Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Thursday 18 April 2013
ဥရောပသမဂ္ဂ ဒဏ်ခတ်ပိတ်ဆို့မှု ရုတ်သိမ်းတော့မည်
ဥရောပသမဂ္ဂ အနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များကို အသိအမှတ်ပြုသည့်အနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှု အားလုံးကို လာမည့် ရက်သတ္တပတ်အတွင်း ဖယ်ရှားပေးဖွယ် ရှိနေပြီး လက်နက်ရောင်းဝယ်ခြင်းကိုမူ ဆက်လက် တားဆီးသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည့် ကြေညာချက် မှုကြမ်းတခုကို ရိုက်တာသတင်းဌာနမှ ကြည့်ခွင့်ရခဲ့သည်။
ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှု အများစုကို တနှစ် ဆိုင်းငံ့ပေးသွားရန် ယမန်နှစ်က သဘောတူခဲ့သည်။ သို့သော်လည်း ယခုအခါတွင် လက်နက်ရောင်းဝယ်ခြင်းမှလွဲ၍ အားလုံးကို ပယ်ဖျက်သွားရန် ရှိသည်။
လက်ရှိအချိန်တွင် ဥရောပသမဂ္ဂ၏ ကိုယ်စားလှယ် သံအမတ်များက ပိတ်ဆို့မှုများ ပယ်ဖျက်ရန် ဧပြီ ၁၇ ရက်နေ့တွင် သဘောတူခဲ့ကြခြင်းဖြစ်ပြီး ၀န်ကြီးအဆင့် သဘောတူညီချက်ရရှိရေးအတွက် ဧပြီ ၂၂ ရက် နေ့တွင် ဆက်လက်တင်ပြ ဆောင်ရွက်သွားမည်ဖြစ်သည်။ ကန့်သတ်မှုများ ပယ်ဖျက်လိုက်ပြီးပါက ဥရောပကုမ္ပဏီများအနေဖြင့် သယံဇာတအရင်း အမြစ်ကြွယ်ဝပြီး တရုတ်နှင့် အိန္ဒိယကဲ့သို့ အိမ်နီးချင်း စီးပွားရေးနိုင်ငံကြီးများရှိနေသည့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခွင့် များရရှိနိုင်တော့မည် ဖြစ်သည်။
ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်သွယ်မှုတွင် အခန်းကဏ္ဍသစ်တရပ် ဖွင့်လှစ်ရန် ဆန္ဒရှိနေပြီး ကြာရှည်ခိုင်မြဲသည့် ဆက်ဆံရေးမျိုး တည်ဆောက်လိုကြောင်း ဧပြီ ၂၂ ရက်တွင် ကျင်းပမည့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တင်ပြမည့် ဆုံးဖြတ်ချက် မူကြမ်းတွင် ဖော်ပြထားသည်။
ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံတွင်းမှ ကုမ္ပဏီနှင့် အဖွဲ့အစည်း ၁၀၀၀ ခန့်၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ရပ်တန့်ထားခဲ့ပြီး လူပုဂ္ဂိုလ် ၅၀၀ ခန့်ကို လည်း ဥရောပသမဂ္ဂ၏ နယ်မြေအတွင်းသို့ ၀င်ရောက်ခွင့် ပိတ်ထားခဲ့သည်။ ထို့အတူ စစ်ဖက်နှင့်ဆိုင်သော နည်းပညာ အကူအညီပေးရေးကိုလည်း တားမြစ်ထားခဲ့ပြီး သတ္တုတွင်းလုပ်ငန်း၊ သစ်လုပ်ငန်းနှင့် ကျောက်မျက်လုပ်ငန်းများတွင် ဥရောပလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံခွင့်မရှိပေ။
၂၀၁၁ ခုနှစ် တွင် စစ်တပ်က ဘေးဖယ်ပြီး အရပ်သားအသွင် အစိုးရစနစ်ကို ကူးပြောင်းခဲ့ပြီး စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လာချိန်မှစ၍ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများသည် ၎င်းတို့၏ ပိတ်ဆို့ကန့်သတ်မှုများကို ဖြေလျော့ပေးခဲ့သည်။
ဒီမိုကရေစီအရေး အရွေ့များအတွက် ချီးမွမ်းခဲ့သော်လည်း ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်အတွက်လည်း ဥရောပသမဂ္ဂ၏ မူကြမ်းတွင် တောင်းဆိုထားသည် ဟု ရိုက်တာသတင်း၏အဆိုအရ သိရသည်။
ထိုနည်းတူ ယမန်နှစ်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေး အထိကရုဏ်းများတွင် လူ ၁၁၀ ခန့် သေဆုံးခဲ့ရပြီး လူပေါင်း ၁၂၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် ပြည်တွင်း မငြိမ်သက်မှုများကို ရင်ဆိုင်နေကြရသူများအတွက်လည်း မြန်မာအစိုးရအနေဖြင့် ဆောလျင်စွာ အရေးယူဆောင်ရွက်ရန် တောင်းဆိုသည်ဟု ရေးသားကြောင်းလည်း သိရသည်။
