Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 17 April 2013

ကမ္ဘာကျော် လစ်ဘာတီ ရုပ်ထုကြီး


အမေရိကန်နိုင်ငံ ၏ အမှတ်လက္ခဏာဖြစ်သော လေဘာတီရုပ်ထုကြီးသည်
ကမ္ဘာ့အမြင့်ဆုံး ရုပ်ပွားတော်နှင့်ရုပ်ထုများစာရင်းတွင် နံပါတ် ၃၂ မှာတည်ရှိပါတယ်။
အမေရိကန်ပြည်ထောင်စုရှိ နယူးယောက် ဆိပ်ကမ်းသို့ ၀င်လိုက်သည်နှင့် ကမ္ဘာကျော် လစ်ဘာတီ ရုပ်တုကြီးကို တွေ့မြင်ရမည်ဖြစ်သည်။ရုပ်ထုအမြင့်မှာ 46 m (151  ပေ ) ရှိပါတယ်။
ဒီအမြင့်မှာ ရုပ်ထု၏ သီးခြားအမြင့်ပါ။ အောက်ခြေ ပန်းပုရုပ် အောက်ခံခုံမှ ဆိုလျှင် 93 m (305 ပေ )
 အထိ ရှိပါတယ်။



ထိုရုပ်တုကြီးကို ၁၈၈၆-ခုနှစ်တွင် အမေရိကန် တော်လှန်ရေး အောင်မြင်သည့် အထိမ်းအမှတ်အဖြစ် ပြင်သစ်နိုင်ငံက လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
၁၈၈၆ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်က ဤ ရုပ်တုအား ထိုစဉ်က အမေရိကန်သမ္မတ ဂရိုဗာကလိဗ် လန်း၏ရှေ့၌ ဖွင့်လှစ်သည်ကို ထင်ဟပ်စေမည်ဖြစ်သည်။
ဤလွတ်လပ်ရေးအထိမ်းအမှတ် ရုပ်တုကို ပြင်သစ်ပန်းပုဆရာ ဖရက်ဒရစ် ဩဂတ်စ်ဘာသိုလ်ဒီက ဖန်တီးခဲ့ပြီး ပြင်သစ်နိုင်ငံသားများ၏ ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် အမေရိကန်နိုင်ငံအား လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။



ဤရုပ်တုသည် လွတ်လပ်ရေးအထိမ်းအမှတ်အဖြစ် အထူးသဖြင့် အခြားနိုင်ငံများမှ အခြေစိုက်ရန် ၀င်လာသူများအတွက် ဖြစ်လာခဲ့သည်။
ထိုလူဦးရေ၁၂သန်း တို့အမေရိကန်နိုင်ငံ တွင်းသို့ဝင်ရောက်လာရာ တွင်အနီးရှိအဲလစ္စကျွန်းအား
 ဖြတ်သန်းခဲ့ရသည်။ ၁၉၈၀-ပြည့်နှစ်များတွင် ရုပ်တုကြီးအတွင်းရှိ ရိုးရိုးသံချောင်းများကို သံမဏိစတီးချောင်းများဖြင့် အစားထိုးပြုပြင်ပြီး ပိုမိုခိုင်ခန့် တည်တံ့စေရန် ထိန်းသိမ်းထားသည်။

သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ........

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့