံSoftwareများဖြင့် ဖန်တီးထားသည့် Graphic ပုံရိပ် တစ်ခုလော ဆိုသည်မှာ ကျယ်ကျယ်ပြန့်ပြန့် အငြင်းပွားရမည့် မေးခွန်းတစ်ခု ဖြစ်လာကြောင်း သိရသည်။

Valeria LukyanovaValeria Lukyanova

သူမသည် Facebookတွင် Accountဖွင့်ထားပြီး သူငယ်ချင်း (၇၈)ဦးနှင့် Subscribe ပြုလုပ်ထားသူ (၁၅၅)ဦး ရှိနေခြင်းကြောင့်လည်း သူမကို လူသားဟုတ်မဟုတ် ယုံရခက်၊ မယုံရခက် တွေဝေမှုကို ပိုမိုအားကောင်းလာစေခဲ့ကြောင်း သတင်းများက ဖော်ပြသွားသည်။



Valeria Lukyanova

အဖြူရောင် အချစ်ကဗျာ စစ်စစ်

   ဟောဒီကဗျာထဲမှာ မာန မပါဘူးး
   သံသယမပါဘူး
  မပြောင်လှောင်ဘူး
 မစောင်မြှောင်ဘူး
ငါဆိုတာကို ဖျောက်ထားခဲ့ 
စမ်းရေစီးသံနွဲ့ နွဲ့ လေး
သဲ့ သဲ့ မွှေးတဲ့ ချစ်ရနံ့ သင်း
မင်းကိုတမ်းတသောကဗျာအစစ်
ဖြစ်ခဲ့ ရတယ်....
ချစ်တယ်
တိုးတိတ်တမ်းတ တဖွဖွ ရွတ်ဆို
ပြိုကျသွားတဲ့ မျှော်လင့် ချက်တချို့ 
တချို့ ကတော့  အားတင်းချန်ထား
ကံတရားအတိုင်းရှိပါစေ
နေမကောင်း ဖြစ်နေမလား
မသွေမပြောင်းချစ်နေမလား
စိတ်ချမ်းသာပါစေသား
ကြိတ်လွမ်းနေမှာလား
ဘာဘဲဖြစ်ဖြစ် ချစ်ခွင့် လေးပိုက်ထွေး
ရေးရေးဝါးဝါး ယုံကြည်ချက်နဲ့ 
မနက်ဖြန်အတွက် အသက်ပြန်မွေး
ယဲ့ ယဲ့ လေးပြုံး အဝေးဆုံးမှာ
အလွမ်းလိပ်ပြာတောင်ပံခါစဉ်
ဘယ်ဖက်ရင်ထဲ သိမ့် ကနဲဖြစ်
မျက်ရည်ဝဲစိမ့်  အချစ်စိတ်နော်
ချစ်သူပျော်စေ ပျော်ပါစေ...။။

Sunday 29 April 2012

Window 7 ရဲ့ Password ကို Clean လုပ်တဲ့ Software

Trinity Resuce Kit မှာ Window 7 ရဲ့ Password ကို Clean လုပ်နိုင်တဲ့ Options တစ်ခုပါ ပါတယ်..

Password ကို ဖျက်ချင်သော Logon User Account Name ကိုတော့ မှန်အောင်သိဖို့လိုပါတယ်....

ပထမဆုံး.. ISO ကို CD မှာ ကြိုက်နှစ်သက်ရာ ISO Buner တစ်ခုခုနဲ့ Burn ပါ..

Comuter မှာ Boot Options မှာ CD Or DVD ကို ရွေးပြီး Boot တက်ပါ..

Boot လုပ်လိုက်ရင် အောက်ကပုံတွေလို သူ့အလိုလို Loading တစ်ခုပြီးတစ်ခု လုပ်ပါတယ်...















ဒီနေရာကနေ စပြီးတော့ စာ စရိုက်ပေးရမှာပါ...... အောက်က ပုံလိုနေရာ ရောက်ရင် ရိုက်ရမှာက (-u username ) ဥပမာ -{minus}u{space bar}aungzinphyo{usernanme}

ပြီးရင် Enter ခေါက်ပါ...



Make Your Choice Or 'q' to quit လို့ မေးတဲ့ နေရာကိုရောက်ပါမယ်... 1 လို့ ရိုက် ပြီး Enter ခေါက်ပါ...



အောက်ကလို ပေါ်မယ့် နေရာကို ၁၀ စက္ကန့်လောက် စောင့်လိုက်ရင် ရောက်ပါတယ်... အဲနေမှာလဲ .. Select [q] > နေရာမှာ "1" လို့ပဲ ရိုက်ပါ... Enter ခေါက်ပါ...



Overwrite Backup ? {y/n} မေးတဲ့ နေရာ ရောက်ပါမယ်.. "y" ရိုက်ပါ.. Enter ခေါက်ပါ...