တပြိုင်တည်းတွင် ရခိုင်ဒေသအတွင်း လူမှုကယ်ဆယ်ရေး ပြုလုပ်နေသော အဖွဲ့များက အိုးအိမ်မဲ့ဒုက္ခသည်များအတွက် အကူအညီပေးနေကြသူများသည် ခြိမ်းချောက်မှုများနှင့် ကြန့်ကြာအောင် တားဆီးနှောက်ယှက်မှုများ ကြုံတွေ့နေရကြောင်း ပြောကြားနေကြသည်။
“ဒုက္ခသည်တွေဆီ ရောက်နိုင်ဖို့ ကို အကူအညီပေးရေးအဖွဲ့တွေ အနေနဲ့ ဒေသခံအဖွဲ့အစည်းတချို့ရဲ့ ခြိမ်းချောက်မှုတွေ၊ နှောင့်နှေးအောင် တားဆီးတာတွေ ကြုံတွေ့နေရပါတယ်” ဟု ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ အဖွဲ့အစည်းတခုဖြစ်သည့် UN Office for the Coordination of Humanitarian Affairs (OHCA) မှ မှတ်ချက်ပြုသည်။ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ဆေးဖက်ဆိုင်ရာ အဖွဲ့တခုဖြစ်သည့် Médecins Sans Frontières (MSF) အဖွဲ့ကလည်း ၎င်းတို့အနေဖြင့် လူနည်းစု မူဆလင်များကိုသာ အလေးပေးကူညီနေသည်ဟု ဒေသခံ ရခိုင်ဗုဒ္ဓဘာသာဝင်များ၏ စွပ်စွဲပြောဆိုမှုများကို ရင်ဆိုင်နေကြရကြောင်းပြောသည်။
“တင်းမာမှုတွေ အမြင့်ဆုံးရောက်နေတဲ့အချိန်မှာ အမျိုးသားအစွန်းရောက်တချို့ရဲ့ နှောက်ယှက်မှု၊ ခြိမ်းချောက်မှုတွေ ကြောင့် မြန်မာဝန်ထမ်းတွေကို ဆက်လက် ထိန်းထားဖို့နဲ့ ခန့်ထားဖို့က အကူအညီပေးရေး အဖွဲ့တွေ ရင်ဆိုင်ရတဲ့ အကြီးမားဆုံး အခက်အခဲ ဖြစ်နေတယ်” ဟု European Commission Humanitarian Aid and Civil Protection department (ECHO) မှ အရှေ့တောင်အာရှဆိုင်ရာပြောရေးဆိုခွင့်ရှိသူ Matthias Eick က ပြောသည်။ ထိုအဖွဲ့သည် ရခိုင်ပြည်နယ်မှ ဗုဒ္ဓဘာသာနှင့် မူဆလင်ဒုက္ခသည်များအတွက် အမေရိကန် ဒေါ်လာ ၁.၈ သန်း ထည့်ဝင်ကူညီပေးခဲ့သည်။
“နိုင်ငံတကာအဖွဲ့ အစည်းတွေနဲ့ပတ်သက်လို့ လူတွေကြားမှာ ဟိုနား ဒီနား ပြောနေကြ မှတ်ချက်ပေးနေကြတဲ့ စကားတွေ ကြောင့် ဆက်လုပ်သင့် မသင့် မေးခွန်းထုတ်စရာတွေဖြစ်လာတယ်” ဟု Matthias Eick က ပြောသည်။ ထိုသို့ပြောဆိုမှု များသည် ဗုဒ္ဓဘာသာရော မူဆလင်များပါ ပါဝင်သည့် ဒေသခံ ကူညီရေး လုပ်သားများကို အဓိက ထိခိုက်စေကြောင်း သူက ဆက်ပြောသည်။
“၀န်ထမ်းတွေဟာ လူမျိုးရေး အဓိကရုဏ်း ဖြစ်လာရင် ပစ်မှတ် ဖြစ်လာနိုင်တယ်။ သူတို့ရဲ့မျိုးရိုးကြောင့် အကူအညီပေးရေး လုပ်သားတွေ ဆိုတဲ့အချက်ကလည်း အကာအကွယ်ပေးနိုင်မှာ မဟုတ်ဘူး” ဟု အမေရိကန်အခြေစိုက် Kroc Institute for International Peace Studies မှ သုတေသီတဦးဖြစ်သူ Larissa Fast က ဆိုသည်။ အစွန်းရောက်ဝါဒီအချို့က ဆန္ဒပြခြင်း၊ ဟောပြောခြင်း နှင့် လက်ကမ်း စာစောင်ဖြန့်ဝေခြင်းများ ပြုလုပ်ကာ မူဆလင် ဆန့်ကျင်ရေး၊ ရိုဟင်ဂျာ ဆန့်ကျင်ရေး စကားများကို ပြန့်ပွားအောင် လုပ်နေခြင်းဖြစ်သည်ဟု အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံတကာ အလှူရှင်များ၏ အဆိုအရ သိရသည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tomas Ojea Quintana ကလည်း ထိုသို့သော လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှု သွေးထိုးစကားများကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်းတွင် ဆူပူမှုများ ဖြစ်ပွားလာရကြောင်း မတ်လ ၂၈ ရက်နေ့က ပြောကြားလိုက်သည်။ အစိုးရ သတင်းဌာနများက ရခိုင်ပြည်နယ်တွင် ရဲအဖွဲ့ဝင် အင်အား ၆၀၀၀၊ နယ်စပ်လုံခြုံရေး တပ်ဖွဲ့များနှင့် စစ်ဖက်မှ တပ်ရင်း ၅၁ ခု ချထားသည်ဆိုသော်လည်း ဆူပူမှု ဖြစ်ပွားအောင်သွေးထိုးလှုံ့ဆော်သူများကို ထိန်းချုပ်တားