Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 30 July 2012

မီးလောင်မှုကို သိရှိနိုင်မည့် CCTV ကင်မရာများအား ယခုနှစ်ကုန်တွင် တပ်ဆင်နိုင်ရန် စီစဉ်



မီးသတ်ဦးစီး ဌာနရှိ Command and Control Center မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြား ချက်အရ မီးလောင်မှု တွေကို သိရှိနိုင်ဖို့အတွက် CCTV ကင်မရာ
တပ်ဆင်မှုကို အခု နှစ်ကုန်ပိုင်း ဒါမှမဟုတ် လာမယ့် နှစ်ဆန်းပိုင်းမှာ တပ်ဆင်ဖို့ လျာထား ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။ အဆိုပါ CCTV ကင်မရာ ကိုတော့ ရန်ကုန်မြို့ မှာရှိတဲ့ အထပ်မြင့် အဆောက်အအုံများ၊ တာဝါတိုင်များ အစရှိတဲ့ နေရာ ၄ နေရာမှာ တပ်ဆင် သွားမှာ ဖြစ်ပါတယ်။

ဒီလို CCTV ကင်မရာ တပ်ဆင်ရ တာဟာ မီးကင်း စောင့်ကြည့်တဲ့ သဘောဖြစ်ပြီး ကင်မရာက တဆင့် မီးလောင်မှု ဖြစ်ပွားရာ နေရာကို အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်အောင် စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒီလို အထပ်မြင့် တွေမှာ CCTV ကင်မရာ တပ်ဆင် ထားခြင်းကြောင့် အချို့ အဆောက်အဦး အတွင်းပိုင်းမှာ မီးလောင်မှု ဖြစ်ပွားပါက မီးခိုးငွေ့ ထွက်လာတဲ့ အခါ ကင်မရာကနေ တဆင့် တွေ့မြင်ရမှာ ဖြစ်ပြီး သွားရောက် မီးငြိမ်း သတ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ မှာတော့ CCTV ကင်မရာ တပ်ဆင်ဖို့ အတွက် ဇူလိုင်လ ၂၆ ရက်နေ့က Samsung ကုမ္ပဏီမှ ပစ္စည်း မိတ်ဆက်မှု ပြုလုပ်ခဲ့တဲ့ အပြင် အခြား ကုမ္ပဏီ တစ်ခုကလည်း လုပ်ငန်း ဆောင်ရွက်ဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ် ထားတာ ဖြစ်ပါတယ်။ ဒီလို CCTV ကင်မရာ တပ်ဆင်မှုတွေ ပြီးရင်တော့ ရန်ကုန်တိုင်း ဒေသကြီး၊ မီးသတ် ဦးစီးဌာနရှိ Command And Control Center နဲ့ ချိတ်ဆက်ကာ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရွှေတိဂုံ စေတီတော်ရှိ စဥ့်ကူးမင်း ခေါင်းလောင်းအား သံပန်းများ ကာရံကာ ထိန်းသိမ်း သွားမည်



ရွှေတိဂုံ စေတီတော်ရှိ စဥ့်ကူးမင်း ခေါင်းလောင်းဟာ နှစ် ၂၀၀ ကျော် သက်တမ်းရှိ လာပြီဖြစ် တာကြောင့် ပျက်စီးမှု မဖြစ်ပေါ်စေဖို့ အတွက် ခေါင်းလောင်း
ဝန်းကျင်ကို သံပန်းကာရံကာ ထိန်းသိမ်း သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို သံပန်း ကာရံရခြင်းမှာ အဆိုပါ ခေါင်းလောင်းဟာ နှစ်ပေါင်း ၂၃၄ နှစ် သက်တမ်း ရှိနေပြီး ဘုရာဖူး လာသူများ ခေါင်းလောင်း ထိုးမှုများကြောင့် ပျက်စီး ကျိုးပဲ့မှု ဖြစ်ပေါ် လာမှာစိုးတဲ့ အတွက် ကာရံခြင်း ဖြစ်ပါတယ်။

ဒီလို ကာရံမှုကို ဇူလိုင်လ ကုန်ပိုင်း လောက်မှ စတင်ပြီး သံပန်း အနိမ့်များနဲ့ ကာရံသွားမှာ ဖြစ်တယ်လို့ ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့မှ တာန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ စဥ့်ကူးမင်း ခေါင်းလောင်းမှာ အလေးချိန်တန် ၂၄ တန်ရှိပြီး ရွှေတိဂုံ စေတီတော်ရှိ လက်ရှိ ခေါင်းလောင်း များထဲမှာ ဒုတိယ အကြီးဆုံး ခေါင်းလောင်း ဖြစ်ပါတယ်။ ရွှေတိဂုံ စေတီတော်မှာ ခေါင်းလောင်း စုစုပေါင်း ၃၅ လုံးရှိပြီး ပထမ အကြီးဆုံး ခေါင်းလောင်းမှာ သာယာဝတီမင်း ခေါင်းလောင်း ဖြစ်ပြီး အဆိုပါ ခေါင်းလောင်းမှာ အလေးချိန် ၄၂ တန်ရှိပြီး သက်တမ်းမှာ ၁၇၂ နှစ် သက်တမ်းရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့တွင်းရှိ စက်ရုံသုံး မီတာများကို Analog မှ Digital သို့ ပြောင်းလဲ တပ်ဆင်



ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့မှ မြို့တွင်းရှိ စက်ရုံသုံး မီတာများကို Analog မှ Digital မီတာ ပြောင်းလဲကာ တပ်ဆင်ပေး လျက်ရှိတယ်လို့
သိရပါတယ်။ အခုလို တပ်ဆင် ပေးရတာ ကတော့ စက်မှုဇုန်ရှိ CT Meter များဟာ Analog မီတာများ ဖြစ်ပြီး CT Coil များနဲ့ တပ်ဆင်ပြီး သံပုံးများနဲ့ အသုံးပြုခဲ့တာ ဖြစ်တဲ့ အတွက် အတွင်းမှာရှိတဲ့ Connection ကို မမြင်ရဘဲ မသမာမှုများ ပြုလုပ်နိုင်တာ ဖြစ်တဲ့အတွက် unit losses များ ဖြစ်ပေါ် မှုတွေရှိ ခဲ့တယ်လို့ သိရပါတယ်။

အခုလို unit losses အနေနဲ့ တစ်လမှာ ရန်ကုန်တိုင်း ဒေသကြီး အတွင်း ခရိုင် ၄ ခရိုင်မှာ ပေးပို့တဲ့ ဓာတ်အားရဲ့ ၁၈ ရာခိုင်နှုန်းခန့် ပျောက်ဆုံး လျက်ရှိတယ်လို့ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ် အားပေးရေး အဖွဲ့မှ တာဝန်ရှိသူရဲ့ ပြောပြချက် အရ သိရပါတယ်။ unit losses ပျောက်ဆုံးရာမှာ Technical Losses နဲ့ Non Technical Losses ဆိုပြီး အပိုင်း ၂ ပိုင်းရှိရာ ယခု လဲလှယ် တပ်ဆင်မယ့် Digital Meter ဟာ အပိုင်း ၂ ပိုင်းလုံးနဲ့ အကျုံးဝင် တယ်လို့လည်း သိရှိရပါတယ်။ ဒါ့အပြင် ဒီဂျစ်တယ် မီတာများကို Hand Held unit နဲ့ ၁၀၀ မီတာ အကွာမှ ဖတ်ရှုနိုင်ပြီး တစ်နာရီကို မီတာအလုံး ၆၀၀ အထိ ဖတ်ရှုနိုင်တယ် လို့လည်း သိရှိရပါတယ်။

နည်းပညာပိုင်း အနေနဲ့ ကိုရီးယား ကုမ္ပဏီဖြစ်တဲ့ Kepidမှ အကူအညီ ရရှိထားတာ ဖြစ်တယ် လို့လည်း သိရပါတယ်။ လက်ရှိ ရန်ကုန်မြို့တွင်းမှာ လုပ်ငန်းသုံးနဲ့ စက်ရုံသုံး တွေကို အဓိကထား တပ်ဆင်ပေး သွားမှာ ဖြစ်ပြီး နောက်ပိုင်းမှာ အိမ်သုံးမီတာ တွေကိုပါ ပြောင်းလဲ တပ်ဆင်ပေး နိုင်အောင် ပြုလုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ အခုလို အိမ်သုံး မီတာတွေကို ပြောင်းလဲ တပ်ဆင်ရာ မှာလည်း မီးအ၀င်အထွက မမှန်တဲ့ နေရာတွေမှာ အဓိကထား တပ်ဆင်သွားဖို့ ရှိတယ်လို့ သိရှိရပါတယ်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုအား အဆင့် ၄ ဆင့်ဖြင့် ဆောင်ရွက် သွားမည်



၂၀၁၄ ခုနှစ်မှာ ကောက်ယူ သွားမယ့် ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူမှုကို လုပ်ငန်း အဆင့် ၄ ဆင့်နဲ့ ခွဲခြား ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့
သိရပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ ပထမ အဆင့် အနေနဲ့ ကြိုတင် ပြင်ဆင်ခြင်း လုပ်ငန်း၊ ဒုတိယ အဆင့် စာရင်းကောက် လုပ်ငန်း၊ တတိယ အဆင့် စာရင်း ပြုစုခြင်း လုပ်ငန်း၊ စတုတ္ထ အဆင့် အနေနဲ့ ဆန်းစစ်ခြင်းနှင့် အစီရင်ခံစာ ပြုစုထုတ် ပြန်ခြင်း လုပ်ငန်းများ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

