Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 30 September 2012

ချစ်သူ.........


ငါစိတ်ဆိုးတယ်ဆိုတာ
မင်းချော့တာကိုလိုချင်လို့ပါ၊
မင်းကိုသိမ့်ချစ်လို့ပါ
ငါသ၀န်တိုတယ်ဆိုတာ
မင်းကိုတခြားလူတွေလုသွားမှာစိုးလို့ပါ
မင်းကိုသိမ့်ချစ်လို့ပါ
ငါစကားများတယ်ဆိုတာ
မင်းပျင်းမှဆိုလို့ပါ
မင်းကိုသိမ့်ချစ်လို့ပါ
ငါဆိုးတာနွဲ့အားလုံးမင်းကိုသိမ့်ချစ်လို့ပါ
မင်းနဲ့မခွဲခွါနိုင်လို့ပါ
ကျေးဇူးပြုပြီနာလည်ပေးပါချစ်သူ
မင်းကငါ့ကမ္ဘာမို့
မင်းတစ်ယောက်ထဲအပေါ်
ယုံကြည်တဲ့စိတ်နဲ့
ဆိုးနွဲ့မိတာနားလည်ပေးပါ
ချစ်သူရယ်............

အချစ်ရှိတဲ့နေရာ

အချစ်ဟာ ချည်နှေင်ဖို့ 

ထောင်ချောက် ဆင်ဖို့ 

ဖမ်းဆီးသိမ်းပိုက်ဖို့  မကြိုးစားပါဘူး

လွတ်မြှောက်မူ အလင်းရောင်သာဖြစ်တယ်


အချစ်ဟာ ဘာကိုမှ

မတာင်းဆိုပါဘူး

အချစ်ရှိတဲ့နေရာ

သူ့ ဘာသာ အလိုလိုပြည်စုံတယ်


ဘာမှလုပ်ပေးဖို့  မလိုဘူးထင်ပါတယ်

စာစုလေးများ

ဘယ်အချိန်ကပဲစလိုပဲဖြစ်ဖြစ်

ဒီကနေ့ ထိ

မပြောင်းလဲနှိင်တဲ့

အရာနှစ်ခုရှိတယ်

စီးဆင်းနေတဲ့ ရေနဲ့

အချစ်ရဲ့

ထူးဆန်းချိုမြတဲ့
အစဉ်အလာလေးတွေပေါ့

အချစ်ဆိုတာ.......

ထိမိပွန်းပဲ့ ရှသွားတတ်တဲ့

ပန်းလေးတစ်ပွင်လို

နူးညံသိမ်မွေ့ တယ်

ဒါပေမဲ့........

သူရဲ့ရှင်သန်ကြီးထွားမူကို

ဘယ်အရာကမှ မဟန့် တားနှိင်အောက်

သန်စွမ်းခိုင်မာတယ်

ညသူခိုး


အတွေးမဟုတ်ပါဘူး
တကယ်အရေးခက်ပါရဲ့
အိပ်ရေးပျက်ကမ္ဘာထဲ
ဟေ့…ဘယ်သူဆွဲခေါ်တာလဲ ?
ဘယ်ညာလူးလိမ့်
မရှုစိမ့်ပင်
မီးကိုဖွင့်ကြည့်
တွေ့ပါ၏လေ
မွေ့ယာအောက်မှ
ကြမ်းပိုးများ။

{{{{{{{{{ ရက်စက်သူတို့ နှလုံးသား }}}}}}}}}



ဘီလူးးးးမဟုက်ပါဘူးးး
ချစ်သူ ရယ်
အရူးးးးးးးးးးလေးးးးပါ
အလှတရားးးတစ်ခုကြောင့်
ဘ၀ခြားးနေတာကို
မတွေးမိလို့
အဖြစ်ဆိုးတွေနဲ့
ကြုံခဲ့ရတဲ့
အချစ်ရူးလေးးဘီလူးပါ။။။။။
အရုပ်ဆိုးပေမဲ့
မပုပ်မသိုးးးးတဲ့
အချစ်တွေနဲ့
မယ်သီတာ အပေါ်မှာ
အဟုက်ဆိုးးခဲ့တာပါ
မယ်သီတာ ဆိုတဲ့
မင်းလေးးးကို ချစ်ခဲ့မီခဲ့လို့
ပလီပလာတွေ ကြံမိရာ
ရာမ နဲ့အတွေမှာ ကန်ချခံရတယ်
မေတ္တာ တရားနဲ့ လာတဲ့ သူကို
သူတို့တွေ အမုန်းးတရားတွေနဲ့
ဥပေက္ခာပြု
နှလုံးသားကို ထု ထု လွတ်တယ်(လေးနဲ့နော်)
အမေ ပေးတဲ့
အသည်းနှလုံးးးးး
ဘုရားပေးတဲ့
ခေါင်းဆယ်လုံးးးးးးးးကို
မကြွေမခြင်းး
အသေပြစ်ခွင်းနေတဲ့
ရာမ ၏ လေးတော်
ဘေးချော်စေဖို့
တောင်းဆုခြွေနေမီရင်းးး
နောက်ဆုံးတော့
ရက်စက်သူတို့
ခြေတော်ရင်းးးးးမှာ
အသက်တော် ခြွေခဲ့ရပြီးးးးး
ဘ၀ခြင်းးးမတူပဲ
အချစ်ကြီးမိလို့
အပြစ်ကြီးးးးကြီးးးးရခဲ့တာလားးးး
မယ်သီတာ ရယ်
အမုန်းတော်ခံ ဘ၀နဲ့
အရှုံးးးးးးဒဏ်တွေခံစားးရင်းးးး
ဆိုးကြိုးးးးးတွေနဲ့
နီဂုံးးးချုပ်ခဲ့ရပြီးပေါ

ကျိန်စာ


ဘယ်သူမှမရှိတဲ့.........................................................................
ဘ၀တစ်ခုမှ.........................................................................
  ကျင့်သားရမိနေတဲ့ငါ.......................................................
       တစ်ယောက်ထဲ....................................................
          ထိုင်းရင်းသာ.................................................
           သြအချစ်ဆိုတာ...........................................
          အချစ်ဆိုတာ..................................................
        သူများအတွက်တောင်းဆု........................................
      ဆိုပေမယ့်................................................................
   ငါ့အတွက်တော့.................................................................
ကျိန်စာတစ်ခုပါလားလို့................................................................



