Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 18 April 2013

ရေနံချောင်းမြို့ နယ်မှာ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီး

နေပြည်တော်၊ ဧပြီ ၁၈

၁၆-၄-၂၀၁၃ ရက်နေ့ ၁၆၄၅ အချိန်မှ ၁၇၁၅ အချိန်ထိ လေပြင်းတိုက်ခတ်မှုကြောင့် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ သူဌေးကုန်းရပ်ကွက်ရှိ တောင်ခမောက်အပေါ် ဘုန်းကြီးကျောင်းရှိ ၁၂ ပေသွပ်(၇၆)ချပ်ခန့် လေလွင့်ပျက်စီးခဲ့ပြီး သုံးဆယ်ခြောက်ကျေးရွာရှိ အမှတ်(၃၅)အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်းရှိ အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေရှိ ၄ ခန်းတွဲကျောင်းဆောင်သစ်မှ ၁၂ ပေသွပ်(၁၂၀)ချပ်၊ ၈ ပေသွပ်(၅)ချပ်၊ ပေါင်း(၁၂၅)ချပ်နှင့် အလျား ၇၀ ပေ၊ အနံ ၃၀ ပေ ၃ ခန်းတွဲကျောင်းဆောင်ဟောင်းမှ ၁၂ ပေသွပ်(၇၅)ချပ်တို့လည်း လေလွင့်ပျက်စီးခဲ့သောကြောင့် တန်ဖိုးငွေကျပ်(၂၄)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် တွင်းကုန်းရပ်နေ ဦးဇော်ခင်၏ (၃x၄)ပင် ထရံကာ၊ ကြမ်းခင်း၊ သွပ်မိုး ၁ ထပ်နေအိမ်မှ ၈ ပေသွပ်(၂၀)ချပ်လေလွင့်ခဲ့သဖြင့် တန်ဘိုးငွေကျပ်(၂၀၀၀၀၀ိ/-)၊ ဦးမြ၀င်း၏ လူမနေသည့် (၃x၄)ပင် သက်္ကယ်မိုး၊ ထရံကာ နေအိမ်မှာလဲပြိုပျက်စီးခဲ့သဖြင့် တန်ဖိုးငွေကျပ်(၅၀၀၀၀၀ိ/-)ခန့်၊ ၁၅၃၀ အချိန်ကလည်း ချောက်မြို့နယ်၊ နရွဲတောရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)မူလတန်းဆောင် အလျား ၁၀၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေ၊ ၈ ပေသွပ် (၉၆)ချပ်၊ (၃x၁)လက်မ သစ်သားချောင်း ၁၈ ပေ(၁၁)ချောင်း၊ (၄x၁)လက်မ ၁၈ ပေ ၁ ချောင်း၊ တန်ဘိုးငွေကျပ်(၂၅၀၀၀၀ိ/-)ခန့်ဆုံးရှုံးခဲ့ကြောင်းနှင့် အခင်းဖြစ်နေရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ပညာရေးဌာနတို့မှ ပူးပေါင်းဆောင်ရွက်ကူညီပေးလျက် ရှိကြောင်း သိရှိရသည်။

ထို့အတူ ယင်းနေ့ ၁၅၂၀ အချိန်မှ ၁၅၃၀ အချိန်ထိ လေပြင်းတိုက်ခတ်မှုကြောင့် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့အရှေ့တောင်ဘက်၊ ဖောင်းလင်းအရှေ့ရွာတွင် (၄x၃)ပင် သက်္ကယ်မိုး၊ ထရံကာ ကြမ်းခင်းလူနေတဲ ၂ လုံး၊ (၃x၃)ပင်သက်္ကယ်မိုး၊ ထရံကာ မြေစိုက်တဲ လူနေအိမ် ၂ လုံး၊ ပေါက်လေးပင်ကျေးရွာတွင် (၄x၃)ပင် သက်္ကယ်မိုး၊ ထရံကာ ကြမ်းခင်း လူနေတဲ ၂ လုံး၊ ခြောက်ပင်ကျွန်းကျေးရွာတွင် (၃x၃)သက်္ကယ်မိုး၊ ထရံကာကြမ်းခင်း လူနေတဲ ၁ လုံး၊ ကျောက်ရဲကျွန်းကျေးရွာတွင် (၃x၃)ပင် သက်္ကယ်မိုး၊ ထရံကာမြေစိုက်တဲ ၂ လုံး၊ စုစုပေါင်းလူနေအိမ် ၉လုံးပြိုလဲခဲ့ပြီး လူ/တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်းနှင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှု မရှိ ကြောင်း၊ လေဘေးသင့်ပြည်သူ အိမ်ထောင်စု ၉ စု၊ လူဦးရေ ကျား ၂၁ ဦး၊ မ ၁၇ ဦး၊ စုစုပေါင်း ၃၈ ဦး တို့အား ၎င်းင်းတို့၏ နီးစပ်ရာဆွေမျိုးများနေအိမ်တွင် နေရာချထားပေးခဲ့ကြောင်း သတင်းရရှိသည်။

ရဲဇာနည်

ပြည်မြို့ မှာ လေပြင်တိုက်ခိုက်မှုကြောင့် ပျက်စီးပုံ

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့