အခု လက်ရှိ မှာတော့ ပထမအဆင့် ကြိုတင် ပြင်ဆင်ခြင်း လုပ်ငန်း အနေနဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှာ မြေပုံများကို ရပ်ကွက်၊ ကျေးရွာ အုပ်စုများ ပါဝင်အောင် ရေးဆွဲ လျက်ရှိနေ တယ်လို့ သိရပါတယ်။ ဒါ့အပြင် သန်းခေါင်စာရင်း လုပ်ငန်းများမှာ အသုံးပြုမယ့် In-tellignet Character Registration နည်းပညာ အသုံးပြုဖို့ လိုအပ်တဲ့ စက်ကိရိယာများ တပ်ဆင်ခြင်း၊ ဆော့ဖ်ဝဲများ အင်စတော လုပ်ခြင်း၊ Tabulation Plan များ ရေးဆွဲခြင်း၊ လုပ်ငန်းခွင် သင်တန်းများ ပေးခြင်း၊ Data Entry Program နှင့် Editing Program များ ရေးသားခြင်း စတာတွေကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။ ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူမယ့် အစီအစဉ် တစ်ခုလုံးကို ၃ နှစ်နဲ့ ၁၀ လကြာ ဆောင်ရွက် ရမှာဖြစ်ပြီး ၂၀၁၅ ခုနှစ် အတွင်းမှာ လူဦးရေ ဆိုင်ရာ အခြေခံ အချက်အလက် များကို ထုတ်ပြန်ပေး နိုင်မှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

အရုပ်များ ပြုပြင်ပြောင်းလဲရန် ရေခဲကမ္ဘာဥယျာဉ်အား ခေတ္တပိတ် ထားမည်



ရန်ကုန်မြို့၊ ကန်တော်ကြီး ဥယျာဉ် အတွင်းမှာ ဖွင့်လှစ် ထားတဲ့ ပျော်ရွှင်စရာ ရေခဲကမ္ဘာ ဥယျာဉ် အတွင်းရှိ အရုပ်တွေကို ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်
သွားဖို့ ရှိတဲ့ အတွက်ကြောင့် ခေတ္တ ပိတ်ထားဖို့ ရှိတယ်လို့ ရေခဲကမ္ဘာ ဥယျာဉ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ပြောင်းလဲ ထုလုပ်ရာ မှာတော့ အဆိုပါ ဥယျာဉ် အတွင်း သဘာဝ အတိုင်း နှင်းကျမှု ပုံစံများ အပြင် ဥယျာဉ် အတွင်းမှာ ကားများနဲ့ လှည့်လည် ကြည့်ရှု နိုင်အောင်ပါ ပြန်လည် ပြုပြင်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါ ဥယျာဉ် အတွင်းရှိ ရုပ်ထုတွေဟာ အချိန်ကာလ ကြာမြင့်လာ တာကြောင့် လာရောက် လည်ပတ်သူတွေ အတွက် အသစ်အဆန်း တစ်ခုထပ်မံ ဖြစ်ပေါ်စေဖို့ ရုပ်ထုအသစ် တွေကို ပြောင်းလဲ ထုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ပြောင်းလဲ ထုလုပ်ဖို့ အတွက် ကိုတော့ တရုတ်နိုင်ငံက ပန်းပု ပညာရှင်များကို ဖိတ်ခေါ် ပြုလုပ်စေမှာ ဖြစ်ပါတယ်။ ဒီလို ပြုပြင်မှုတွေ ပြုလုပ်ဖို့ ပျော်ရွှင်စရာ ရေခဲကမ္ဘာ ဥယျာဉ်ကို သြဂုတ်လ ၁၅ ရက်နေ့ အထိ ဖွင့်လှစ် ထားကာ အဲ့ဒီရက် နောက်ပိုင်း မှာတော့ ခေတ္တ ပိတ်သွားမှာ ဖြစ်ပါတယ်။ ဒီလို ပြုပြင်မှုတွေ ဆောင်ရွက်ပြီး ရင်တော့ အောက်တိုဘာ လဆန်းပိုင်းမှာ ပြန်လည် ဖွင့်လှစ် နိုင်အောင် စီစဉ် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 

အဝေးပြေး ယာဉ်လုပ်သားများ အတွက် အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဆေးခန်း ဖွင့်လှစ်သွားမည်



အဝေးပြေး ကုန်စည် ပို့ဆောင်ရေး အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ အဝေးပြေး ကုန်စည် ပို့ဆောင်ရေး အသင်း လက်အောက်ရှိ
ယာဉ်လုပ်သားတွေ အတွက် အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်မယ့် ဆေးခန်းကို ဖွင့်လှစ်ပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဆေးခန်းကို သြဂုတ်လ လဆန်းပိုင်း လောက်မှာ ဖွင့်လှစ် သွားမှာ ဖြစ်ပါတယ်။

အဲ့ဒီ ဆေးခန်းမှာ ဆရာဝန် ၁ ဦးနဲ့ သူနာပြု ၂ ဦး ထားရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်ပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဆေးခန်းကို ဘုရင့်နောင် ကုန်စည်ဒိုင် အတွင်းရှိ ခရေလမ်း ထဲမှာ ဖွင့်လှစ် သွားမှာ ဖြစ်ပါတယ်။ ဒီလို ဖွင့်လှစ်ရာမှာ ဆေးခန်း စတင် ဖွင့်လှစ်ရာ မှာတော့ အချိန်ပိုင်း နဲ့သာ ဖွင့်လှစ်မှာ ဖြစ်ပြီး နောက်ပိုင်း မှာတော့ အချိန်ပြည့် ဖွင့်လှစ်နိုင်အောင် စီစဉ်ပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

» မြစ်ဆုံစီမံကိန်းသို့ လာရောက်လေ့လာရန် CPI ၏ ဖိတ်ခေါ်ချက်အား ဒေါ်အောင်ဆန်းစုကြည် ငြင်းပယ်


မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်းသို့ လာရောက်လေ့လာ ရန် CPI ကုမ္ပဏီ၏ ဖိတ်ခေါ် ချက်အား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ငြင်းပယ်လိုက် ကြောင်း CPI ကုမ္ပဏီမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

CPI ကုမ္ပဏီအနေဖြင့် မြစ်ဆုံစီမံကိန်း အပါအဝင် ဧရာဝတီမြစ် ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ၏ အကျိုးရလဒ်များအား မြန်မာနိုင်ငံရှိ ပြည်သူများ သဘောကျ နှစ်သက်သည့် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြား၍ ရှင်းလင်း တင်ပြသွားရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ ဆက်သွယ် အကြောင်းကြားခဲ့သော်လည်း ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ယခု နှစ်အတွင်း ပြည်ပခရီးစဉ်များနှင့် လွှတ်တော်တက်ရန် အစီအစဉ်များ ရှိနေသည့်အတွက် လာရောက်လေ့ လာခြင်း မပြုနိုင်ဟု အကြောင်းပြန် ခဲ့ကြောင်း CPI ကုမ္ပဏီမှ စီမံခန့်ခွဲမှု ဒါရိုက်တာ Mr. Wang Quiye ကပြောသည်။

''ကျွန်တော်တို့ အနေနဲ့ ဒေါ် အောင်ဆန်းစုကြည်ကို မြစ်ဆုံစီမံ ကိန်း အကြောင်း လာရောက်လေ့ လာဖို့အတွက် ဖိတ်ခေါ်ခဲ့ပေမယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြန် ကြားရေးမှူး ဦးဥာဏ်ဝင်းက တစ်ဆင့် ဒေါ်စုက ဒီနှစ်အတွင်းမှာ ပြည်ပခရီးစဉ်တွေနဲ့ လွှတ်တော် အစီအစဉ်တွေရှိတဲ့အတွက် မလာ နိုင်ဘူးလို့ ပြောတယ်'' ဟု ၄င်းက ဆိုသည်။

CPI ကုမ္ပဏီမှ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ မစ္စတာ ကော့ကိမ်းလျှောင်က ၄င်းတို့ အနေဖြင့် မြစ်ဆုံစီမံကိန်း အပါအဝင် ဧရာဝတီမြစ်ညာမြစ်ဝှမ်း ရေအား လျှပ်စစ်စီမံကိန်း၏ အကျိုး ရလဒ်များနှင့် ပတ်သက်၍ မြန်မာ ပြည်သူများ သိရှိနိုင်ရန်အတွက် ကြိုးပမ်းလျက်ရှိကြောင်း၊ ထိုသို့ ကြိုးပမ်းရာတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်အား မြစ်ဆုံ စီမံကိန်းသို့ ဖိတ်ကြား၍ စီမံကိန်း၏ အကျိုးတရားများအား ရှင်းပြရန်အတွက်လည်း ပါဝင် ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ထိုစီမံကိန်း၏ အကျိုးကျေးဇူး များအား သိရှိပါက ပြည်သူများအား နားလည် သဘောပေါက်အောင် ပြန်လည်ပြောကြားနိုင်မည်ဟု ယူဆသည့်အတွက်ဖြစ်ကြောင်း ပြောသည်။

CPI ကုမ္ပဏီအနေဖြင့် မြစ်ဆုံ အပါအဝင် ဧရာဝတီ မြစ်ညာမြစ်ဝှမ်း ရေအား လျှပ်စစ်စီမံကိန်း ၇ ခု အား ၂ဝဝ၆ ခုနှစ်တွင် တိုင်းတာ စစ်ဆေးမှုများ ပြုလုပ် ၍ ၂ဝ၁ဝ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ သော်လည်း ၂ဝ၁၁ ခုနှစ် မေလ ၁၉ ရက်တွင် ပြည်သူများ၏ တောင်းဆိုချက် အရ မြစ်ဆုံစီမံကိန်းအား နိုင်ငံတော် သမ္မတ၏ အမိန့်ဖြင့် ရပ်ဆိုင်းလိုက် ရခြင်း ဖြစ်သည်။

၂၀၁၄ မြန်မာတစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူမှုတွင် ရိုဟင်ဂျာ ပါမည်မဟုတ်