မောင်စိန်ဝင်း(ပုတီးကုန်း)၇ဲ့ ကဗျာလေးတွေပါ


ထာဝရ

အိပ်မက်စမ်းချောင်း၊
ဖြတ်သန်းစီးဆဲ၊ စူးရဲဖြာကျ၊
ဘဝနေပူ၊ စုပ်ယူခန်းခြောက်၊
စမ်းရေပျောက်၏။
ဆုံစည်းမှုပန်းငုံ၊
ထုံမည်ပွင့်ဆဲ၊ မုန်တိုင်းထဲမှာ
အလွှာလေကြမ်း၊ ဝှေ့ယမ်းခြွေချ၊
ပန်းကြွေကျ၏။
သမုဒယအမြစ်၊
သူ့ မှသူ့  ဆိုတဲ့ “အချစ်”၊
နှစ်လကြာရှည်၊ ရာသီများစွာ၊
ဘယ်သူမှ လာမနှုတ်၊
အလွမ်းသမုဒ္ဒရာလဲ၊
စမ်းမဟုတ်ပါဘဲ၊
အစဉ်အမြဲနေ၊ သခင်ခွဲပေမယ့်၊
ရင်ထဲထာဝရရှိနေသည်။ ။

အပြောင်းအလဲ

နှစ်ဦးတူယှဉ်၊ ဒီအပင်အောက်
ပန်းကြွေကောက်စဉ်၊ ရင်တထိတ်ထိတ်
ဒီအရိပ်မှာ၊ ချစ်စိတ်ဝေခဲ့ဖူးပါတယ်။
သစ်မြစ်ဆုံခွ၊ ယှဉ်ထိုင်ကြရင်း
မြချောင်းရေကြော၊ ပန်ြးွေကမျှောမိ
ကြည့်ရင်းကြည်နူး၊ ချောင်းနဖူးမှာ
စိတ်ကူးနုသစ်ခဲ့ဖူးတယ်။
ခင်ကပစ်တော့
ဒီသစ်ပင်အောက်၊ ပန်းမကောက်ချင်
နွမ်းခြောက်သွေ့ဆိတ်၊ ဒီအရိပ်မှာ
လွမ်းစိတ်ရာထောင် ဝေဖူးတယ်။
ခင်မကြင်တော့
ညင်ညင်ရေစီး၊ တမ်းတညည်းဟန်
ခင့်ရယ်သံလား၊ ဝိုးဝါးထင်မိ
ကြည့်လေရာရာ၊ ဝေဒနာနှင့်
ရေပြာအလှ ကင်းဖူးတယ်။
ဪသာ် နှစ်တွေကြာလို့
တစ်ခါတစ်ခေါက်၊ ဒီကိုရောက်လျှင်
တို့ငယ်စဉ်က၊ နှောင်မျှင်တွယ်ရစ်
အချစ်အလွမ်း၊ ဖမ်းစားညှို့ငင်
ဒီသစ်ပင်ကား၊ ချောင်းရေစား၍
ကမ်းပါးပြိုနောက် ပါလေပြီ။
ဒီကပြန်လျှင်၊ ရင်မခုန်တတ်
မလွမ်းတတ်တော့၊ စိတ်ဓာတ်ရင့်ကျက်
ခံစားချက်တို့၊ ပျက်ပြယ်ခဲ့ရ
အနည်ကျပြီ၊
ဘဝဆိုတာ ဒါပဲ ခင်။

အချစ်ဦး

တစ်သက်တစ်ခါ
တစ်လွှာတစ်ရွက်
တစ်ခက်တစ်ပွင့်
ငုံအဆင့်မို့
ရင့်လို့ပဲဝါဝါ
ညှာတံပဲပြုတ်ပြုတ်
ဖြုတ်ခနဲပဲကြွေကြွေ
မြေမှာပဲရောက်ရောက်
ဖွဖွကလေးကောက်လို့
ပန်းခြောက်လေးပဲမြတ်နိုးမယ်။


လှပေါ်မှာ



တစ်သက်မဝေးအောင်လို့၊
ငှက်ကလေးတွေ အစာကျွေး၊
ယတြာပေးသမျှကိုလဲ ချေဖူးတယ်။
မွေးနေ့ဆို ဘုရားတက်၊
ရေသက်စေ့ ဘုရားလှူ၊
မီးပူဇော် ပန်းတွေကပ်၊
လွမ်းမနေတတ်အောင်ပေါ့ အချစ်ရယ်။
တကယ်ပေါင်းဖို့ကျတော့၊
တပေါင်းမှာလဲ မထူး၊
တန်ခူးလဲ မဖြစ်၊
တစ်နှစ်က တစ်နှစ်လက်ကမ်း၊
ချစ်သက်တမ်းရှည်သမျှ၊
တစ်ဦးကိုတစ်ဦးက စိုးရိမ်မယ်၊
တစ်အိုးတစ်အိမ်ရယ်လို့တော့၊
မထူထောင်ဖြစ်။
တစ်ယောက်လုပ်ခ၊
နှစ်ယောက်လုပ်ခ၊
ဘယ်လောက်ဒုက္ခတွေကိုငြိမ်းအေး၊
စားဝတ်နေရေးကို ဘယ်လောက်ကူ၊
လူနေမှုအပူကို ဘယ်လိုဖျောက်နိုင်မတုံး၊
ကုန်ဈေးနှုန်း အဲဒီပင်လယ်မှာ၊
ခင်ရယ် ကိုယ်ရယ် ဘယ်လိုဖြတ်၊
သတ္တိကြောင် သောကအတွေးတွေနဲ့၊
ဝေးကြတဲ့နှစ်။ ။

အခါလွန်မိုး



ဘဝအဖော်မဖြစ်ပေမယ့်
ခဏအပျော် ချစ်မဟုတ်ခဲ့ပါ…။
မာနာသိက္ခာ အရှုံးထား
နှလုံးသားမှာ ကဗ္ဗည်းထိုး
မြတ်နိုးတွယ်တာ…။
မခေါ်သင့်ပါဘူး
မျှော်လင့်လျှင် မျှော်သူအမှားရယ်လို့
ကိုယ့်တရားနဲ့ ကိုယ်ဖြေကာ
ဝေဒနာက မြှားလိုစူး…။
သူသိမှာလား
အပူရှိသူ ဘယ်လိုမောတယ်လို့
ဘယ်လိုပြော၊ဘယ်လိုကြည့်
ဘယ်လိုထိ၊ဘယ်လိုတွေ့
သူ့ကိုယ်ငွေ့မှာ ကိုယ်ပျော်ဝင်
သူ့ဆံပင်မှာ မျက်နှာအပ်
တစ်သက်တာ အမှတ်တရတွေထင်…ထင်ပါရဲ့
ရင်…ရင်မှာ သမုဒယ ဆူးတွေကြောင့်…
(အချစ်ရယ်…)
အခုဘဝတော့ရူး…။

လွမ်းစံပယ်



တကယ်မဝေးပေမယ့်၊
စံပယ်လေးတွေ ခြောက်ပြီလေ …. ။
မခေါ်သာအတွေ့ခက်၊
နေ့ရက်တာရှည် … ။
ပွင့်သစ်တို့ တဝေဝေ၊
ပွင့်ြွေကတို့ တဖွေးဖွေး … ။
အသက်တမျှချစ်ပါရဲ့၊
လက္ခဏအဖြစ်လို ပွဲဝင်မထိုက်သူမို့၊
ကျွမ်းမြိုက်ဆူ အခန်းရှည်ဇာတ်မှာလည်း၊
ပန်းကြိုက်သူ လွမ်းနေတတ်အောင်လို့၊
အမှတ်တရကွယ် ခြေရာချန်သလား၊
ဝေဒနာကျန် တမြည့်မြည့်အဆွေးတွေနဲ့၊
မရေရာပြန် တစေ့စေ့တွေးတော့မှ၊
(အချစ်ရယ် … ) တနေ့ထက်တနေ့ ဝေး … ။ ။

တစ်ခါတုန်းက နေရာဟောင်း



အုတ်ခဲရင့်နီ၊ လက်ဖက်ရည်ခွက်၊
အပေါ်မျက်နှာ၊ ဆီငွေ့ဖြာတင်း၊
ဆေးပြာချင်းစပ်၊ စကားဖြတ်ခက်၊
နေ့ရက်များစွာ၊ အနာဂတ်လေ၊
မရေရာလည်း၊ ဝမ်းမနည်းသေး၊
ဆွေးနွေးငြင်းခုံ၊ ဆုံကြတွေ့ကြ၊
ကာလလေးတွေ။
အင်းလျားရတနာ၊ မာလာသီရိ၊
ရင်ခုန်ကြည့်များ၊ တွယ်ငြိတပ်မက်၊
စိတ်စက်မငြိမ်၊ ပါလာချိန်တို့၊
ညှို့ယူဖမ်းစား၊ ညနေများစွာ၊
“မြနန္ဒာ”…
ဂီတာ တယော၊ လွမ်းမောနွဲ့လျ၊
မြို့မတေးသွား၊ စည်းဝါးသံစဉ်၊
ညဥ့်ရင်ခွင်တွင်၊ ပဲ့တင်လွှမ်းပတ်၊
မှောင်ရိပ်စပ်က၊ မတ်တပ်နားဆင်၊
မမြင်ရိုးရိပ်၊ ကြည်နူးစိတ်ဖြစ်၊
နှင်းဖိတ်စက်လက်၊ ရောင်နီအက်မှ၊
နှုတ်ဆက်ပြန်လာ၊ ရတနာ အင်းလျား၊
ညများအသင်္ချေ။
ကျန်ခဲ့ပြီလေ၊
ဖိတ်စင်ကြေမွ၊ ပြန်မရတော့၊
ညများနေ့များ၊ စားဝတ်နေမှု၊
သိပ်သည်းထုအောက်၊ မွန်းနစ်ပျောက်ရှ
ညနေတစောင်း၊ သုံးဘီးမောင်းရင်း
ကျောင်းဖွင့်စမှာ၊ ရတနာကို၊
တစ်ခါရောက်တယ် သူငယ်ချင်း …။

သမုဒယကျောင်း


ခရီးသည်



ကုလားအုပ်တစ်ကောင်ဟာ
သူ့ဘို့ထဲမှာ
ရေတွေကို သိုလှောင်ပြီး
ကန္တာရခရီးကို သွားနေတယ်။


လူ



ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ်
လောဘသတ်ခိုက် ………
ရှေ့မှာတပွင့်၊ လွယ်လင့်တကူ
ယူ၍ရခိုက်၊ ခူးလိုက်မိပြန် …………….
ပြန်မှပြန်မှ၊ သတိရနေ
ခြေကမလှည့်၊ တည့်တည့်စိုက်စိုက်
လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး
ခူးပြီးတစ်ရာ၊ အခွင့်သာခိုက်
ရရာအားလုံးဆွတ်ချင်သူ….
လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ်
စိတ်မတင်းတိမ်၊ အိမ်မပြန်သေး
ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ
မက်မောနေပြန်၊ လှည့်မပြန်မိ….
ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း
တစ်ယောက်ထဲသာ သောက်ချင်သည် ………
မောင်စိန်ဝင်း (ပုတီးကုန်း)

ရင်ဘတ်ကြီးထဲကလာတာပါ


သူ့ကို ကြိုက်တယ်ဆိုတာ အဲဒီလူနဲ့ ပတ်သက်တဲ့
အကောင်းဆုံး အချက်တွေကြောင့်ပါ...
သူ့ကို ချစ်တယ်ဆိုတာ ကျတော့
အဲဒီလူရဲ့ အားနည်းချက်တွေကို စာနာနားလည်လို့ပါ...
မချစ်တော့ဘူး ပြောလိုက်ဖို့က လွယ်လွယ်လေး
ပါးစပ်က ဘယ်တော့မှ ပြောမထွက်တာက ခက်တယ်...။
မေ့လိုက်တော့ လို့ ပြောလိုက်ဖို့ကလည်း လွယ်လွယ်လေး
ရင်ဘက်ကြီးက အောင့်အောင့်လာတော့ ခက်တယ်...။
ကျောခိုင်းလိုက်ဖို့က လွယ်လွယ်လေး
နှလုံးသား တစ်စုံ အပိုင်ပေးခဲ့မိတာက ခက်တယ်...။

ဘာကြောင့်


ငါ...ချစ်တာများလို့
ပစ်ခွာသွားတာလား...?
အသစ်က...
ငါ့ထက် ချောလို့
့မေတ္တာ လျော့ခဲ့တာလား..?
ရေမလျှံလို့
့ခြေစုံ...ကန်ချင်တာလား...။
မေတ္တာစစ်နဲ့....သစ္စာရှိစွာ
ချစ်ခဲ့တာ...ငါ
အသစ်ရှာ တွေ့လို့
့ပစ်ခွာပြေးသူ......မင်း
ငါတို့နှစ်ယောက်ရဲ့
့ချစ်ခြင်းကို..
ဘယ်နတ်ဆိုးက
သွေးထိုးခဲ့တာလဲ....။
ထွက်သွားပြီဆို
နောက်ပြန်မကြည့်နဲ့
ငါမင်းကို
မမုန်းနိုင်ပေမယ့်..
မေ့လို့တော့ရမှာပါ....။

လမ်းခွဲ


လမ်းခွဲပြီးတဲ့နောက်
ကိုယ့်ကိုယ်ကို နာကျင်ထိခိုက်အောင်လုပ်ပြီး
သူ့ကို ဂလဲ့စားချေတုန့်ပြန်ဖို့ မစဉ်းစားပါနဲ့
သင့်ကိုယ်သင် နာကျင်အောင် သင်ဘယ်လောက်ပဲရက်စက်ရက်စက်
သင့်ကိုခွဲသွားခဲ့တဲ့လူက
ဒီ့အတွက် နာကျင်ဝမ်းနည်းလိမ့်မှာမဟုတ်ဘူး
သင့်ကို သူမချစ်တော့ပါဘူး
သင့်ကို မချစ်တော့လို့ ခွဲသွားခဲ့တဲ့လူတစ်ယောက်က
ဒီ့အတွက်နဲ့ သူဘယ်ရင်နာတတ်လိမ့်မလဲ?

ငါဟာ အမြဲပျော်ရွှင်နေသူပါ...


လူတစ်ယောက်...
ကြံ့ခိုင်သန်မာပြီးရင် အားပျော့တဲ့အခါလည်းရှိမှာပေါ့
အားပျော့ပြီးသွားရင် ပြန်လည်ကြံ့ခိုင်သန်မာလာမှာပဲ
နာကျင်ကြေကွဲပြီးသွားရင်လည်း ပျော်ရွှင်လာမှာပဲလေ...
ငါဟာ အမြဲပျော်ရွှင်နေသူပါ...
ငါ့ဘဝမှာ နင်မရှိတော့တာလေးတစ်ခုပဲ
ငါ့ဘေးနားမှာ နင်မရှိတော့တာလေးတစ်ခုပဲ
ငါ့ရည်မှန်းချက်ထဲမှာ နင်မပါတော့တာလေးတစ်ခုပဲ
ငါ့အနာဂတ်မှာ နင်မရှိတော့တာလေးတစ်ခုပဲ.....

