
ဗုဒ္ဓအမွေအနှစ်များ ထိန်းသိမ်းကာကွယ်ကြပါ .....။
မြို့ပြဖွံ့ဖြိုးတိုးတက်ရေး “ငြိမ်းချမ်းကမ္ဘာသစ်မြို့တော်´´ စီမံကိန်းကြောင့် ကမ္ဘာ့ဗုဒ္ဓဘာသာ အမွေအနှစ်ဖြစ်သော ဗုဒ္ဓဘုရားရှင် ဖွားတော်မူရာဌာန လုမ္ဗိနီမှာ အန္တရာယ်နှင့်ရင်ဆိုင်နေရပါပြီ။
ထိုကြောင့် မြတ်ဗုဒ္ဓရဲ့အမွေအနှစ်ကို ကာကွယ်ရန်အတွက် ကျေးဇူးပြု၍ အောက်ပါ လင့်ခ်မှ အသနားခံလွှာတွင် လက်မှတ်ထိုးကြရန်ဖြစ်ပါသည်။
(Please sign the Petition) http://www.save-buddhist-heritage.org/Lumbini/sign-pettion/burmese-...
ကမ္ဘာ့ ရှေးဟောင်းယဉ်ကျေးမှုအမွေနှစ်
ဗုဒ္ဓဘုရားရှင်ဖွားတော်မူရာ လုမ္ဗိနီမြေမြတ်မဟာသည် နီပေါနိုင်ငံတောင်ပိုင်း၌ တည်ရှိပြီး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကြွယ်ဝသော အထွတ်အမြတ်နေရာဒေသတစ်ခု ဖြစ်ပါသည်။ ၄င်းဒေသသည် ဗုဒ္ဓဘာသာဝင်ဘုရားဖူး ခရီးသွားရာ သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ)တွင် တစ်ခု အပါအ၀င်ဖြစ်ကြောင်း ဘုရားရှင်ကိုယ်တော်တိုင် မဟာပရိနိဗ္ဗာနသုတ်တော်၌ ဟောကြားတော်မူခဲ့ပါသည်။
ဘာသာတရားကိုင်းရှိုင်းလှသော ဘုရားဖူးများသည် ဤအထင်ကရ အရေးပါလှသော လုမ္ဗိနီသို့ ရှေးရာစုနှစ်များစွာကတည်းက ဘုရားဖူးလာခဲ့ကြပြီး ယခုခေတ်တိုင်အောင်လည်း လာဆဲဖြစ်ကြပါသည်။ ဘုရားရှင်ဖွားတော်မူရာ ဤအရပ်၊ ရှေးပေဝေသဏီခေတ်မှ ဗုဒ္ဓဘာသာဘုရားဖူးသွားရာဒေသ၏ သဘောသဘာဝတို့နှင့် စပ်ဆိုင်သော ရှေးဟောင်းယဉ်ကျေးမှု အထောက်အထားများ ပြည့်စုံကြွယ်ဝသည့် ဤနေရာဒေသတွင် ဘုရားဖူးများ လာရောက်ဖူးမြော် ကြည်ညိုသဒ္ဓါပွားကာ
ဝတ်ပြုရှိခိုးကြပါသည်။
ဤသို့ ပူဇော်ကြရာတွင် အဆင်ပြေရန်အတွက်
ဂျပန်လူမျိုးဗိသုကာပညာရှင် ကင်ဇိုတင်ဂီ (Kenzo Tange)ရေးဆွဲခဲ့သော လုမ္ဗိနီဖွံ့ဖြိုးတိုးတက်ရေး လွှမ်းခြုံစီမံကိန်းသည်။ ဤဒေသ၏ဘုရားဖူး၊ ၀တ်ပြုခရီးသွားကဏ္ဍကို အသားပေး ရေးဆွဲခဲ့ပါသည်။ ၁၉၇၈ ခုနှစ်၌ ယင်းစီမံကိန်းကို UN နှင့် နီပေါနိုင်ငံတော်အစိုးရတို့မှ အတည်ပြုလက်ခံခဲ့ပြီးဖြစ်ပါသည်။ ၄င်းတွင် လုမွိနီ၏တည်ငြိမ်အေးချမ်းမှုကို အထောက်အကူပြုရန်နှင့် ကာကွယ်ရန်အတွက် ၂၂ စတုရန်းမိုင်ကျယ်ဝန်းသော ကြားခံဇုန် (Buffer Zone)ပါဝင်ပါသည်။
၁၉၉၇ခုနှစ်တွင် လုမ္ဗိနီမှာ ၄င်း၏ တမူထူးခြားထင်ရှားအရေးပါမှုကြောင့် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာဒေသ အဖြစ်ထုတ်ပြန်ကြေညာခံခဲ့ရပါသည်။
ယခုဘာဖြစ်နေပြီလဲ?
၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၂၀ တွင် နီပေါနိုင်ငံအစိုးရနှင့် ကိုရီးယားအစိုးရကိုယ်စားလှယ်များသည် လုမ္ဗိနီကမ္ဘာ့ငြိမ်းချမ်းရေးမြို့တော် ထိန်းသိမ်းကာကွယ်ရေးနှင့်တိုးတက်ရေးစီမံကိန်း နားလည်မှုစာချွန်လွှာကို သဘောတူလက်မှတ် ရေးထိုးခဲ့ကြပါသည်။ ယင်းစီမံကိန်းသစ်အား KWAAK E.S.P.R.I နှင့် ကိုရီးယားနိုင်ငံတကာ ကော်ပိုရေးရှင်း အေဂျင်စီ (KOICA) တို့မှ တစ်နှစ်ခွဲအတွင်း စီစဉ်ဆောင်ရွက်ရန်ဟူ၍ ဖြစ်ပါသည်။
လူဦးရေ ၂ သိန်း အခြေချနေထိုင်မည့် ဤကမ္ဘာငြိမ်းချမ်းရေးမြို့တော်ကို ကြားခံဇုန်အတွင်း တည်ဆောက်လိမ့်မည် ဖြစ်ပါသည်။
ဤသဘောတူညီချက်စာချုပ်ကို ယူနက်စကိုသို့ အကြောင်းကြားခြင်းမရှိဘဲ လက်မှတ်ထိုးခဲ့ကြခြင်း ဖြစ်ပါသည်။
ဤသဘောတူညီချက် (နီပေါအစိုးရနှင့်….)အကြောင်း ပိုမိုသိရှိလိုပါက ဤနေရာ Link
1http://thehimalayantimes.com/featured/year2011/inner.php?id=526, Link
2http://newindianexpress.com/opinion/article521534.ece, Link
3http://en.wikipedia.org/wiki/Asia_Pacific_Exchange_and_Co-operation_Foundation, PDF
Link3 တို့တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။
ကမ္ဘာ့ငြိမ်းချမ်းရေးမြို့တော်တည်ဆောက်ပါက မည်သည့်အကျိုးဆက်များ ဖြစ်လာနိုင်မည်နည်း?
(က) ကမ္ဘာ့အမွေအနှစ်နေရာဌာနများ၏ ကမ္ဘာတလွှားထင်ရှားသော တန်ဘိုးများအပေါ် အပျက်သဘောဆောင်သော အကျိုး(အပြစ်)သက်ရောက်မှုများ အထူးသဖြင့် ကိုယ်ပိုင်စရိုက်လက္ခဏာ၊ စစ်မှန်မှုနှင့်ဂုဏ်သိက္ခာများ ထိခိုက်စေနိုင်ပါသည်။
(ခ) လုမ္ဗိနီတွင် လေထု၊ ရေထုနှင့် အသံညစ်ညမ်းမှုများ ကျရောက်နိုင်ပါသည်။
(ဂ) ၂၂ စတုရန်းမိုင်ကျယ်ဝန်းသော ကန့်သတ်နှင့်စိုက်ပျိုးရေးကြားခံဇုန် ဆုံးရှုံးမှု၊ လူသားတို့ ချင်းနင်းဝင်ရောက်မှုနှင့် ဂေဟစနစ်အပေါ်မြို့ပြပုံစံသွတ်သွင်းမှုများ ရိုက်ခတ်နိုင်ပါသည်။
(ဃ) အနာဂါတ်လုမ္ဗိနီဖွံ့ဖြိုးရေးတွင် လုမ္ဗိနိအား ဘုရားရှင်ဖွားတော်မူရာ ဒေသအဖြစ်ထက် လူနေထူထပ်သော ကမ္ဘာ့ငြိမ်းချမ်းရေးမြို့တော်အဖြစ် ပိုမိုအသားပေးလာခြင်းဖြစ်ပါသည်။ စွမ်းအားအရင်းအမြစ်များကိုလည်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံအဆောက်အအုံများ ထိန်းသိမ်းရန်အတွက်သာ အသုံးပြုပြီးလုမ္ဗိနီ၏ သမိုင်းဝင် အထွတ်အမြတ်အရည်အသွေးများကို လစ်လျူရှုလျက်ရှိပါသည်။
ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနှင့် နီပေါနိုင်ငံတော်အစိုးရအား လုမ္ဗိနီကမ္ဘာ့ငြိမ်းချမ်းရေးမြို့တော်စီမံကိန်းအား ရုတ်သိမ်းပေးပါရန်နှင့် ကင်ဇိုတင်ဂီး (Kenzo Tange)၏ စီမံကိန်းအား ဆက်လက်ထောက်ပံ့ပေးပါရန် ကျွန်ုပ်တို့မှ ခိုင်မာစွဲမြဲစွာ တိုက်တွန်းအပ်ပါသည်။
ဤလုမ္ဗိနီကမ္ဘာ့အမွေအနှစ် နေရာဌာနကို နောင်လာမည့် အနာဂါတ်မျိုးဆက်သစ်တို့အတွက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရပါမည်မှာ ကမ္ဘာ့နေရာဒေသအသီးသီမှ ဗုဒ္ဓဘာသာဝင်တိုင်း၏ အဓိက တာဝန်တစ်ရပ် ဖြစ်ပါသည်။
ဤနေရာတွင်ဆန္ဒမဲ ပေးကြပါ
ထို့ကြောင့် အောက်ပါ လင့်ခ်တွင် ၀င်ရောက်၍ မြတ်ဗုဒ္ဓအမွေအနှစ် ဖွားတော်မူရာနေရာအတွက် အကာအကွယ်ပေးနိုင်ရန် ဆန္ဒမဲ ပေးကြပါလို့ တောင်းပန်အပ်ပါတယ်။
ဒီလင့်ခ် http://www.save-buddhist-heritage.org/Lumbini/sign-pettion/burmese-... SIGN PETTION ကို
ကလစ်ပေးပြီး မိမိနာမည်နှင့် မေးလ်လိပ်စာ စာပို့သင်္ကေတအတွက် အဆင်ပြေမည့်နံပါတ် ငါးလုံးခန့် ရိုက်ထည့်ပေးလိုက်ရုံသာ ဖြစ်ပါသည်။
အကျယ်သိလိုပါက https://www.facebook.com/pages/Preserve-The-World-Heritage-Lumbini-... ဒီစာမျက်နှာမှာ ၀င်ဖတ်ပါ။
ဤပို့စ်ကို တတ်နိုင်သမျှ share လုပ်ပေးခြင်း၊ ဆန္ဒမဲပေးခြင်းများ ပြုလုပ်ကာ သာသနာ့အမွေအနှစ်ကို ကယ်တင်ပေးကြပါရန် တောင်းပန်တိုက်တွန်းအပ်ပါသည်။
လုမ္ဗိနီမြန်မာကျောင်းတာဝန်ခံ ရဟန်းတော်တစ်ပါးမှ ပေးပို့သည်ကို ဗုဒ္ဓဘာသာဝင်အားလုံးနှင့် ရှေးဟောင်းအမွေအနှစ်များကို မြတ်နိုးကြကုန်သော သူတော်စင် အသိပညာရှင်များအတွက် ပြန်လည် ဝေငှလိုက်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
No comments:
Post a Comment