၂၀၁၄ မြန်မာတစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်ယူမှုတွင် ရိုဟင်ဂျာ ပါမည်မဟုတ်ဟု လ၀က ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ က ယနေ့ နိုင် ငံခြားရေး ၀န်ကြီးရုံးဟောင်းတွင် ရခိုင်အရေးနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ အပြင် ဘင်္ဂလားဒေရှ် သံ အမတ်ကြီး၏ “ရိုးဟင်ဂျာများမှာ မြန်မာတိုင်းရင်းသား ၁၃၅ မျိုးတွင် ပါဝင်ခြင်းရှိမရှိ “ ဟူသော အမေးကိုလည်း ၄င်းက ရိုဟင်ဂျာများမှာ ပထမအင်္ဂလိပ်ကျူးကျော်စစ်ပြီးနောက်ပိုင်းမှ မြန်မာနိုင်ငံသို့  ရောက်ရှိ
လာခဲ့ခြင်းဖြစ်ပြီး မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း တရားဝင်ငြင်းဆို လိုက်သည်။

ရခိုင်ဒေသ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရန် တောင်းဆိုခြင်း အား ပြည်ထောင်စုဝန်ကြီး ငြင်းပယ်


ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ တစ်ဖက်သတ်ဆက်ဆံမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ၊ စုံစမ်းစစ်ဆေးမှုပြုရန် တောင်းဆိုခြင်းအား နိုင်ငံတော်အစိုးရ အနေဖြင့် လက်ခံဖွယ်မရှိဟု လ၀က ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ယနေ့သတင်းစာရှင်းလင်းပွဲတွင် ဆိုသည်။ နိုင်ငံတော် အစိုးရက ဘယ်လို ဆုံးဖြတ်မလဲတော့ ကျွန်တော် အတိအကျမသိဘူးလေ။ ဒါပေမယ့်ခင်ဗျား စဉ်းစားကြည့်ပါ။ ပြည်တွင်းမှာ အစဉ်အဆက်နေခဲ့တဲ့ ဘင်္ဂါလီ လူမျိုးတွေနဲ့ ရခိုင် တိုင်းရင်းသားတွေနဲ့ တစ်အိမ်တည်း မှာနေနေတဲ့ ညီအစ်ကိုတွေ ရန်ဖြစ်ကြတာပဲ၊ ဒါဟာဒေသတွင်း ကိစ္စလေ၊ နိုင်ငံတကာအရေးမှ မဟုတ် တာ၊ ဖြေရှင်းချင်ရင် Bilitral (မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား) ဖြေ ရှင်းရမှာလေ၊ ဒါကိုနိုင်ငံတကာအရေးလို စုံစမ်းစစ်ဆေးမှုပြု ပါလို့ တောင်းဆို လာရင်တော့ ကျွန်တော်ထင်တယ် နိုင်ငံတော်အစိုးရက လက်ခံမှာ မဟုတ် ဘူးဟု ၄င်းကပြောသည်။ ရခိုင်အရေးနှင့် ပတ်သက်၍ ယနေ့နေ့လည် (၁) နာရီတွင် ယခင် နိုင်ငံခြားရေးဝန်ကြီး ရုံးဟောင်း၌ လ၀ကပြည်ထောင်စု ၀န်ကြီး၊ နိုင်ငံခြားရေးပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာ ပြည်ထောင်စု ၀န်ကြီး ဦးစီး၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိလို့ ဝန်ကြီး ဦးခင်ရီပြောကြား


မြန်မာနိုင်ငံက တိုင်းရင်းသား (၁၃၅) မျိုးထဲမှာ ရိုဟင်ဂျာဟာ ဘယ်တုန်းကမှ မပါဝင်ခဲ့ဘူးသလို မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုး ဆိုတာလည်း မရှိဘူးလို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူအင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇူလိုင်လ ၃၀ ရက်က ရန်ကုန်မြို့ နိုင်ငံခြားရေး ၀န်ကြီးဌာန အဆောက်အဦးဟောင်းတွင် ကျင်းပသည့် ရခိုင်ဒေသ အရေးနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
ကိုလိုနီ အင်္ဂလိပ်အစိုးရ လက်ထက်ကစလို့ ၁၉၇၃ ခုနှစ်နဲ့ ၁၉၈၃ ခုနှစ်တွေမှာ ကောက်ယူခဲ့တဲ့ သန်းခေါင်း စာရင်းတွေအရ ရိုဟင်ဂျာလူမျိုးဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့ ရန်ကုန်မြို့ နိုင်ငံခြားရေး ၀န်ကြီးဌာန အဆောက်အဦးဟောင်းမှာ ဒီကနေ့ ကျင်းပတဲ့ ရခိုင်ဒေသ အရေးနဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ၀န်ကြီး ဦးခင်ရီက အခုလို ပြောကြားခဲ့တာပါ။
ရိုဟင်ဂျာဟာ မြန်မာတိုင်းရင်းသား လူမျိုးမဟုတ်ဘူးဆိုတာ သမ္မတ ဦးသိန်းစိန်လည်း အခိုင်အမာ ပြောဆိုထားပြီး ဖြစ်တယ်လို့ ဦးခင်ရီက ပြောပါတယ်။ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားခဲ့တဲ့ ၁၈၂၄ ခုနှစ် နောက်ပိုင်း ရခိုင်ဒေသဟာ အင်္ဂလိပ် ကိုလိုနီဘ၀ လက်အောက်ကို ရောက်ရှိသွားပြီး လယ်ယာလုပ်သား လိုအပ်ချက်ကို ဖြည့်တင်းနိုင်ဖို့ တဖက်နိုင်ငံကနေ ဘင်္ဂါလီ လူမျိုးတွေကို ခေါ်ယူခဲ့ရခြင်းသာ ဖြစ်တယ်လို့လည်း ဦးခင်ရီက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားနဲ့ ပြည်ထောင်စု ၀န်ကြီး ငါးဦးတို့ ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့မှာ တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက- ရခိုင်ပြည်နယ်က ပဋိပက္ခနဲ့ ပတ်သက်ပြီး သေဆုံးသူ ၇၇ ဦး ရှိကြောင်း၊ ရခိုင်လူမျိုး ၃၁ ဦး၊ ဘင်္ဂါလီလူမျိုး ၄၆ ဦးဖြစ်ကြောင်း၊ လက်ရှိ ဒုက္ခသည်ဦးရေ စုစုပေါင်း ၆ သောင်းကျော် ရှိပြီး ရခိုင် တိုင်းရင်းသား လူမျိုး ၈ ထောင်ကျော်၊နဲ့ ဘင်္ဂါလီလူမျိုး ၅ သောင်းကျော်ရှိကြောင်း ထုတ်ပြန် ပြောကြားခဲ့ပါတယ်။
အဆိုပါ အရေးအခင်းတွေမှာ ပါဝင်ပတ်သက်မှုအတွက် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်း (INGO) များမှ ၀န်ထမ်း ၁၀ ဦးကို ဖမ်းဆီးအရေးယူခဲ့ပြီး တစ်ဦးကို စစ်ဆေးပြီးနောက် ပြန်လည် လွှတ်ပေးလိုက်ကြောင်း၊ ပဋိပက္ခတွင် ပါဝင် ပတ်သက်၍ ဖမ်းဆီးခံရသော INGO များမှာ UNHCR မှ ငါးဦး၊ AZG မှတစ်ဦးနှင့် WFP မှတစ်ဦးတို့ ဖြစ်ကြောင်း AZG မှဝန်ထမ်းကို ဖမ်းဆီး စစ်ဆေးပြီးနောက် ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်းလည်း ပြောပါတယ်။
ရခိုင်ပြည်နယ်တွင် ပဋိပက္ခများတွင် INGO များမှ တချို့ပါဝင်ပတ်သက်မှုများ ရှိခြင်းကြောင့် ဖမ်းဆီးမှုများ ရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အစိုးရက ယခုသတင်းစာ ရှင်းလင်းပွဲတွင်မှ တရားဝင် ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။
ပါကစ္စတန် အခြေစိုက် တာလီဘန်အဖွဲ့က မြန်မာနိုင်ငံကို ခြိမ်းခြောက်ခဲ့မှုများ ပြည်ပ မီဒီယာများတွင် ဖော်ပြခဲ့ပြီး ပြည်သူများက စိုးရိမ် ပူပန်မှုများ ရှိနေတာကြောင့် နယ်စပ်နှင့် ပြည်တွင်း လုံခြုံရေးနှင့် ပတ်သက်၍ နယ်စပ်ရေးရာနှင့် မြန်မာ့စက်မှု ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို မေးမြန်းရာ “လုံခြုံရေး အပြည့်အ၀ ရှိပါတယ်”ဟု ဖြေကြားကြောင်းလည်း သိရပါတယ်။
ဒီနေ့ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲကို ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီနဲ့ အတူ နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီး ဦးအောင်ကြည်၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ သံရုံးများမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါတယ်။

ဦးအောင်သိန်းလင်းကို လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရုတ်သိမ်းရန် မဲပေးခဲ့သူများ၏ လက်မှတ်များ စုဆောင်း


ရန်ကုန်၊ ဇူလိုင် ၃၀

ကြံ့ခိုင်ရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦအောင်သိန်းလင်းကို လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ပြန်လည် ရုတ်သိမ်းရန်အတွက်၂၀၁၀ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခဲ့သူများ၏ လက်မှတ်များကို စုဆောင်းလျှက် ရှိရာ ဇူလိုင်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်ထိ လက်မှတ် ၂၀၀ ခန့် ရရှိပြီး ဖြစ်ကြောင်း တောင်ဥက္ကလာပ မြို့နယ်အနှံ့ လက်မှတ် စုဆောင်းရေး လုပ်ဆောင်မှုကို ဦးဆောင် ဆောင်ရွက်နေသူ ဦးမင်းအောင်က ပြောကြားသည်။