အားလုံးပြီးသွားပါပြီ... [root@trk] ကိုပြန်ရောက်သွားပါမယ်... logout လို့ ရိုက်ပါ...Enter ခေါက်ပါ...



အားလုံးပြီးသွားပါပြီ (Ctrl+Alt+Del) နှိပ်ပြီး.. စက်ကို Restart ပေးလိုက်ပါ..

Password ဖျက်လိုက်သော User Account ကို Logon လုပ်ပါ Password မလိုပဲ Auto Logon ဖြစ်သွားပါပြီ...

Computer မှာ Logon User တစ်ခုပဲရှိရင်တော့ Auto Logon ဖြစ်သွားပါမယ်......

အဆင်ပြေပါစေ...

Download From Mediafire

:down2

ဒူဘိုင်းမှ အံ့မခန်း အားကစားမြို့တော်

alt

ပုံမှာမြင်တွေ့နေရတာကတော့ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှာ တည်ဆောက်ပြီးစီးသွားပြီဖြစ်တဲ့ အားကစားမြို့တော်
(Sport City) ဖြစ်ပါတယ်။ ခရစ်ကတ်ကစားကွင်း။ ။ ပွဲကြည့်စင်မှ ထိုင်ခုံအလုံးရေ ၂၅၀၀၀။
(ဘောလုံး၊ Rugby, ပြိုင်ကွင်း စသည်ဖြင့်) စွယ်စုံသုံး အမိုးပွင့်ကစားကွင်း ။ ထိုင်ခုံအလုံးရေ ၆၀၀၀၀။
(ဘတ်စကတ်ဘော၊ ဟော်ကီ၊ ဗော်လီဘော၊ လက်ပစ်ဘောလုံး၊ netball, ရေခဲဟော်ကီ၊ ဖျော်ဖြေရေးစင်တာ စသည်ဖြင့်
အသုံးပြုနိုင်သော) မိုးလုံလေလုံ ကစားကွင်း။ ။ ထိုင်ခုံအလုံးရေ ၁၀၀၀၀။
အမိုးပွင် ဟော်ကီကွင်း။ ။ ထိုင်ခုံ ၅၀၀၀။
နိုင်ငံတကာ ဂေါက်သီးအားကစားဆိုင်ရာ သံတမန် Ernie Els ကိုယ်တိုင် ဒီဇိုင်းဆွဲဖန်တီးပေးထားသော ၁၈ ကျင်းရှိ
ကမ္ဘာ့အဆင့်ဂေါက်ကွင်း (လောင်းကစားရုံပါပူးတွဲ ပါရှိပြီး) ဒူဘိုင်း Sport City တည်ဆောက်မှု ကုန်ကျစရိတ်ကတော့
အမေရိကန်ဒေါ်လာ ၄ ဘီလီယျံရှိတယ်လို့ သိရပါတယ်။

နှင်းခိုတဲ့ငှက်...

ညကလှတယ်။ လကလဲသာနေတယ်။ ညမွှေးပန်းလေးတွေရဲ့ ရနံ့လေးက တစ်လမ်းလုံးသင်းနေတယ်။ ဒီဇင်ဘာ
နှင်းမှုန်တွေကြားမှာ မြက်ခင်းစိမ်းလေးတွေပေါ်မှာနားခိုနေတဲ့ နှင်းစက်လေးတွေကိုကြည့်ရင်း တစ်ဆောင်းသစ်ပြန်
ပြီနော်။ အခုဆို ဆောင်းငှက်လေးတွေရဲ့ တွန်ကျူးသံတွေကြားရတော့မယ်။ ရိုးပြတ်တောကြီးရဲ့ အလယ်မှာ စိမ်းလမ်းတဲ့
စိုက်ခင်းတွေ၊လမ်းတစ်ဖက်တစ်ချက်က ချောင်းရေစီးသံတွေနဲ့ သာယာတဲ့ညနေခင်းတွေ တစ်ရက်ပြီးတစ်ရက်ဖြတ်သန်း
လာပြီနော်။ တကယ်ဆို နှင်းမကွဲတဲ့ နံနက်ခင်းအလင်းမှုန်ပြပြမှာ လမ်းလျှောက်ထွက်လာကြတဲ့ အရွယ်စုံ အားကစား
သမားတွေရယ်၊ပြည်သူ့ရင်ပြင်ထဲမှာ သွေးပူလေ့ကျင့်ခန်းဆင်းနေကြတဲ့ သူတွေရယ်၊ သူတို့အားလုံးဟာ ဆောင်းရာသီ
ရဲ့ အလှကိုအပြည့်အ၀ခံစားနေကြလေရဲ့။