ဆောရီးပါ


ဆောရီးပါ..
နေ့တိုင်း ငါ့ကို နင်ချစ်တယ်ပြောလည်း
နေ့တိုင်း ဘာမှမပြောဘဲ အပြောထက် အလုပ်နဲ့သက်သေပြတတ်တဲ့သူ့ကို နင်မမီဘူး။
ဆောရီးပါ...
ကားကောင်းတွေ နင်ဘယ်လောက်စီးနိုင်စီးနိုင်
ငါ့လက်ကိုတွဲပြီး လမ်းကြီးလမ်းငယ်အသွယ်သွယ် ဖြတ်သွားတတ်တဲ့သူ့ကို နင်မမီဘူး။
ဆောရီးပါ....
နင့်ဘေးမှာ မိန်းကလေးတွေ ပတ်လည်ဝိုင်းနေလည်း
ဘယ်မိန်းကလေးကိုမှ မကြိုက် အကြည့်ထဲမှာငါပဲရှိတဲ့သူ့ကို နင်မမီဘူး။
ဆောရီးပါ....
နင် ဘယ်လောက်ချမ်းသာချမ်းသာ
ငါတို့ရဲ့အနာဂတ်ရက်တွေလှဖို့ ကြိုးစားပြီးပိုက်ဆံရှာတဲ့သူ့ကို နင်မမီဘူး။
ဆောရီးပါ...
ငါ့ကို နင်ဘယ်လောက် လိုက်လျောလျော
လမ်းသွားလမ်းလာတွေရဲ့အကြည့်ကို ဂရုမစိုက်ဘဲ
ခလုတ်တိုက်မိသွားတဲ့ ငါ့ခြေထောက်ကို ထိုင်ပွတ်ပေးတတ်တဲ့သူ့ကို နင်မမီဘူး။
ဆောရီးပါ...
ငါ့ကို နင်ရန်မရှာတတ်လည်း
ငါ့စိတ်ဆိုးနေတာတွေ့ရင် ငါ့နဖူးကိုနမ်းပြီး ငါ့ကိုချော့တတ်တဲ့သူ့ကို နင်မမီဘူး။
ဆောရီးပါ...
ငါ့ကို ရင်ခုန်အောင် နင်ဘယ်လိုလုပ်လုပ်
ငါလိုအပ်တဲ့အချိန် ငါ့ရှေ့ရောက်လာတတ်တဲ့သူ့ကို နင်မမီဘူး။
ဆောရီးပါ...
သူ့မကောင်းကြောင်း ငါ့ကို နင်ပြောပြလည်း
အတူနေခဲ့တဲ့ ငါတို့ရဲ့နှစ်လရက်တွေ၊ သံယောဇဉ်တွေကို နင်မမီဘူး။
ဆောရီးပါ...
နင့်မှာ အပေါင်းအသင်းဘယ်လောက်များများ
ငါအနိုင်ကျင့်တာခံရရင် အများနဲ့တစ်ယောက်ရင်ဆိုင်ရဲတဲ့သူ့ကို နင်မမီဘူး။
ဆောရီးပါ...
ငါ့ကောင်းကြောင်းကိုပဲ နင်ချီးကျူးပြောလည်း
ငါ့ရဲ့ချွတ်ယွင်းချက်တွေ သိခဲ့သည့်တိုင် ငါ့အနားက မခွဲမခွာရှိနေပေးတဲ့သူ့ကို နင်မမီဘူး။
ဆောရီးပါ...
နင်ဘယ်လောက်တော်တော်၊ ဘယ်လောက်ထက်ထက်
ငါချစ်တဲ့သူ့ကို နင်မမီပါဘူး။
(ချစ်ခြင်းကမ္ဘာမှာ ဒီလိုမိန်းကလေးမျိုးနဲ့.. ဒီလိုယောက်ျားလေးမျိုး ပေါများပါစေး)

နောက်ဆုံး



စွံအသွားတာ မဟုတ်ပါဘူး
စကားလုံးတွေ ပျောက်ရှကုန်တာ
ဂရုမစိုက်တော့တာ မဟုတ်ပါဘူး
လှိက်လှိက်လှဲလှဲ မရှိတော့တာ
မလွမ်းတော့တာ မဟုတ်ပါဘူး
အရင်လို မနွေးထွေးတော့တာ
မချစ်တော့တာ မဟုတ်ပါဘူး
ရင်ခုန်သံတွေ ရပ်ဆိုင်းကုန်တာ
လှည့်ထွက်သွားတာ မဟုတ်ပါဘူး
နာကျင်နေတဲ့ ရင်ဘက်တစ်စုံကို သဂြိုလ်ပြစ်လိုက်တာ

ပန်းမြင်တိုင်းလည်း မနမ်းတတ်ဘူး။ ညစဉ်တိုင်းလည်း မလွမ်းတတ်ဘူး။ လွမ်းမိတဲ့ညမှာတော့ နမ်းမိတဲ့ပန်းလေးပဲ သတိရနေတယ်။


# ပညာစကားလက်ဆောင် #


ချစ်တယ်ဆိုဒါ ချစ်တုံ့ ပြန်မခံရမှာကိုစွန့် လွှတ်တာပဲ
မျှော်လင့်တယ်ဆိုဒါ စိတ်ပျက်လက်လျှော့ခြင်းကို စွန့် လွှတ်တာပဲ
ဘာပဲဖြစ်ဖြစ်စွန့် စရာရှိတာတော့ စွန့် ရမှာပဲ။
အကြောင်းကတော့ ဘ၀မှာ အကြီးကျယ်ဆုံးစွန့် လွှတ်ရမှာက
ဘာတစ်ခုမျှမစွန့် လွှတ်နိုင်ခြင်းကိုပါပဲ။
ဘာတစ်ခုမျှမစွန့် လွှတ်နိုင်သူဟာ ဘာမျှလုပ်တဲ့သူမဟုတ်ဘူး
ဘာကိုမှလည်းမမြင်ဘူး သူ့ မှာဘာမှမရှိဘူး
သူကိုယ်တိုင်လည်းဘာမှမဟုတ်ဘူး။
သူဟာ သင်ယူလို့ ၊ ခံစားလို့ ၊ ပြောင်းလဲလို့ ၊ကြီးရင့်လို့ ၊
ချစ်ခင်လို့  ၊ ရှင်သန်နေထိုင်လို့ မရတဲ့လူပဲ ။

အဖော်မဲ့အလွမ်း


အဖော်မဲ့အလွမ်း

ခရေဖူး........
လေရှုးသောက်လို့
နွေဦးမှာလည်း ...ကြွေကြတယ်.....ခိုင်...။
ခရေပွင့် အကြွေတွေနဲ့.........
လေနင့်အခြွေမှာ..........
မြေသင့်လို့ ခရေခင်းတဲ့လမ်း
ဝေဒနာ အနမ်းနဲ့
ငါ့အတွက်
ကွက်လပ်တွေဖြေရာမဲ့ပေါ့
အိပ်ပျက်ညနဲ့ မဖြေသာ
ဟိုး..............အရင်ညတွေက
သ္ခင် ကိုယ်ငွေ့တွေနဲ့
မှေးစက်ခါ အိပ်နိုင်ခဲ့ပေမယ့်
သ္ခင် မရှိတဲ့ည
အလင်းမဲ့လ လိုပဲ
ကွက်လပ်တွေ ဟာပြည့်နှက်ခဲ့
အိပ်ပျက်ည နဲ့ မဖြေသာ
အတွေး ထပ်ထပ်နဲ့
ငါရေးစပ်ခဲ့တဲ့ ကဗျာတွေဟာလည်း
အရွက်ပေါ် ဆေးစက်ကျရုံနဲ့
တေးစပ်မ ရတဲ့ညတွေ.............
အကြိမ်ကြိမ် ပါဘဲ............ခိုင်.........။

လူ.......