အနည်းဆုံး လက်မှတ် ၂၀၀၀ ခန့်အထိ ရရှိနိုင်ရန် ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၉)၊ အပိုဒ် ၃၉၆ (လွှတ်တော် ကိုယ်စားလှယ် ပြန်လည်ရုတ်သိမ်းရေး အခန်း) တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်မှ မဲဆန္ဒရှင်များက အဆိုပါ လွှတ်တော်ကိုယ်စားလှယ်ကို တာဝန်မှ ပြန်လည် ရုတ်သိမ်းလိုပါက မဲဆန္ဒရှင် ၁ ရာခိုင်နှုန်း၏ ကန့်ကွက်မှုကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြရမည်ဟု ပါရှိသည့် အတွက် တောင်ဥက္ကလာပ မဲဆန္ဒနယ်တွင် မဲဆန္ဒရှင် ရှစ်သောင်းကျော်သာ ရှိသောကြောင့် ကန့်ကွက်သူ ဦးရေ ရှစ်ရာကျော် ရရှိမည် ဆိုပါက အဆိုပါ လွှတ်တော်ကိုယ်စားလှယ်ကို ကန့်ကွက်နိုင်မည် ဖြစ်ကြောင်း ဦးမင်းအောင်က ရှင်းလင်း ပြောကြားသည်။

တရုတ်နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းတို့ အင်တာဗျူးတွင် အဆိုပါ လွတ်တော်ကိုယ်စားလှယ်က သမ္မတ ဦးသိန်းစိန်သည် မိမိ၏ သက်တမ်း ကာလအတွင်း တည်ဆောက်မှုများ ရပ်ဆိုင်းထားမည်ဟု ဆိုခဲ့သော ဧရာဝတီ မြစ်ဆုံဆည်ကို မဖြစ်မနေ ပြန်လည် တည်ဆောက်သွားမည် ဖြစ်ကြောင်း ပြောဆိုမှုများသည် ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်နေသောကြောင့် ယခုကဲ့သို့ တာဝန်မှ ပြန်လည် ရုတ်သိမ်းရေး အတွက် ကန့်ကွက် စီစဉ်ရခြင်း ဖြစ်ကြောင်း အဆိုပါ လူပ်ရှားမှုတွင် ပါဝင်သော တောင်ဥက္ကလာပ မြို့နယ်မှ မဲဆန္ဒရှင် အချို့က ဆိုသည်။

ဦးအောင်သိန်းလင်းက Southern Weekend သတင်းစာသို့ ဖြေကြားမှုကို စိစစ်လျက်ရှိပြီး တွေ့ရှိချက် အပေါ် မူတည်၍ ပါတီ၏ စည်းကမ်းအရ ဆက်လက် အရေးယူသွားမည် ဖြစ်ကြောင်း ကြံ့ခိုင်ရေး ပါတီက ဇူလိုင်လ ၂၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ထားသည်။

အဆိုပါ Southern Weekend သတင်းစာ အင်တာဗျူးတွင် ဖော်ပြထားသည့် အတိုင်း ပြောကြားခဲ့ခြင်း မရှိဘဲ အဆိုပါ သတင်းစာက ဘာသာပြန် လွဲမှားခြင်းသာ ဖြစ်ပြီး မိမိအနေဖြင့် မိခင်ပါတီက အပြစ်ပေးပါက ခံယူသွားမည် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ပြည်တွင်းထုတ် ဂျာနယ်တစ်စောင် မှတဆင့် ပြန်လည် ရှင်းလင်းထားသည်။

ဓာတ်ဆီဆိုင်အား ပြောင်းရွှေ့ပေးရန် သာစည်မြို့မှ ပြည်သူများ ဆန္ဒပြ


(ဓါတ်ပုံ- ကျော်နိုင်ဝင်း) သာစည်မြို့ 

မြို့တွင်း မီးဘေး အန္တရာယ် စိုးရိမ်ရသဖြင့် သာစည်မြို့ အလယ်ရှိ ကောင်းဇော်ဟိန်း ဓာတ်ဆီဆိုင်ရွှေ့ပြောင်း   ပေးရန်အတွက် သာစည်မြို့  ခံပြည်သူ(၁၀၀) ခန့်က ယနေ့ 
နံနက်(၉း၀၀) နာရီအချိန်မှ စတင်၍ တရားဝင်စီတန်း လှည့်လည် ဆန္ဒပြခဲ့ကြသည်။

“ကောင်းဇော်ဟိန်း ဓာတ်ဆီဆိုင်ရဲ့ ဘေးမှာမူကြို ကျောင်း၊ လဝကရုံး၊ ဘဏ်၊
လျှပ်စစ်ရုံး ၊စတဲ့အစိုးရ ရုံးတွေရှိတယ် ၊မြို့လယ်ခေါင် တည့်တည့် ဆိုတော့ 
သာစည်မြို့ပြာ ကျမှာ စိုးရိမ်ရတယ်”ဟု ဆန္ဒပြရာတွင် ဦးဆောင်သူ 
ကိုဝင်းချိုက ပြောသည်။

ကောင်းဇော်ဟိန်း ဓါတ်ဆီဆိုင် ပြောင်းရွှေ့ရန်အတွက်မြို့အပြင်တွင်သတ်မှတ် ထားသော မြေနေရာရှိကြောင်းကိုလည်း  ၄င်း၏ ပြောဆိုမှုအရ သိရှိရသည်။

“ဓါတ်ဆိုင်ထဲမှာဆီဂါလံတစ်သောင်းကျော်ဆန့်တဲ့ကန်တွေနဲ့ဓါတ်ဆီသိုလှောင်
ထားတယ်မီးဘေးအတွက်သာစည် မြို့နေလူထုရဲစိတ်ထဲမှာမတင်မကျဖြစ်နေ
ကြတယ်၊ ကျမတို့က ဓါတ်ဆီဆိုင်ပြောင်းရွေ့ရေးကိုပဲအဓိက လုပ်ဆောင်သွားမှာပါသက်ဆိုင်ရာကလည်းထိထိရောက်ရောက်လုပ်
 ဆောင်ပေးစေလိုပါတယ်”ဟုသာစည် မြို့ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ
 ဒေါ်နွဲ့ယဉ်က ဆိုသည်။

ကောင်းဇော်ဟိန်းဓါတ်ဆီဆိုင်သည်သာစည်မြို့အမှက်(၄)ထိန်ကန်ရက်ကွက်
ဗဟိုလမ်းမကြီးပေါ်တွင်ရှိပြီး အစိုးရပိုင်BOCစက်သုံးဆီအရောင်းဆိုင်မှ ပုဂ္ဂလိကသို့တဆင့်လွှဲပြောင်းရောင်းချထားခဲ့သည့် ဆိုင်ဖြစ်သည်။

ဆန္ဒပြမှုအပေါ်တွင် ကောင်းဇော်ဟိန်းဓါတ်ဆီိဆိုင်မှ ပြန်လည် တုန့်ပြန်ခြင်း 
မရှိသေးကြောင်း ဆန္ဒထုတ်ဖော်  နေသူ မြို့ခံအချို့ ထံမှ သိရှိရသည်။

လာမည့်နှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ဂျပန်သွားသို့ သွားရောက်မည်


ရန်ကုန်၊ဇူလိုင်-၃၀

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်သည် ဂျပန်နိုင်ငံသို့
လာမည့်နှစ်တွင် အလည်အပတ် သွားရောက် မည်ဖြစ်ကြောင်း အေပီသတင်း တစ်ရပ်က 
ဖော်ပြသည်။

ဒေါ်အောင်ဆန်း စုကြည်က ဂျပန်ချစ်ကြည် ရေးသံတမန် မစ္စတာ ယိုဟေး ဆာဆာကာဝါ 
နှင့် နေပြည်တော်၍ တွေ့ဆုံစဉ် သူမ၏ ခရီးစဉ်အား ပြောကြားသွား ခဲ့ကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစု ကြည်သည် ဂျပန်နိုင်ငံ၏ ရာသီဥတု သာယာလှပချိန် ချယ်ရီပန်းများ
ပွင့်သည့် မတ်လကုန်ခန့်တွင် သွားရောက် လည်ပတ်ရန် ရည်ရွယ်ထား သည်ဟု သူမက
ပြောကြားကြောင်း ဆာဆာကာဝါ အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလက ဂျပန်နိုင်ငံခြား ရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်စဉ်
ဒေါ်အောင်ဆန်း စုကြည်အား ဂျပန်နိုင်ငံသို့ လာရောက် လည်ပတ်ရန် ဖိတ်ကြား
ခဲ့ခြင်းဖြစ်သည်။

ရဟန်း ဒါယိကာမကြီး ဒေါ်အောင်ဆန်းစုကြည် ၏ မင်္ဂလာ ရဟန်းခံ


ဒေါ်အောင်ဆန်း စုကြည် ပုဂံ ဘုရားဖူး သွားခဲ့စဉ် က တွေ့ ရပုံ (ဓါတ်ပုံ - Google Images)
ရဟန်း ဒါယိကာမကြီး ဒေါ်အောင်ဆန်းစုကြည် တပ်မတော် ဖခင်ကြီး၊ လွတ်လပ်ရေး 
ဗိသုကာကြီးနှင့် အာဇာနည် ခေါင်းဆောင်ကြီး ဖြစ်သော ဖခင်ကြီး သခင်အောင်ဆန်းနှင့်
မိခင်ကြီး သီရိသုဓမ္မ ဒေါ်ခင်ကြည် တို့အားရည်စူး၍ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်သည် ပုဂံမြို့ဟောင်း ဧရာဝတီမြစ်ကမ်းရှိ   ဣသိပညာဒေဝဂုရုဝါးကျောင်း၊
တန့်ကြည့်တောင် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓရ ဘဒ္ဒန္တသောမဗုဒ္ဓိ 
ကိုဥပ္ပဇ္ဈယ်ပြု၍ ပဉ္ဇင်းလောင်း'ရှင်သောဘိတ'အား ဥပသမ္ပဒကံဆောင်ခြင်း မင်္ဂလာ
ရဟန်းခံကို ၂၉-၇-၂ဝ၁၂(တနင်္ဂနွေနေ့) ကပြုလုပ်ခဲ့ပါသည်။ 

