Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 18 April 2013

အခေါက်ရွှေ ပေါက်ဈေး စံချိန်တင် ရုတ်တရက် ကျဆင်းသွားတဲ့အတွက်


ထိုင်းနိုင်ငံမှာ အခေါက်ရွှေ ပေါက်ဈေး စံချိန်တင် ရုတ်တရက် ကျဆင်းသွားတဲ့အတွက် ရွှေဆိုင်တွေမှာ ရွှေဝယ် သူတွေနဲ့ ကြိတ်ကြိတ်တိုးနေပြီး ဘန်ကောက်မြို့က ရွှေဆိုင်တချို့ ပိတ်ထားရပါတယ်။ သင်္ကြန် မတိုင်ခင်က တကျပ် သားကို ဘတ် ၂သောင်း ကျော်ရှိနေတဲ့ရွှေဈေးဟာ သင်္ကြန်အလွန်မှာ ထိုင်းဘတ်ငွေ ၁၈၉၅၀ ထိ ကျဆင်းသွားပါတယ်။ ဒါဟာ ၂၀၁၁ ခုနှစ်ကတည်းက ပထမဆုံးအကြိမ်း ဘတ် ၂ သောင်း အောက်ထိ ထိုင်းရွှေဈေး ကျသွားတာ လည်းဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးဟာ လန်ဒန် ဈေးကွက်မှာ ရွှေတအောင်စကို အမေရိကန်ဒေါ်လာ ၁၃၇၉ ဒေါ်လာကျော်ရှိပြီး အမေရိကန်မှာ မနေ့က ၂ နှစ်အတွင်း အနိမ့်ဆုံးဈေးဖြစ်တဲ့ တအောင်စကို ၁၃၂၂ ဒေါ်လာနီးပါးထိ ကျဆင်း နေပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့