ချစ်လိုက်ကြတာလည်း အသဲအသန်

ကွဲခဲ့ကြတာလည်း အဖန်ဖန်

အခါခါ ခဲမှန် ဘူးပေမယ့်

အချစ်က အမှတ်မရှိတဲ့ စာသူငယ်လို

ရင်ခုန်းခြင်းတွေက တကျော်ကျော် ဟစ်အော်နေကြတုန်း..............။

လူတွေသာ တစ်ယောက်ပြီး တစ်ယောက် ပြောင်းတယ်

ပြောတဲ့စကားက မပြောင်းလဲ

သူ့ကိုသာ အချစ်ဆုံး

ငါ့ဘဝအတွက် သူကသာ နောက်ဆုံးတဲ့.................။

အချစ်ဦးဖြစ်ပေမယ့် အချစ်ဆုံး မဟုတ်သလို

အချစ်ဆုံးဖြစ်ပေမယ့် အချစ်ဦး မဟုတ်ပြန်ဘူး

ဒါပေမယ့်....

သံယောဇဉ်ကြောင့်တော့ ရူးခဲ့ကြဘူးတယ်................

ဆံပင်ဖြူတွေက  တစ်ပင်စ နှစ်ပင်စ

ဘဝက ဇရာကို ပြလာကြပေမယ့်

စိတ်ဓါတ်တွေ ဖြူစင်မလာကြတာ ခက်တယ်................။

ကြယ်ကလေးသို့

ကြယ်ကလေးရေ....
ငါတို့ ဆုံတွေ့စဉ်ကာလ
ဖြူစင်စွာ ချစ်ခဲ့ကြတယ်..........။
မှောင်မိုက်နေတဲ့ ငါ့ဘဝကို
နင့်ရဲ့အလင်း တစ်စက်နဲ့
ငါ့မျှော်လင့်ချက်တွေ အသက်ဆက်စေခဲ့တာ...........။
ရေမြေတွေ ခြားနားတဲ့
နင်နဲ့ ငါ့ကြားမှာ
ဝေးကွာခြင်းတွေကတော့ ရှိနေဦးမှာပါ..............။
အလွမ်းဆိုတာ ဖော်ဆောင်ဖို့
ပြရုပ် မရှိတဲ့ အချိန်တွေပါဟာ
ကားတွေ ဆိုင်ကယ်တွေ တဝီဝီကြား
ဖိနပ်တွေပါးအောင် ငါတို့ လမ်းလျှောက်ရင်း
လူသားအချင်းချင်း
ဂုတ်သွေးစုပ် အမြတ်ထုတ်ချင်းတွေနဲ့
ပြောင်းပြန်သွား လမ်းမကြီးတွေကလည်း
ငါတို့ကို လှောင်ကြတယ်လေ.............။
သတိရတိုင်း ကြည့်ခဲ့တဲ့ ဓါတ်ပုံတွေ
သတိရတိုင်း ရေးခဲ့တဲ့ ကဗျာတွေ
လက်သန်းချင်းချိတ်ရင်း ပေးခဲ့တဲ့ ကတိတွေဟာ
ငါ့ဘဝအတွက်
နင်ပေးခဲ့တဲ့ အမှတ်တရ အလင်းစက်တွေပါ............။
လွမ်းတဲ့စိတ်ကို ကျိတ်မှိတ်
ငါ တစ်ရေး အိပ်လိုက်စဉ် ခဏ
အိပ်မက်ထဲမှာ ဆုံတွေ့ပါရစေ
ကြယ်ကလေးရေ...
ဦးငှက်ကြီး ရေးတဲ့ကဗျာလို
အိပ်မက်သည်သူ
သူသည် အသက်ဖြစ်စေ ပေါ့.............။

သံယောဇဉ်

ချစ်သူပေးလိုက်တာ
ပန်းလေး တစ်ပွင့်လား.....?
နွမ်းလွင့်ကာလေ
ရနံ့တွေ ပျယ်နေမလား
ဒိုင်ယာရီ စာအုပ်ကြားမှာ
ငါ... သိုဝှက်စွာ သိမ်းထားမယ်..................။

ချစ်သူပေးလိုက်တာ
အလွမ်းလေး တစ်ခုလား......?
ကျွမ်းနင့်ပါစေ
နွေတစ်ရာ ပူစေမလား
ဒီအသဲ ကြားမှာ
ငါ..သိုဝှက်စွာ သိမ်းထားမယ်.....................။

သြော်.....

အလွမ်း ဖြစ်ဖြစ်
ပန်းဖြစ်ဖြစ်လေ
မြတ်နိုးမှုတွင်
သံယောဇဉ်နဲ့
ချစ်သူကိုယ်ပွား

နှလုံးသားမှာ
မစိမ်းကားချင်
သိမ်းထားချင်တယ် ချစ်သူရယ်................။
ကဗျာတွေကို ငါချစ်တယ်
တစ်ခုပေးမှ တစ်ခုရတဲ့ လူ့ဘဝ
ငါ့ အသည်းတွေ ကြွေကြပါစေ
ချစ်သူ နင်ပျော်ရွှင်ဖို့ အမြဲပြုံးပြ နေမယ့် လူပါ..............။

ငါတို့က ဘဝကို ပန်းချီကားတစ်ချပ်လို ပုံသွင်း
လှပစွာ ဆေးရောင်ခြယ်နိုင်ခြင်း မရှိမှတော့
ခပ်လျှော့လျှော့ သံယောဇဉ်ကြိုးက
ဘယ်လိုတိုးလို့ ချည်နိုင်တော့မှာလည်း............။

ကောင်မလေးရေ ငါအရမ်း ချစ်ခဲ့တာ
ငါအရမ်း လွမ်းခဲ့တာတွေဟာ
နင်မခံစားတတ်တဲ့ ကဗျာထဲမှာ
 နှလုံးသားထဲက ဆန္ဒကို ဖွင့်အပြ
ကဲ့ရဲ့ချင်တဲ့သူ ကဲ့ရဲ့ကြပေါ့..................။

အွန်လိုင်းပေါ်က ကဗျာ "ဂေါက်သီး" များစွာတဲ့လား
 ဝေဖန်လိုက်ပါ ကောင်မလေး
ငါတို့ကတော့ ကဗျာကို ရူးသွပ်နေသေးတယ်ဆိုတာ
ဘယ်သူဖတ်ဖတ် မဖတ်ဖတ်
ကိုရေးထားတာ ကိုဖတ်ပြီး
ငါတို့ ကျေနပ်ခဲ့တာ
ကဗျာဆရာ ဆိုတဲ့ စကားလုံး
ငါတို့ကို ငါတို့ မသုံးဘူး...............။

တစ်ဖက်သတ် ဆန်တဲ့
အလွမ်းဓါတ်ခံ သမားတွေတဲ့လား
ဟုတ်ပါတယ်
အလွမ်းတွေကို အဖော်ပြု
ကဗျာ ဆိုတဲ့ ရာသီဥတုဆိုတာ
ငါတို့အတွက် အမြဲသာယာနေတာ
နင်ဟာ ငါ့အတွက် ကဗျာ
ဒါကြောင့် ကဗျာတွေကို ငါချစ်တယ်...................။

တစ်ခါတရံ အချစ်ဆိုတာ တိတ်တိတ်ကလေးပဲ ကောင်းတယ်...


ဘယ်လောက်အထိ ချစ်ခဲ့လည်းဆိုရင်
ငါ့ နှလုံးသားကို ပြန်ကြည့်မှ
နင်ပျော်ရွှင်ဖို့ အမြဲပြုံးပြ နေတတ်တာ
ငါ့ကို ငါတောင် သတိမထားမိ ခဲ့ဘူး...........။

အမြဲ သတိရနေခြင်းက
ချစ်ခြင်းရဲ့ အစဆိုရင်
မေ့ပျောက်ခြင်းတွေနဲ့ ပြီးဆုံး
အချစ်ရဲ့ နိဂုံးမှာ
အမုန်းဆိုတာတော့ ငါ့အတွက် မထားခဲ့ပါနဲ့...............။
နင်က ငှက်ကလေးဆို
ငါက သစ်ပင်တစ်ပင်ပါဟာ
ခဏတာ ဝင်နားမှန်း သိနေလျှက်
နင်ပျော်ရွှင်ဖို့ အတွက်
ငါ မနှင်ရက် ခဲ့ဘူးလေ...............။

ရေလှိုင်းလေး ခဏတာ ဝင်နားတဲ့
ကမ်းနားလေး ဟာလည်း... ငါ
တစ်စတစ်စ ပဲ့ကြွေခြင်းမှာ
ငါ ကျရှုံးခြင်းဆိုတာ သိပေမယ့်
ရင်ထဲက မေ့ပြစ်ဖို့ ခက်တယ်..................။

ကျွန်းခံနေတဲ့ နှလုံးသားလမ်းကြောင်းမဟုတ်ပေမယ့်
ဂုဏ်ဓန ဆိုတဲ့ မှတ်တိုင်လေးထား

ငွေပေးမှ သွားခွင့်ရတဲ့
နှလုံးသား လမ်းသစ်တွေကြားမှာ
ငါ....
လမ်းလျှောက်ရင်း လမ်းပျောက်ချင်ခဲ့တာပါ.............။
 
ဖန်တီးယူခဲ့တာ မဟုတ်ခဲ့ ပါဘူး
အလိုလို ဖြစ်တည်လာတဲ့ ရင်ခုန်မှုက
ငါ့နှလုံးသားကိုမှ ဗဟိုပြုခဲ့တာ
နာကျဉ်မှုတွေပါ တစ်ခါတည်း သယ်လာခဲ့သလား...........။
 
ကမ္ဘာအတု လေးထဲက
သံယောဇဉ် အတုတွေလို့ ထင်ရင်
ငါတို့ ဘယ်တော့မှ ပြန်မဆုံချင်ကြေး
တစ်ခါတစ်ရံ ဟိုး...အဝေး
အချစ်ဆိုတာ တိတ်တိတ်ကလေး ချစ်နေရတာပဲ ကောင်းတယ်...........
ပန်းကလေး..

ပန်းတစ်ပွင့်ကို တန်ဖိုးထား
ရင်ထဲမှာ မြတ်နိုးသွားခဲ့ ပေမယ့်
အပွင့်လိုလို့ အညှာချိုး
ရနံ့ကိုလည်း ငါမခိုးခဲ့ ပါဘူး..............။

ပင်ယံထက်နန်း တစ်ပွင့်ပန်း
ငါ့နှလုံးသားမှာ လန်းနေဆဲ
အိပ်မက်ထဲလည်း ငါမနမ်းရဲ ခဲ့ပါဘူး.............။

ကြည့်နေရုံ အဖြစ်
လွမ်းနေရုံ အဆင့်
လိပ်ပြာငယ်ကြောင့် အဆိပ်သင့်
မြေပြင်ပေါ်မှာ သူကြွေလွင့်
သဘာဝရဲ့ အပြစ်
ငါလည်း ရင်မနာ သင့်တော့ဘူး............။
ဘဝဆိုတာ ပုံသေနည်းမရှိဘူးတဲ့..

ဟိုလိုလို .. ဒီလိုလိုနဲ့ စပြီး
ဒီလိုလို ... ဟိုလိုလိုနဲ့
ပြီးဆုံးသွားမယ့် ဘဝ
သဘာဝမကြဘူးတဲ့.......
ဖေဖေပြောဘူးတဲ့စကား
သားရင်ထဲမှာ မှတ်ထားတယ်..........။။

ထမင်း ဘယ်ကရ
အိုးထဲက...
ပိုက်ဆံ ဘယ်ကရ
မေမေ့ဆီကလို့ ပြောခဲ့စဉ်...
ဖေဖေဖြေခဲ့ပြီး
ဘဝဆိုတာ ပုံသေနည်း မရှိဘူးတဲ့...........။။

ကောင်းကင်နဲ့ မြေကြီးကြား
လူအများ ကြားဘူးကြဦးမည်...
အရာရာ ဟူသမျှ..
လက်ဦးဆရာမှ စေတနာမှန်သည်တဲ့............။။

ကိုယ့်ဝမ်းစာ ကိုယ်ရှာစား
ဘဝဟာ ဒါလားလို့....
အနေဝေးမှ သိရချိန်
ဖေဖေပြောခဲ့တဲ့စကား
အားအင်များအဖြစ် ဖန်တီးပေး
သားဘဝ သုည(၀)လေးမဖြစ်စေရဘူး..........

.။။

ဖေဖေရေ......
ဝေးတစ်မြေ ရပ်ခြား
နာကျင်စရာများနဲ့ ကြုံလာတိုင်း
ဖေဖေရဲ့ စကား
ဒဏ်ကြေဆေး အလားမှီဝဲရင်း.....
ဘဝဟာ ပုံသေမရှိခြင်း ဆိုတာ သိလိုက်ပြီ............။။

Online


(၁)
ညခင်းက လမင်းကို ငေးကြည့်နေတာလား
ဒါမှ မဟုတ်
လမင်းက ညခင်းကို ငေးကြည့်နေတာလား
ဘာပဲဖြစ်ဖြစ်
သာယာတဲ့ မြင်ကွင်းမှာ
တူညီတဲ့ ရင်ခုန်ခြင်းတော့ ရှိရမယ်...............။

(၂)
ကြယ်တစ်ခင်းလောက်
လမင်းကို ငါတို့ မရင်းနှီးခဲ့.....
ညဉ့်ငှက်တစ်ကောင်လောက်
ညအမှောင်ကို ငါတို့ မရင်းနှီးခဲ့.....
နင်နဲ့ငါ သူငယ်ချင်း
ဒီထက်ပိုပြီး ရင်းနှီးခဲ့ ခြင်းလည်း မရှိဘူး.............။

(၃)
နွေညလယ် ခင်းက
လေပြေညှင်းကို တမ်းတတယ်....
ဆောင်း မနက်ခင်းက
မြူနှင်းကို တမ်းတတယ်......
မိုးတစ်ပွင့်ရဲ့ ကြင်နာခြင်းကို
ပန်းခင်းလေးတွေက တမ်းတတယ်.......
ငါ့ရဲ့ ရင်ခုန်ခြင်းက
နင့်ကို တမ်းတတယ်..........
ဒါပေမယ့် သူငယ်ချင်း
ငါလိုချင်တာ တမ်းတခြင်း မဟုတ်ဘူး.........။

(၄)
ပြောမထွက်တဲ့ စကားလုံးတွေက
ရင်ထဲမှာ အပြည့်.....
ပူလောင်တဲ့ နှလုံးသားထဲက
သံယောဇဉ် ဆိုတာများ အငွေ့ပျံသွားရင် ကောင်းမယ်.....
ရင်ခုန်သံ စည်းချက်နဲ့
အိပ်မက်ကို နှစ်သက်နေတဲ့သူပါ
အရာရာ ဟာ ဝေဝါးဝါး
လန့်နိုးတော့မှ သံယောဇဉ်က ခါးမှန်းသိလိုက်တယ်.............။

ဆုတောင်းမိပါသည်။


သံယောဇဉ်တဲ့လား
ကဝေတစ်ကောင်လို လှည့်စားတယ်...........။

ညညတွေမှာဆို
ဒိုင်ယာရီ စာအုပ်အိုနဲ့
ဘောပင်ကလေးတစ်ချောင်း
တီးခတ်နေဆဲ ဂစ်တာဟောင်းတစ်လုံး
ငါ့ကိုကြည့်ပြီး လှောင်ပြုံနေလေရဲ့...............။

နေ့ဘက်တွေ မှာဆို
သံသယ မျက်လုံးတွေအနား
လူသားတွေရဲ့ ကြားထဲ
ငါ နေတတ်အောင်လဲ နေပေးရဲတယ်............။
 
ရင်ထဲက ခံစားသမျှဟာ
ကဗျာဆိုရင်
နင်ဟာ ကဗျာ တစ်ပုဒ်အဖြစ်
ငါ့နှလုံးသားမှာ ကျန်ရစ်ပါစေ
ဘယ်သောအခါမှ မမေ့စေဘူး..............။
 
အခုတော့.........
ငါချစ်ခဲ့တဲ့ ကဗျာ
ငါလိုချင်တဲ့ ဖြူစင်မှု
ငါကိုယ်တိုင် ဥပက္ခာ ပြုလိုက်ရင်း
သံယောဇဉ်ရဲ့ ချည်နှောင်ခြင်းမှ
လွတ်ကင်းပါရစေ..............။
                                                      
                                                         သူငယ်ချင်တွေအားလုံး ပျော်ရွှင်ပါစေဗျာ။

မင်းစိတ်နဲ့ကိုယ်



ငါ့အနားမှာ နင်ရှိ မနေလည်း
ငါ့ရင်ထဲမှာ နင်အမြဲရှိတယ်

ငါ့ကိုနင် သတိရ မနေလည်း
ငါနင့်ကို အချိန်တိုင်း သတိရတယ်

ငါ့ကိုနင် လွမ်း မနေလည်း
ငါနင့်ကို တမ်းတနေတယ်

ငါ့ကိုနင် ဖုန်း မဆက်လည်း
ငါနင့်ကို ဖုန်းခေါ်နေမိတယ်

ငါ့ကိုနင် မေ့သွားရင်တောင်
ငါနင့်ကို ထာဝရ သတိရလွမ်းနေမိမှာ

ငါ့ကိုနင် မယုံဘူးဆိုရင်တောင်
နင့်ကို သိပ်ချစ်တဲ့ ငါ့နှလုံးသားလေးကိုတော့ သံသယ မရှိပါနဲ့

~~ အချစ်မှာ မျက်စိမရှိပေမယ့် ငါ့နှလုံးသားထဲမှာတော့
နင့်ကိုချစ်တဲ့ အချစ်တွေ အပြည့်ရှိတယ် ... ချစ်သူ ~~

အဝေးကချစ်သူသို့******

အချိန်တွေကြာလို့မေ့သွားတဲ့လူတွေထဲမှာ
နင့်နာမည်လေးကို
ငါဖယ်ထားပါတယ်ကောင်မလေး..
ပြောနေကြအတိုင်းပဲပေါ့.
နင့်ကိုငါသတိရဖို့လည်းမမေ့ဘူး..
မေ့ဖို့ကိုလည်းသတိမရခဲ့ပါဘူး....ယုံပါ
မလိခတောင်မေခနဲ့ပေါင်းဆုံဖို့
တောင်စဉ်အထပ်ထပ်ကျော်ဖြတ်ခဲ့ရသေးတာပဲ
ငါလည်းလောကဓံအထပ်ထပ်ကို
ရင်ဘတ်နဲ့ရင်းပြီးကျော်ဖြတ်ရအုံးမှာပေါ့..
အမှောင်ယံတွေလွန်မြောက်တဲ့တနေ့
မြစ်တစင်းထဲအတူစီးဝင်ခွင့်ရှိလာအုံးမှာပါ..
ဒီမိုးတလွာတိုက်စားပြီးကုန်တဲ့နောက်
ဆောင်းဝတ်မှုန်တွေမကျဲချသေးခင်
ငါအချိန်မှီရောက်ဖို့သာ..နင်ဆုတောင်းပေးပါ
ငါ့အတွက်တော့
အေးစက်နေတဲ့ငါ့လက်တွေကိုဆုပ်ကိုင်ဖို့
နင့်လက်ဖဝါးလေးတွေအရင်လိုနွေးနေကြပါစေအုံးနော်
လေတွေကြောင့်ပြန့်ကျဲရတဲ့မိုးတိမ်
လေကြောင့်ပဲပြန်ဆုံဆည်းခွင့်ရသလိုမျိုး
နင့်ဆီကိုဆောင်ကြဉ်းပေးနိုင်မယ့်လေညှင်းနဲ့
ငါခိုစီးပြီးလိုက်ခဲ့ချင်လိုက်တာ....
ဘာပဲဖြစ်ဖြစ်ပေါ့..
ဟိုးအရင်တုန်းကညမျိုးလို
နင်နဲ့အတူကြယ်တွေကူပြီးရေတွက်ဖို့
ငါ့မျှော်လင့်ချက်တွေတောက်ပနေဆဲပါ
ငါလည်းပဲဆုတောင်းနေပါတယ်....ကောင်မလေးရေ...
ကြယ်စုတွေမရောက်နှင့်မီ
ငါအလျင်ရောက်ဖြစ်ဖို့နဲ့
အတူတူလက်ချင်းယှက်ပြီး
နောက်ကျတတ်တဲ့ကြယ်တွေစောင့်ကြည်လို့
လောင်မြိုက်ဖူးတဲ့အလွမ်းတွေအားလုံး
ငြိမ်းသတ်နိင်မယ့်ညများစွာအတွက်ပေါ့....

သီချင်းတွေမှာ စာသားထည့်ဖို့

သီချင်းတွေမှာ စာသားထည့်ဖို့
ကိုယ့်စိတ်ကြိုက် သီချင်းတွေမှာ စာသားနဲ့ အဆိုတော်ပုံတွေ ထည့်ဖို့ Jet Audio ကို အသုံးပြုနိုင် ပါတယ်။ အတတ်နိုင်ဆုံး Jet Audio ရဲ့ နောက်ဆုံး version ကို ယူထား ဖို့တော့ လိုပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အရင် version အဟောင်းတွေမှာ ရ/မရ ဆိုတာကို သေချာမသိလို့ပါ။ အခု စက်ထဲမှာ ထည့်ထားတာကတော့ JetAudio.v7.0.2.3010.Plus.VX ဖြစ်ပါတယ်။
ပထမဆုံး ကိုယ်ပြုပြင်ချင်တဲ့ သီချင်းဖိုင် ကို Right click နှိပ်ပြီး၊ ပေါ်လာတဲ့ menu ကနေ jet Audio - Edit Tag ကိုသွားပါ။


