Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 17 April 2013

မကွေးမြို့ မှာ မီးလောင်မှု ဖြစ်ပွား

ဧပြီ ၁၇

မကွေးတိုင်း ဒေသကြီး မကွေးမြို့ အောင်စေတနာ ၁လမ်းနှင့် ၂လမ်းကြားရှိ အမေထွား ပဲဂိုဒေါင် ယနေနေ့လည် ၂း၃၀ ခန့်တွင် မီးလောင်မှုဖြစ်ပွား ခဲ့ပါတယ်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားစဉ် မကွေး မြို့ပေါ်မှ မီးသတ်ကားများပါမကျန် မင်းဘူး မီးသတ်ကားများ၊ ထောက်ရှာပင်မီးသတ်ကားများ၊ ဆည်မြောင်း ရေဘောင်ဆာကားများ၊ အခြားရေဘောင်ဆာကားများ လာရောက် ငြိမ်းသတ်ခဲ့ရာ ညနေ၃း၃၀အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး သံဃာတော်များ၊ မြို့ခံပြည်သူများ ၀ိုင်းဝန်း ငြိမ်းသတ်ခဲ့ ကြတယ်လို့ သိရပါတယ်။

အဆိုပါ မီးလောင်မှုကို မည်သို့ စတင်လောင်ကျွမ်းသည်ကို မသိရှိရသေးပါ။ နှစ်ဆန်း ၁ရက်နေ့  ဖြစ်နေသောကြောင့် အလုပ်သမားများမရှိဟု သိရှိရပါသည်။








No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့