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်မလာ ရောက်နိုင်ပဲ အဖွဲ့ချုပ်မှ ဦးအုန်းကြိုင်
လာရောက်ခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ပုဂံခရီးစဉ် အတွင်းက လျှောက်
ထားခဲ့ သည့်အတွက် ဆရာတော်ခွင့်ပြုချက်ဖြင့် ရဟန်းခံခွင့်ရရှိခြင်းဖြစ်ပါသည်။

ညောင်ဦးမြို့နယ် အတွင်းရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင်များ၊ လူမှုရေး
အသင်းအဖွဲ့များမှ ဖိတ်ကြားထားသူများလာရောက်ကြပြီး ပုဂံသံဃာများအား
ဆွမ်းလောင်းခြင်း၊ ပင့်သံဃာများအား ဒန်ပေါက် ဆွမ်းကပ်လှူခြင်း၊ ရဟန်းခံလာ
ဧည့်ပရိဿတ်များအား ဒန်ပေါက်ဖြင့်ဧည့်ခံ ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

နိုင်ငံအကျိုးဆောင် လူထုခေါင်းဆောင်သည် ရဟန်းဒါယိကာမကြီးအဖြစ် သာသနာ
အကျိုးကိုဆောင်နိုင် သူလည်းဖြစ်ပါသည်။

၂၀၁၃ ခုနှစ်မှာ အကြွေးကဒ်တွေ စတင်သုံးစွဲနိုင်မည်



လာမယ့် ၂၀၁၃ ခုနှစ်ကျရင် မြန်မာနိုင်ငံက ဘဏ်တွေမှာ နိုင်ငံတကာ အကြွေးကဒ်တွေ
 စတင်သုံးစွဲနိုင် တော့မယ်လို့ မျှော်လင့်ရကြောင်း အေပီ သတင်း ကဖေါ်ပြပါတယ်။
ဒီကိစ္စအတွက် Visa အကြွေးကဒ် ကုမ္ပဏီ နဲ့ ဆွေးနွေးညှိနှိုင်းနေပြီ
ဖြစ်ကြောင်း ကမ္ဘောဇဘဏ် ဒု ဥက္ကဋ္ဌ ဦးသန်းလွင် က ပြောဆိုပါတယ်။

အမည်မဖေါ်လိုသူ ဘဏ်ဝန်ထမ်း နောက်တစ်ဦးကတော့ Visa ကုမ္ပဏီ နဲ့သာမက----


Sunday 29 July 2012

ပြည်တွင်း မိုဘိုင်း ဈေးကွက် အတွင်းသို့ ပြည်ပဖုန်း ကုမ္ပဏီ သုံးခု ဝင်ရောက် ရန်ရှိ


မြန်မာနိုင်ငံ ၏ မိုဘိုင်း နည်းပ ညာ ဈေးကွက် အတွင်းသို့ ပြည်ပနိုင် ငံ အသီး သီးမှ နည်း ပညာမြင့်  ဖုန်း ကုမ္ပဏီများ ဝင်ရောက်လုပ်ကိုင်နိုင် ရန်အတွက် စိတ်ဝင်စားမှုများ ရှိနေ ကြောင်း သိရသည်။ ထို့ပြင် ပြည်တွင်းနည်းပညာ ကုမ္ပဏီများသို့ နာမည်ကြီး မိုဘိုင်းဖုန်း ကုမ္ပဏီများမှ တရားဝင် ကိုယ်စား လှယ်အဖြစ် ခန့်အပ်ရန်----



နေပြည်တော် တွင် ပထမဆုံး မော်တော်ယာဉ်ပေါ် ခါးပိုက်နှိုက်သူ ဖမ်းဆီးရမိ

နေပြည်တော်ကောင်စီနယ်မြေ မြို့ပတ်ယာဉ်လိုင်ပေါ် ပထမဆုံးအကြိမ် ခါပိုက်နှိုက် မှု တစ်ခု ဇူလိုင်လ ၁၉ ရက်နေ့( အာဇာနည်နေ့ )ပျဉ်းမနား-တပ်ကုန်း တော်ဝင်ယာဉ်လိုင်းပေါ်တွင်ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။
ခါးပိုက်နှိုက်သူမှာ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊သာယာဝှမ်းကျေးရွာ၊ ကျည်တောင် အုပ်စုနေအသက်၂၁နှစ် အရွယ်ရှိ သူရဟိန်းဆို သူဖြစ်ပြီး---




ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် လက်ထောက်ကထိကဆရာမတစ်ဦးယာဉ် Accidence ဖြစ်ခြင်း



၂၆-၇-၂၀၁၂ (ကြာသပတေး)၊ မွန်းလွဲ ၂း၃၀ ခန့်တွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဂိတ်ပေါက်ဝအရှေ့တွင်၊ ဆိုင်ကယ်ကယ်ရီတစ်စီး၏မဆင်မခြင် မောင်းနှင်မှုကြောင့် လက်ထောက်ကထိက ဆရာမတစ်ဦးအား တိုက်မိပြီးထိခိုက်ဒဏ်ရာများရှိခဲ့ပါသည်။

ဒဏ်ရာများရရှိခဲ့သည့် ဆရာမအား သန်လျှင်ဆေးရုံသို့အရေးပေါ်ချက်ချင်းပိုဆောင်ပြီးလိုအပ်သည့် စစ်ဆေးမှုများနှင့်ကုသမှုများပြုလုပ်ခဲ့ပါတယ်။ စစ်ဆေးချက်တွေအရ ဆရာမဟာ ဦးခေါင်းတွင်ဖူးရောင်ဒဏ်ရာတစ်ခု၊ ၀ဲဖက်မျက်ခုံးကွဲဒဏ်ရာတစ်ခု၊ လက်နှင့် ပေါင်တွင်စုတ်ပြဲဒဏ်ရာများ--

ပေါက်တောမြို့နယ်ရှိ ကျွန်းစုများတွင် (န.စ.က) စခန်းချရန် ငွေကြေးများကောက်ခံနေ


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် မြေငူကျွန်း၊ အင်ကြင်းချိုင်ကျွန်း၊ ပိန္ဒဲချောင်းကျွန်းရှိ ကျေးရွာများတွင် န.စ.က မှ တပ်စခန်းချရန်ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံလျှက်ရှိကြောင်း သတင်းရရှိသည်။

“ ပေါက်တောမြို့နယ် ပိန္နဲချောင်းကျေးရွာအုပ်စု၊ ကျောက်ပြင်ကျေးရွာတွင် ရပ်ရွာကိုလုံခြုံရေးယူရန်အတွက် တပ်ဖွဲ့အင်အား (၆၀)ခန့် ပါသော န.စ.က တပ်စုတစ်စုသည် ယခုအခါ ကျနော်တို့ ကျောက်ပြင်ကျေးရွာကို လုံခြုံရေးယူရန် ရောက်နေပါတယ်။ သူတို့ ရောက်ပြီးသိပ်မကြာဘူး ပိန္န္နဲချောင်းကျွန်းစု တစ်ခုလုံးက ကျေးရွာတွေမှာရှိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကိုခေါ်ပြီး ဇူလိုင်လ (၂၄) ရက်နေ့က အစည်းအဝေး လုပ်ခဲ့ကြတယ်။ သူတို့က ဒီရွာမှာ စခန်းချမယ်၊ ဒီမှာနေတဲ့အချိန်မှာ သူတို့နေထိုင် စားသောက်ဖို့အတွက် ကျေးရွာတစ်ရွာက တစ်အိမ်ထောင်ကို ၅၀၀ ကျပ် ကောက်ပေးရမယ် ဆိုပြီးတော့ ကျနော်တို့ အုပ်ချုပ်ရေးမှူးတွေကို အစည်းဝေးမှာ ပြောလိုက်ပါတယ်။ နောက်တစ်ခါ ထပ်ပြီးတော့ ဇူလိုင်လ (၂၅)ရက်နေ့ အစည်းအဝေးခေါ်ပါတယ်။ ဒီတစ်ခါကျတော့ ကျနော်တို့ ကျွန်းစုတစ်ခုတည်း မဟုတ်တော့ဘူး။ တစ်ခြားကျွန်းစုတွေဖြစ်တဲ့ မြေငူကျွန်း၊ အင်းကြင်းချိုင်ကျွန်း တွေလည်းပါလာတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေအပြင် ရာအိမ်မှူးတွေပါခေါ်တယ်။ အဲဒီနေ့ကျတော့ တစ်အိမ်ထောင်ကို (၁၅၀၀) ကျပ် ပေးရမယ်ဆိုပြီး ပြောတယ်။ မပေးတဲ့ အိမ်ထောင်စုရှိရင် သူတို့ ကိုဖမ်းပြီးတော့ ထောင်ချမယ်လို့  န.စ.က မှ အရာရှိတစ်ဦးက ခြိမ်းခြောက်ပြီး ပြောပါတယ်။ ကျနော်တို့ ကျွန်းသုံးကျွန်းပေါင်းရင် အိမ်ခြေ (၉၀၀၀) ကျော်၊ လူဦးရေ (၂၀၀၀၀) လောက် ရှိပါတယ်။ ကျနော်တို့ ရွာတွေက အိမ်ထောင်စု စာရင်းတွေကလည်း သူတို့ လက်ထဲမှာ အကုန်ရောက်နေပါပြီ ” ဟု အစည်းဝေးသို့ တက်ရောက်ခဲ့သူ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးမှ ပြောသည်။