"Edit Tag" window box လေး ပေါ်လာပါလိမ့်မယ်။ သေချာ ကြည့်လိုက်မယ် ဆိုရင် အဲဒီ box လေးမှာ Basic, Lyirc, Picture ဆိုပြီး Tab menu လေး သုံးခုပါတာကို တွေ့ပါလိမ့်မယ်။ 'Basic' tab မှာ ကျွန်မတို့ ပြုပြင်မယ့် သီချင်းရဲ့ Title,Artist,Album,Year,Gene စတာတွေကို ဖြည့်ပါ။

foto
'Lyric' tab ကို သွားပါမယ်၊ အဲဒီမှာ သီချင်းစာသားကို ရိုက်ထည့်ချင်ထည့် (ဒါမှ မဟုတ်) Copy-Paste လုပ်ပြီး ထည့်ချင်ထည့် . . . သင့်စိတ်ကြိုက် ထည့်ပါ။ သီချင်းစာသားတွေကိုတော့ www.azlyrics.com မှာ သွားရှာ နိုင်ပါတယ်။ www.google.com မှာပဲ Lyric of **** ဆိုပြီးလည်း ရှာနိုင်ပါတယ်။ (**** ဆိုတာရဲ့ နေရာမှာ သင်ရှာချင်တဲ့ သီချင်းနာမည်ကို ရိုက်ရမှာ ဖြစ်ပါတယ်။ သီချင်းအမည်ရော အဆိုတော်အမည်ပါ, ပါရင် ပိုကောင်းပါတယ်၊ ဥပမာ- Lyirc of Killers are quiet - Slipknot )




Lyrics အမျိုးအစား နှစ်ခု(Static Lyrics and Synchronized lyrics)
ဒီနေရာမှာ ကျန်နေမှာ စိုးလို့ ထည့်ရေးလိုက် တာပါ၊ Lyrics နှစ်မျိုး ရှိပါတယ်။


    Static Lyrics - ဆိုတာကကျ အသေပါ၊ ဒီစာတွေကို ဒီအတိုင်း ပုံသေ ပြနေမှာ ဖြစ်ပါတယ်။
    Synchronized Lyrics - ဆိုတာကကျ Time line တစ်ခုနဲ့ သွားပါတယ်၊ ဥပမာ ပြောရရင် ကျွန်မတို့ တွေ့နေကျ VCDတွေ မှာလိုပဲ စာသားတွေကို အရောင် တစ်မျိုးနဲ့ ထပ်ဖုံးသွားတာ၊ ပြောင်းသွားတာ မျိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့် Synchronized Lyrics ကို MP3 Player တွေမှာ စာသားပေါ်စေချင်တဲ့ အခါ သုံးနိုင်ပါတယ်။
    တစ်ဆက်တည်း ပြောရရင် အခုနောက်ပေါ်တဲ့ MP3 Player တွေမှာ သီချင်းနားထောင်နေရင်း သီချင်း စာသားပေါ်အောင် လုပ်လို့ ရနေပါပြီ။ ဒါပေမယ့် တစ်ခု သတိထားရမှာက Lyrics စာသားဖိုင် နဲ့ သီချင်းဖိုင်, ဖိုင်အမည်ခြင်း တူရပါ့မယ်။ MP3 Player ထဲကို အဲဒီ သီချင်းဖိုင် နဲ့ စာသားဖိုင် တွေကို ထည့်လိုက်ပါ။ ပြီးရင် သီချင်းဖွင့်၊ သီချင်းလာပြီဆိုတာနဲ့ MP3က Mode ခလုတ်ကို သုံးစက္ကန့် လောက် နှိပ်ထားလိုက်ပါ, သီချင်းစာသားလေးတွေ ပေါ်လာပါလိမ့်မယ်။


အခု Jet Audio မှာလည်း အဲဒီ Synchronized Lyrics တွေကို ရေးသားဖို့ လုပ်ပေးထား ပါတယ်၊ 'Lyrics' tab မှာ Run Lyric Maker (for Synchronized Lyric) ဆိုတဲ့ စာသားလေးကို အောက်နားလေးမှာ တွေ့မယ် ထင်ပါတယ်။ အဲဒီကောင်လေးကို ကလစ်လုပ်ပြီး Synchronized Lyrics တွေကို သင့်ကိုယ်တိုင် ဖန်တီးနိုင်ပါတယ်။
အဲဒါလေးက လုပ်ရတာ နည်းနည်း လက်ဝင် ပါတယ်၊ သီချင်းကို ဖွင့်လိုက်, Time line သတ်မှတ်လိုက် နဲ့ အချိန်လည်း ပေးရ ပါတယ်။ အသင့်ရေးပြီးသား Synchronized Lyrics ဖိုင်တွေကို ဒီဆိုဒ်မှာ http://www.lrcdb.org/သွားယူ နိုင်ပါတယ်။

နောက် 'Picture' tab ကို သွားပါမယ်၊ အဲဒီမှာ Browse ကနေ သင့်ထည့်ချင်တဲ့ ပုံရှိရာကို သွားဖွင့်ပါ။ မူလပုံ အတိုင်းပဲ ပေါ်စေချင်တယ် ဆိုရင် 'Resize image to fit' က အမှန်ခြစ်လေးကို ဖြုတ်ခဲ့ပါ။ ကျွန်မကတော့ 200x200 အရွယ် ပုံသေးလေးပဲ ပေါ်စေချင်လို့ 'Resize image to fit - 200x200' ကိုရွေးပါတယ်။ ပြီးရင် Apply ၊ Ok လုပ်ပါ။


foto

သင် ပြင်ထားတဲ့ သီချင်းဖိုင်လေးကို ဖွင့်ကြည့်လိုက်ပါ၊ သင်ထည့်ထားတဲ့ စာသားနဲ့အတူ ဓါတ်ပုံလေးပါ ပေါ်လာပါလိမ့်မယ်။ အောက်ပါ ပုံအတိုင်း ဖြစ်ပါလိမ့်မယ်၊ ဒါကတော့ ကျွန်မ လုပ်ထားတဲ့ Static Lyrics နဲ့ သီချင်းလေးပါ -


စကားချပ် - Lyrics တွေကို Window Media Player နဲ့လည်း ထည့်လို့ ရတယ်လို့ သိရပါတယ်။

» ပြည်သူလိုလားရင် ဒေါ်စုသမ္မတ ဖြစ်နိုင်လို့  ဦးသိန်းစိန်ပြော

မြန်မာ သမ္မတ ဦးသိန်းစိန်ကို ဘီဘီစီ အင်္ဂလိပ်ပိုင်းက တွေ့ဆုံ မေးမြန်း ခဲ့ပါတယ်။ အဲဒီ တွေ့ ဆုံ မေးမြန်း ခန်းမှာ သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်း စုကြည်ကို မြန်မာ ပြည်သူ လူထုက အနာဂတ် မြန်မာ နိုင်ငံရဲ့ သမ္မတ အဖြစ် မြင်ချင် ကြတယ် ဆိုရင် သူ့အနေနဲ့ လက်မခံ နိုင်စရာ မရှိဘူးလို့ ဘီဘီစီ အင်္ဂလိပ်ပိုင်း ကိုပြောပါတယ်။ ---



ဘီဘီစီ အင်္ဂလိပ်ပိုင်း နဲ့ တွေ့ ဆုံခဲ့တဲ့ သမ္မတဦးသိန်းစိန်

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့