ကျွန်တော်လဲ ဒီနေ့အစောကြီးနိုးနေတာနဲ့တစ်ယောက်တည်းလမ်းလျှောက်ထွက်လာတာပေါ့။ တစ်လမ်းဝင်တစ်လမ်း
ထွက်လျှောက်နေရင်း လက်ဖက်ရည်ဆိုင်ရှေ့ရောက်တော့ ကျွန်တော်ခဏနားပြီး ရေနွေးပူပူလေးသောက်ကြည့်တယ်။
နေနတ်သားလေးနိုးထလာတဲ့အချိန်မို့ လောကကြီးကသာယာလိုက်တာ။ ဒီလိုဆောင်းနံနက်ခင်းတွေကုန်ဆုံးမှာကိုတော့
နှမျောမိတယ်ဗျာ။ဘာလိုလိုနဲ့ အခုဆို ဒီဇင်ဘာနေ့ရက်တွေကုန်ဆုံးတော့မယ်။




မကြာခင်နှစ်တစ်နှစ်ဆီကိုကူးပြောင်းကြတော့မယ်။နေ့၊လ၊ရက်တွေ ပြောင်းလို့ ဟောင်းနွမ်းကုန်တဲ့ အတိတ်နေ့ရက်
တွေလဲ အခုဆိုလွမ်းနေရပြီပေါ့။ ကျွန်တော်ဆောင်းငှက်လေးတစ်ကောင်ဖြစ်ချင်တယ်။ဆောင်းရာသီမှာ နယ်ပြောင်း
လာကြတဲ့ဆောင်းငှက်လေးကိုသဘောကျတယ်ဗျာ။ ဒီဇင်ဘာရဲ့ အအေးဒဏ်ကိုသူတို့ခံနိုင်ရည်ရှိကြတယ်။



မြက်ခင်းတွေပေါ်မှာ တွဲလဲခိုနေတဲ့ နှင်းရည်လေးတွေကိုသူတို့သောက်သုံးကြတယ်။ ထွက်သစ်စအဖူးအညွန့်လေး
တွေကိုသူတို့ စားသုံးကြတယ်။ ညရောက်တော့ ညမွှေးပန်းပင်ပေါ်မှာ သူတို့အိပ်စက်ကြတယ်။ ချယ်ရီပန်း၊စပယ်ပန်း
တွေပွင့်တဲ့ ဆောင်းမှာကျွန်တော်ခရေပန်းလေးကိုပိုကြိုက်တယ်။ အနံ့လေးကသင်းတယ်။ နောက်ပြီး ခရေပန်းလေး
တွေကောက်ရတာကိုသဘောကျတယ်။ ကျွန်တော်ငယ်ငယ်ကဆိုရင် ညီတွေ၊ညီမတွေနဲ့ မနက်တိုင်း ဘုန်းကြီး
ကျောင်းထဲမှာ ခရေပန်းသွားကောက်ကြတဲ့အချိန်လေးတွေကိုသတိရလိုက်တာ။


ခရေပင်းကြီးအောက်ရောက်နေတဲ့အခိုက်မှာကျွန်တော်ပြန်ငယ်သွားသလိုခံစားရတယ်။ ဒါပေမယ့် အခုတော့
ကျွန်တော့်အနားမှာခရေပန်းလေးတွေလဲမရှိတော့ဘူး။ ခရေပင်ကြီးတွေလဲမတွေ့တော့ဘူး။ ကျွန်တော့်ဘေးမှာရှိနေ
တာကတော့အလွမ်းတွေ၊အဆွေးတွေပဲရှိတော့တယ်။ ဘ၀ရထားကြီးစီးရင်းနဲ့ တစ်ဘူတာပြီး၊တစ်ဘူတာ ဆိုက်တဲ့
အခိုက် တစ်ချို့ကလက်ပြနှုတ်ဆက်လို့နေခဲ့ကြတယ်။ တချို့က ရထားပြောင်းစီးကြတယ်။ တချို့က အခန်းတွဲတွေ
ပြောင်းစီးကြတယ်။



အခုတော့အချိန်ရထားကြီးခုတ်မောင်းလို့ကြေမွခဲ့တဲ့နှလုံးသား ဆောင်းညတွေမှာဆွေးလို့နေပါပြီ။ အိမ်ပြန်ချင်တဲ့
အတွေးလေးရင်ဝယ်ပိုက်လို့ အမေ့မျက်နှာမြင်ယောင်ရင်းနဲ့ အလွမ်းတွေကိုမျိုသိပ်နေရပြီပေါ့။ လူပိုလို့ သတ်မှတ်ကြ
တဲ့ ကျွန်တော့်ကို လမ်းဘေးကလက်ဖက်ရည်ဆိုင်တွေ၊ဘီယာဆိုင်တွေက မျက်စပစ်နေကြတယ်။ အဖေကပြောတယ်
ကျောင်းပြီးရင်အလုပ်လုပ်ပါတဲ့။ ကျောင်းတုန်းကပျော်စရာလေးတွေပြန်တွေးလို့ မျက်ရည်တွေဝဲနေတဲ့အခိုက် ဘဝ
သံသရာသီချင်းလေးက ကျွန်တော့်ကို အားသစ်တွေပေးခဲ့တယ်။ မျှော်လင့်ချက်တွေကုန်ဆုံးနေချိန်မှာ ကဗျာတွေက
အဖော်လုပ်ပေးတယ်။ ကျွန်တော်နေမကောင်းလို့ အိပ်ရာထဲမှာ လဲနေတဲ့အခိုက် ကျွန်တော့်ဘေးမှာ ကျွန်တော့်ရဲ့
မိတ်ကောင်းဆွေကောင်းစာအုပ်လေးတွေက ကျွန်တော့်ကိုအားအင်တွေပေးစွမ်းတယ်။




နေရိပ်ညိုတဲ့ ဆည်းဆာချိန်ရောက်ပြန်တော့ ငှက်ကလေးတွေအိပ်တန်းတက်နေတာငေးရင်း ကျွန်တော့်ရဲ့အပျင်းတွေ
ကိုပြေစေတာပေါ့။ မနက်မိုးသောက်အလင်းရောက်လို့ အပြင်ထွက်ပြန်တော့ ခိုလေးတွေအစာကျွေးနေတဲ့ ကျောင်းသား
လေးတွေကိုငေးရင်း ကျွန်တော်လဲသူတို့လိုပဲကျောင်းသားလေးတစ်ယောက်ဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်သတိရသွား
ပြန်တယ်။ ကားဂိတ်မှာ ဘတ်စ်ကားအလာစောင့်နေတုန်း မျှော်လင့်မထားတဲ့ ငယ်သူငယ်ချင်းတွေနဲ့တွေ့တော့ ပျော်
လိုက်တာ အရမ်းပဲ။ လက်ဖက်ရည်ဆိုင်ထဲမှာ အားရပါးရ စကားတွေပြောရင်း အလုပ်သွားချိန်ရောက်တော့ လက်ပြ
နှုတ်ဆက်ရင်း ကျန်ခဲ့တဲ့ ကျွန်တော့်ကိုသူတို့အားပေးစကားတွေပြောသွားသေးတယ်။




လူကြပ်ကြပ်ဘတ်စ်ကားပေါ်မှာ တန်းလေးကိုမနည်းတွယ်ထားရင်းနဲ့ ငယ်ငယ်က စက်ဘီးအတူတူစီးခဲ့တဲ့ သူငယ်ချင်း
တွေကို မယောင်မလည် သတိရမိသွားသေးတယ်။ အချိန်ကုန် လူပန်းလို့ နေ့တစ်နေ့ ကုန်ခါနီးအဆုံးမှာ မြူမှုန်လေး
တွေကိုငေးမောရင်းအိမ်ပြန်ချိန်ရောက်ပြန်ပြီပေါ့။ ကျွန်တော်အိမ်ပြန်တော့မယ်ဗျာ။ အိမ်ရောက်ရင် ဆောင်းငှက်လေး
တွေဝရန်တာမှာ ကျွန်တော်လာတာကိုစောင့်နေရောပေါ့။ အေးစက်တဲ့ နှင်းစက်တွေကြားမှာ နိုးထလာရဦးမယ့် အာရုံဦး
နေ့သစ်တွေ နောက်ထပ်နောက်ထပ်ဖြတ်သန်းချင်သေးတယ်။ကျွန်တော်ပြန်တော့မယ်။ ငှက်ကလေးတွေလဲ အိပ်တန်း
တက်ကြတော့မယ်။



အမှောင်ထုကြီးက ဖုံးလွှမ်းသွားလို့ ကြယ်တွေ၊လတွေတောင် အထက်ကောင်းကင်ယံမှာ နေရာယူနေကြပြီ။
အိပ်တန်းတက်ဖို့ ဆောင်းငှက်လေးတွေလဲနေရာဦးနေကြပြီ။ ဘတ်စ်ကားပေါ်ရောက်တော့ လွတ်နေတဲ့နေရာလေးမှာ
ဝင်ထိုင်ရင်းကုန်လွန်သွားပြန်ပြီ။ကုန်ဆုံးသွားပြန်ပြီ တစ်နေ့။

တစ်နေ့....ပြီးတော့ နောက်တစ်နေ့...ဒီလိုနဲ့

နှင်းခိုတဲ့ဆောင်းငှက်လေးတွေ...နေရပ်ကိုပြန်ဖို့နီးကပ်လာပြီနော်။ သူတို့အပြန် ကျွန်တော်နှုတ်ဆက်ချင်ပါသေးတယ်။
နောင်နှစ်ဆောင်းမှာ ဆုံကြပါဦးစို့.....

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့