၎င်းကျေးရွာများသည် ရေလုပ်ငန်းနှင့် လယ်လုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ဇွန်လမှစ၍ အခုထက်ထိဖြစ်ပွားနေသော ဘင်္ဂလီမူဆလင်-ရခိုင် အဓိကရုဏ်းကြောင့်  ဒေသခံရခိုင်တိုင်းရင်းသားများမှာ ကုလားရန်ကိုကြောက်လို့ ငါးဖမ်းရန် လှေမထွက်ရ၊ လယ်အလုပ်ကိုလည်း မလုပ်ရသောကြောင့် မိသားစုစားဝတ်နေရေး အဆင်မပြေသည်ကို သိရပြီး ၄င်းအဆင်မပြေမှုကြောင့် ဒေသခံရွာသားများမှာ ကယ်ဆယ်ရေးအဖွဲ့အစည်းများကိုသာ အားကိုးနေရသည်ကို သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ ဒေသခံတိုင်းရင်းသားများမှာ အကြမ်းဖက်ဘင်္ဂလီမူဆလင်များရန်ကြောင့် ဆင်းရဲဒုက္ခကို ခါးစည်းခံစားနေရသောကြားက သက်ဆိုင်ရာအာဏာပိုင်များ၏ အတင်းအဓမ္မခြိမ်းခြောက် ငွေတောင်းစားမှုများကို ထပ်မံခံနေရ၍ ၄င်းအာဏာပိုင်များမှာလည်း တိုင်းပြည်တာဝန်ကို မှန်မှန်ကန်ကန်မထမ်းဆောင်ဘဲ ဓါးပြသဖွယ်တောင်းစားနေမှုများသည် နိုင်ငံတော် သမ္မတကြီးက သန့်ရှင်းသောအစိုးရ ကောင်းမွန်သောအစိုးရလို့ ပြောဆိုနေသောစကားနှင့် ကွာဟမှုရှိနေသည်ကို သိရပြီး အောက်ခြေ၀န်ထမ်းတွေရဲ့ လာဘ်စားလိုတဲ့စိတ် ပြည်သူတွေအပေါ် အနိုင်ကျင့်လိုတဲ့စိတ် မပျောက်သေးသမျှ သမ္မတကြီးမျှော်မှန်းထားသောပန်းတိုင်ကို ဘယ်သောအခါမှ ရောက်ရှိမည်မဟုတ်ကြောင်းကို ဒေသခံတိုင်းရင်းသားများက ပြောဆိုနေကြသည်။

Saturday 28 July 2012

Speccy


SpeccySpeccy is an advanced System Information tool for your PC. Need to find out what's inside your computer? No problem! Speccy will give you all the information you need.


More information:

Speccy Preview

Overview

What's in your computer? If you're like most of us, you can probably name the processor (Intel or AMD, Celeron or Pentium), maybe how much RAM it has, and maybe how big the hard drive is.
When you go to a computer store and see all the bright shiny PCs laid out next to each other, most will have tags or stickers indicating the:
  • Processor brand and model
  • Hard drive size and speed
  • Amount of memory (RAM)
  • Graphics card
  • Operating system
Two or three years later, when it comes time to upgrade your computer, that tag or sticker may be long gone. Speccy was designed as a free electronic "what's inside" sticker for your PC.
Isn't this information in Windows?
Yes and no. Some of the basic information can be found by right-clicking My Computer and then clicking Properties. The General tab lists some statistics, and the Device Manager on the Hardware tab lists all of the hardware you've got installed. But it misses out lots of information that you need.
Speccy will give you detailed statistics on every piece of hardware in your computer. Including CPU, Motherboard, RAM, Graphics Cards, Hard Disks, Optical Drives, Audio support. Additionally Speccy adds the temperatures of your different components, so you can easily see if there's a problem!
Why do I need Speccy?
At first glance, Speccy may seem like an application for system administrators and power users. It certainly is, but Speccy can also help normal users, in everyday computing life.
If you need to add more memory to your system, for example, you can check how many memory slots your computer has and what memory's already installed. Then you can go out and buy the right type of memory to add on or replace what you've already got.
If you're going to be selling your PC, you can use Speccy to quickly list out the components. Or, if you're buying a PC, you can use Speccy to check that the computer has what the label says it has.
Also, Speccy comes in handy for support. If you're on the phone with technical support and they want to know what video card you have installed, there's no need to hunt around Windows. Speccy has all the information on one easy-to-understand screen.
Download

RegCure — Registry Cleaner


Protect your investment and ensure maximum PC speed and performance with RegCure registry cleaner. Compatible with all Microsoft products and third party applications, RegCure registry cleaner seeks out and repairs those issues in your registry that lead to poor performance such as remnants left behind on your registry from failed installations, incomplete un-installations, disabled drivers, and spyware applications. Take advantage of our free registry cleaner download and you'll be on your way to a better PC!
Enhance your PC - Enhance your life! With a registry cleaner download, you can let RegCure reveal your system's true potential!
RegCure Registry Cleaner is compatible with the Windows® 7 32-bit and 64-bit Operating System! 
Always innovative, ParetoLogic is proud to announce that RegCure is compatible with the Windows® 7 32-bit and 64-bit Operating System. Get your free registry cleaner download now!

Key features of this registry cleaner software:

  • Clean your registry manually according to your own specifications or perform a thorough scan and clean it automatically!
  • Free registry cleaner download, so you can try it at no risk!
  • User-friendly interface allows you to monitor the progress of your scan
  • Schedule scans at the times that are best for you and will even manage and clean up your start up programs
  • Compatible with all major Windows operating systems and includes a full back-up utility to make your registry cleaning experience as easy and safe as possible
  • System tray icon makes it easy to launch RegCure and conveniently shows either the "clean" status or the number of errors from the last scan

RegCure registry cleaner scan in progress example
Get your registry cleaner download to fix registry problems and stop error messages!

RegCure registry cleaner system settings example
Boost speed by managing startup programs with a registry cleaner download!

RegCure Registry Cleaner increases speed and optimizes performance by managing startup programs!
Convenient and easy to launch thanks to a handy system tray icon!

Registry Cleaner Download Minimum Requirements:

The following are the minimum levels required for your registry cleaner download. For improved responsiveness we recommend higher system specifications than those presented here:
  • 15 MB free hard disk space required for initial installation
  • Internet connection for registry cleaner download
  • Microsoft Internet Explorer 6.0 and above
  • Operating privileges: logged on as administrator

Operating System Requirements:

  • Windows® 7 Operating System 64-bit
    • 2 GB Memory (RAM)
    • 1 GHz Processor Speed
  • Windows® 7 32-bit
    • 1 GB Memory (RAM)
    • 1 GHz Processor Speed
  • Windows Vista® Operating System 32-bit
    • Home Premium, Business, Enterprise, Ultimate
    • Service Pack 2
    • 1 GB Memory (RAM)
    • 1 GHz Processor Speed
  • Windows Vista® 32-bit
    • Home Basic
    • Service Pack 2
    • 512 MB Memory (RAM)
    • 800 MHz Processor Speed
  • Windows® XP Operating System 32-bit
    • Service Pack 3
    • 256 MB Memory (RAM)
    • 300 MHz Processor Speed
  • Windows® ME Operating System 32-bit
    • 64 MB Memory (RAM)
    • Pentium II Processor Speed
  • Windows® 2000 Operating System 32-bit
    • Service Pack 4
    • 256 MB Memory (RAM)
    • Pentium III Processor Speed
  • Windows® 98SE Operating System 32-bit
    • 64 MB Memory (RAM)
    • Pentium II Processor Speed

Registry Cleaner Testimonial

"Great job to you and your team. The fix worked below. I can honestly say, I think RegCure is one of the best investments I stumbled across a few years back, it seems I have had very few (if any) operating system stability issues since installing RegCure. It seems the operating system operates much more efficiently with less glitches and failures."
Regards,
Darren Bond
Windows and the Windows logo are trademarks of the Microsoft group of companies.
Microsoft is a registered trademark of Microsoft Corporation in the United States and/or other countries.

ဟင်္ဟာတမြို့မှ မြေတိုင်းစာရေးများ၏ လှည့်ဖြားသောစေတနာများ



နိုင်ငံတော်အစိုးရနှင့် လွှတ်တော်များ၏ စေတနာကြောင့် ၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေကြီးပေါ်ထွက်လာပါသည်။ ထိုဥပဒေကြောင့် လက်ငင်းအကျိုးကျေးဇူးခံစားရသူများမှာ တောင်သူလယ်သမားများ မဟုတ်၊ သက်ဆိုင်ရာဌာန၀န်ထမ်းများသာ ဖြစ်ပေသည်။ လယ်ယာမြေဥပဒေအရ လယ်ယာမြေများကို မှတ်ပုံတင်ပြုလုပ်ရမည် ဖြစ်သည်။ ထိုသို့မှတ်ပုံတင်ပြုလုပ်ရန်အတွက် လယ်ယာမြေများကို မှန်ကန်မှုရှိ၊ မရှိ ကွင်း ဆင်း စစ်ဆေးရသည်။
ထိုသို့စစ်ဆေးမှုကိုအကြောင်းပြုပြီး တောင်သူများထံမှ ငွေကြေးများကို မရိုးမသား တောင်းယူလျှက်ရှိပါသည်။ ထိုငွေကြေးများသည် တရားဝင်မှတ်ပုံတင်ပြုလုပ်ခ ပေးဆောင်ရမှုအတွက် မဟုတ်ကြောင်းကို ရိုးသားသော တောင်သူများက မသိရှိကြပေ။ မှတ်ပုံတင် ပြုလုပ်လျှင်လည်း သတ်မှတ်ထားသောမှတ်ပုံတင်ခများကို တောင်သူများမှ ထပ်မံပေးဆောင်ရအုံးမည် ဖြစ်ပါသည်။ ထို့အတွက် တောင်သူများမှာမိအေး နှစ်ခါနာဖြစ်နေရပြီး ဖြစ်ပေါ်လာသောဥပဒေကြောင့် လတ်တလော ကောင်းစားသူများမှာ သက်ဆိုင်ရာဝန်ထမ်းများသာဖြစ်ပေသည်။
ဥပမာ – ဟင်္သာတမြို့နယ်၊ ကံ့ကော်တော၊ လဟာကျော် ကျေးရွာအုပ်စုများတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးနိုင်နှင့် မြေတိုင်းစာရေး ဦးမင်းဇော်လတ် (ခ) ပေါက်ဆီ တို့သည် ကျေးရွာခွဲအလိုက် တောင်သူများအား မဖြစ်မနေ အပိုင်လူကြီးအိမ်သို့ဆင့်ခေါ်ပြီး လယ်နာမည်ပြောင်းခိုင်းပါသည်။ ထိုလုပ်ငန်း များဆောင်ရွက်ရာတွင် မိန်းခလေးတစ်ဦးပါရှိပြီး ကျွန်တော်တို့တောင်သူများမှ ထိုမိန်းခလေးအား သက်ဆိုင်ရာဌာန၀န်ထမ်းတစ်ဦးဖြစ်သည်ဟု ထင်ထားသော်လည်း ထိုမိန်းခလေးသည်မြေတိုင်းစာရေး၏ ကောင်မ လေး (တက္ကသိုလ်မှ ၀န်ထမ်းတစ်ဦး) ဖြစ်နေမှန်း နောက်မှသိရှိရပြီး၊ လယ်တစ်ဧအတွက် ပေးဆောင်ရန်ငွေကြေးများကို တွက်ချက်ယူပါသည်။
လယ်သမားတစ်ဦးလျှင် အနည်းဆုံး ၁၅၀၀၀ ကျပ်ဖြစ်သောကြောင့် ပျမ်းမျှလယ်သမား (၁၀၀) ဦးခန့် ရှိ သောကြောင့် ရရှိသောငွေ ပမာဏအား မည်ကဲ့သို သုံးစွဲမည်ကိုမသိရှိရပါ။ ထိုကဲ့သို့သော နည်းလမ်းမမှန်သော ငွေကြေးများတောင်းခံမှုကို အခြားဌာနမှဝန်ထမ်းတစ်ဦး၏ရှေ့တွင် ဆောင်ရွက်ခြင်းသည် အခြားဌာနများသို့လည်း ကူးစက်ရောက်ရှိနိုင်ပါသည်။
ထိုလယ်သမားများသည် မသိနားမလည်ပြီး ပေးလိုက်ခြင်း၊ ကြောက်သောကြောင့် ပေးလိုက်ခြင်း ဖြစ်ပါသည်။ ထိုသို့ အမည်ပြောင်းရွှေ့ပြီးနောက် မကြာခင်မှာပင် လယ်ယာမြေဥပဒေပေါ်ပေါက်လာခဲ့ပြီး နောက်ထပ် မှတ်ပုံတင်ခများ ပေးဆောင်ရအုံးမည် ဖြစ်သည်အတွက် နစ်နာသူများမှာ လယ်သမားများသာဖြစ်ပါသည်။
ထို့အတူ အိုင်ဇောက်ကျေးရွာအုပ်စုနှင့် အင်းဓ၀ယ်ကျေးရွာအုပ်စုများတွင်လည်း အလားတူ ကိစ္စရပ်များရှိသောကြောင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်လည်း ထိုသို့သော လယ်သမားများ နစ်နာ စေမည့်ကိစ္စရပ်များ ဖြစ်ပေါ်နေမည်မှာ အမှန်ပင်ဖြစ်ပေသည်။
လယ်သမားများအကျိုးကိုရှေးရှုပြီး လက်ငင်းဖြစ်ပေါ်နေသောကိစ္စများကို ဖော်ပြလိုက်ပါသည်။

မြန်မာနိုင်ငံရဲ့ ငွေကြေးစနစ် ပြုပြင် ပြောင်းလဲနိုင်ဖို့အတွက် အခုရက်ပိုင်းတွေ အတွင်း

မြန်မာနိုင်ငံရဲ့ ငွေကြေးစနစ် ပြုပြင် ပြောင်းလဲနိုင်ဖို့အတွက် အခုရက်ပိုင်းတွေ အတွင်း နေပြည်တော်မှာရှိတဲ့ အစိုးရ အရာရှိတွေ၊ မြန်မာနိုင်ငံ ဗဟိုဘဏ်က တာဝန်ရှိသူတွေနဲ့ နိုင်ငံတကာက ကျွမ်းကျင်သူ ပညာရှင်တွေတွေ့ဆုံပြီး အလုပ်ရုံဆွေးနွေးပွဲတွေ၊ အပြန်အလှန် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြပါတယ်။ ဒီကနေ့လည်း မြန်မာနိုင်ငံ ဗဟိုဘဏ်က လက်ရှိ တာဝန်ရှိသူတွေနဲ့ အကြံပေးအဖွဲ့ဝင်တွေဟာ IMF နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့က တာဝန် ရှိသူတွေ၊ အိမ်နီးချင်းနိုင်ငံတွေက ဘဏ်လုပ်ငန်းရှင်တွေနဲ့ နေပြည်တော်မှာ အလုပ်ရုံ ဆွေးနွေး ပွဲတခု ပြုလုပ်ခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ဘန်ကောက်ရောက် ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရတက်လာပြီးနောက်ပိုင်း နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေကို လုပ်ဆောင်လာခဲ့တာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ စနစ် မကျတဲ့ နိုင်ငံခြားငွေ လဲလှယ်မှုစနစ်ကြောင့် ပြည်ပနိုင်ငံတွေနဲ့ စီးပွားလုပ်ကိုင်တဲ့နေရာမှာ အဆီအငေါ်မတဲ့မှုတွေ ဖြစ်နေတာကြောင့် ငွေကြေးနဲ့ဆိုင်တဲ့ ပြုပြင် ပြောင်းလဲမှုတွေလည်း လုပ်ဆောင်ဖို့ လိုအပ်တဲ့အကြောင်း အစောပိုင်းကတည်းက ပညာရှင်တွေက ထောက်ပြ ပြောဆို နေခဲ့တာ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ အဲဒီလို ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်နိုင်ဖို့အတွက် အစိုးရဘက်က ပြင်ဆင်မှုတွေ လုပ်နေတာကို တွေ့ရတယ်လို့ ဒီကနေ့ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အလုပ်ရုံ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ MDRI မြန်မာ့ ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ်အဖွဲ့က သုတေသီ ဦးတင်မောင်သန်းက ပြောပါတယ်။

“နားထောင်နေကြတာက နားထောင်နေကြတယ်ပေါ့။ ပြုပြင်ပြောင်းလဲရေးအတွက် စဉ်းစားဖို့ နားထောင်နေကြတယ်လို့ ယူဆပါတယ်။ အစိုးရဘက်က အရာရှိကြီးတွေရောပေါ့၊ အဲလို လာတဲ့ အခါတိုင်းမှာ ပညာရှင်တွေကလည်း သက်ဆိုင်ရာ အဆုံးအဖြတ်ပေးနိုင်တဲ့ ၀န်ကြီးတွေနဲ့လည်း တွေ့ကြပါတယ်။ ယေဘုယျအားဖြင့် ၀န်ကြီးတွေနဲ့ တွေ့ဆုံတဲ့အခါမှာ ပြုပြင်ပြောင်းလဲရေးကိစ္စ တွေကို ပြောကြတာများပါတယ်။”

အခုဆိုရင် အစိုးရသစ်တက်လာပြီးတာ ၁ နှစ်ခွဲကျော်၊ ၂ နှစ်နား ကပ်လာနေပြီဖြစ်တဲ့အတွက် ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ဘယ်တော့ အကောင်အထည်ဖော်မလဲ ဆိုတဲ့အပေါ် မြန်မာနိုင်ငံတွင်းက စီးပွားရေးလုပ်ငန်းရှင်တွေက စောင့်မျှော်နေကြတာဖြစ်ပါတယ်။
ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့အတွက်ကတော့ မြန်မာနိုင်ငံအတွင်းက လုပ်နိုင် ကိုင်နိုင်ရည်အပေါ်မှာလည်း မူတည်နေတာကြောင့် အခုလို ကြာနေတာဖြစ်နိုင်တယ်လို့ နိုင်ငံတကာပညာရှင်တွေက သုံးသပ်ကြတယ်လို့လည်း ဦးတင်မောင်သန်းက ဆက်ပြောပြပါ တယ်။

“အဲဒီကိစ္စတွေ တချို့ကို IMF က အရာရှိတချို့နဲ့ စကားပြောဖြစ်တယ်။ သူတို့ပြောတာကတော့ အဓိကပြဿနာက စွမ်းဆောင်နိုင်ရည်နဲ့ လုပ်နိုင်ကိုင်နိုင်ရည်ပေါ့။ စောစောက အကောင်အထည် ဖော်မယ့်ကိစ္စတွေကို လုပ်နိုင်ကိုင်ရည်ကို မြှင့်တင်ပေးဖို့ လိုတယ်ပေါ့လေ။ အဲဒီအတွက် အချိန်စောင့်ရတာတွေလည်းရှိတယ်လို့ သူတို့ကပြောတယ်။ တခါတလေကျတော့ နိုင်ငံရေးစိတ်ဆန္ဒ ဆိုတဲ့ပြဿနာထက် လုပ်ဖို့ကိုင်ဖို့အတွက် လုပ်တတ်ကိုင်တတ်ရှိဖို့၊ လုပ်ရည် ကိုင်ရည်ရှိဖို့ဆိုတဲ့ ပြဿနာတွေကလည်း မြန်မာပြည်က ရင်ဆိုင်နေရပုံရတယ်လို့ နားလည်ရတာပေါ့။ ကျနော်တို့ကတော့ ဘေးကနေ ကြည့်ရတဲ့ လူတယောက်အနေနဲ့ ပြောရ တာပါ။ ဒါ့ထက်ပိုတဲ့ ပြဿနာတွေလည်း ရှိရင်ရှိမှာပေါ့။”

ပြုပြင်ပြောင်းလဲမှုကို နိုင်ငံရေးအရ ကြည့်မယ်ဆိုရင်တော့ လက်ရှိသွားနေတဲ့အရှိန်ဟာ အားရ စရာ မရှိဘူးလို့ ထင်မြင် ယူဆနိုင်ပေမဲ့လည်း လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ ပြုလုပ်နေတဲ့ ပြုပြင်ပြောင်းလဲမှု အရှိန်ဟာ နိုင်ငံတကာ စံချိန် စံညွှန်းတွေနဲ့ ကြည့်မယ်ဆိုရင် အတော်လေး မြန်နေတာကို တွေ့ရတယ်လို့ တချို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြတယ်လို့ ဆိုပါတယ်။ 

နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အလုပ်ရုံ ဆွေးနွေးပွဲကိုတော့ IMF နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့က တာဝန်ရှိသူတွေအပြင် ဒေသတွင်းနိုင်ငံတွေက ဘဏ်လုပ်ငန်းရှင်တွေ၊ ကျွမ်းကျင်သူတွေ တက်ရောက် ဆွေးနွေးခဲ့ကြတာပါ။

“IMF က ပညာရှင်တွေပါတယ်၊ မလေးရှားဗဟိုဘဏ်က ပညာရှင်တွေပါတယ်၊ ထိုင်းဗဟိုဘဏ် နဲ့ ထိုင်းနိုင်ငံ ငွေကြေး အဖွဲ့အစည်းတွေက အရာရှိကြီးတွေ ပါကြတယ်။ ဦးဆောင်နေကြတဲ့သူ တွေ တော်တော်များများ ပါကြတယ်။ သူတို့က သူတို့အတွေ့အကြုံတွေ ပြောတယ်။ မြန်မာနိုင်ငံ နဲ့ ပတ်သက်ပြီးတော့ ဘာတွေ စဉ်းစားသင့်သလဲ ဆိုတာကို ပြောသွားတာတွေရှိပါတယ်။

“ရှေ့ကို ဘယ်လိုဆက်သွားရင် ကောင်းမယ်ဆိုပြီးတော့ ပြောတဲ့အချက်တွေ ရှိပါတယ်။ ဒီမှာ တော့ ဗဟိုဘဏ်က အရာရှိတွေ တော်တော်များများ တက်ကြတယ်။ နောက်ပြီးတော့ ဗဟို ဘဏ်ရဲ့ အကြံပေးအဖွဲ့က ပညာရှင်တွေ တော်တော်များများလည်း၊ အရင်တုန်းက ဗဟိုဘဏ် မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့၊ တချို့ကလည်း စီးပွားရေး တက္ကသိုလ်တွေမှာ တာဝန်ထမ်း ဆောင်ခဲ့ကြဖူးတဲ့ ပညာရှင်တွေပေါ့၊ သူတို့လည်း တော်တော်များများ တက်တာကို တွေ့ရတယ်။ အထူးသဖြင့် သူတို့လည်း ပါဝင်ဆွေးနွေးကြတာ တွေ့ရတယ်။”

MDRI မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ်အဖွဲ့က သုတေသီ ဦးတင်မောင်သန်း ပြောပြခဲ့တာ ပါ။
လက်ရှိသမ္မတ ဦးသိန်းစိန်အစိုးရက ဦးဆောင် ပြုလုပ်နေတဲ့ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေအပေါ် ယေဘုယျအားဖြင့် ပြည်တွင်းမှာရှိတဲ့ အတိုက်အခံ နိုင်ငံရေး အသိုင်းအ၀ိုင်းက ထောက်ခံထားကြတာပါ။ ဒါပေမဲ့ တဘက်မှာ ပြုပြင်ပြောင်းလဲမှု အရှိန်နှေးနေ တာနဲ့ သတင်း မီဒီယာ လွတ်လပ်ခွင့်ဆိုင်ရာ ကဏ္ဍတွေမှာ ပြုပြင် ပြောင်းလဲမှု သိသိသာသာ ဖြစ်မလာသေးတဲ့အပေါ် ပြည်တွင်း ပြည်ပက ထောက်ပြ ဝေဖန်တာတွေလည်း ရှိနေဆဲဖြစ်ပါတယ်။


အီတာလျှံ-ထိုင်း ရေအားလျှပ်စစ် စီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့် ဒေ သခံများ ကျေနပ်မှုမရှိ


တနင်္သာရီတိုင်း၊ ရေဆူမြို့နယ်ရှိ ကလုံးထကျေးရွာတွင် အီတာလျှံထိုင်း ကုမ္ပဏီမှ ဆောက် လုပ်တော့မည့် ရေအားလျှပ်စစ်စီမံကိန်းကြောင့် နေရပ် အိုးအိမ် ပြောင်းရွှေ့ပေးရမည့်အရေး ဒေသခံများက မကျေမနပ် ဖြစ်နေကြကြောင်း သိရသည်။
ကလုံးထကျေးရွာဘက်မှ ဒေသခံတစ်ဦးက “အခုတော့ ဘာမှမဖယ်ပေးရသေးဘူး။ မြေနေရာတွေမှာ ပနှက်တွေ လာရိုက်နေကြပြီလေ။ ဘာပဲဖြစ်ဖြစ်ဒီ စီမံကိန်းကြောင့် တစ်ရွာလုံး ရေမြုပ်သွားမယ်လေ။ မဖယ်ပေးချင်လည်း မရဘူး။ ဒါကြောင့် ဖယ်ပေးရတော့မယ်”ဟု ပြော သည်။
ယင်းလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်နေရာမှာ ကလုံးထကျေးရွာဖြစ်ပြီး ရွာအနီး စီးဆင်းနေသည့် တနင်္သာရီမြစ်အတွင်းသို့ စီးဝင်သွား သော တလိုင်းရာချောင်းကို ပိတ်ကာ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုအခါတွင် အိုးအိမ်၊ မြေနေရာများ ပြောင်းရွှေ့ပေးရမည့် ဒေသခံများထံ အီတာလျှံထိုင်းကုမ္ပဏီဘက်မှ လာရောက်ညှိနှိုင်းနေပြီဖြစ် ကြောင်းလည်း အခြေအနေမှန် သိရှိထားသည့် ထားဝယ်မြို့ခံ ကိုဧရိယာက ပြောသည်။
၎င်းက “ကျနော်တို့ ကြားတာကတော့ အိမ်ရွှေ့ပြေးရမယ့်သူတွေကို စီမံကိန်းနယ်မြေထဲမပါဘဲ လွတ်နေတဲ့နေရာမှာ သူတို့(အီတာလျှံ ထိုင်း)က အိမ်ပြန်ဆောက်ပေးမယ်လို့ ကြားတယ်။ တခြားနေရာကို အိမ်ပြောင်းရမှာမျိုးတော့ မဟုတ်ဘူး။ ဒါပေမယ့်လည်း ဒေသခံတွေ မပြောင်းချင်ကြဘူး”ဟု ဆိုသည်။
ထို့အပြင် ၎င်းထိုင်းကုမ္ပဏီက ရော်ဘာခြံမြေများနှင့် ပတ်သက်၍ အစေးခြစ်ယူနိုင်သော ရော်ဘာတစ်ပင်လျှင် ၃သိန်းနှင့် ခြစ်၍မရသေး သည့်အပင်များကို ၁သိန်းခွဲပေးကာ မြေလွတ်မြေရိုင်း တစ်ဧကလျှင် ကျပ်ငါးသိန်း လျော်ကြေးပေးမည်ဟု ဒေသခံများထံ လိုက်လံပြော ကြားနေကြောင်းလည်း ကိုဧရိယာက ဆက်ပြောသည်။
“လက်ခံတယ်ဆိုရင် လက်မှတ်ထိုးပြီး လျှော်ကြေးပေးလိုက်တော့မယ်လို့ ပြောနေတာကြားတယ်”ဟု ကိုဧရိယာက ပြောသည်။
သို့သော် အီတာလျှံထိုင်းကုမ္ပဏီက လျှော်ကြေးပေးမည့် ရော်ဘာပင်ဈေးနှုန်းမှာ နည်းနေသဖြင့် ဈေးနှုန်းပိုပေးနိုင်ရန် တောင်းဆိုသွားမည့် သူများနှင့် ရော်ဘာခြံများ မရောင်းပေးချင်ကြသဖြင့် ၎င်းတို့ခြံမြေများ အသိမ်းမခံရရေးအတွက် လုပ်ဆောင်လိုသူများဟူ၍ ဖြစ်နေကြ ကြောင်းလည်း ထိုဒေသမှလာသည့် သတင်းများအရ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၃ရက်နေ့မှ စတင်ပြီး ထိုင်းနိုင်ငံကို အလည်ပတ်ရောက်ရှိသွားသည့် မြန်မာနိုင်ငံတော်သမ္မတ နှင့် ထိုင်းဝန်ကြီးချုပ် မစ္စယင်လပ်ရှင်နာဝပ်တို့ တွေ့ဆုံကြပြီး ထားဝယ်ရေနက်စီမံကိန်း အမြန်ပြီးစီး အောင်မြင်နိုင်ရေးအတွက် တွန်းအားပေးဆောင်ရွက်သွား မည်ဟု သဘောတူညီခဲ့ကြကြောင်း မြန်မာအလင်းသတင်းစာတွင် ယမန်နေ့က ဖော်ပြထားသေးသည်။

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့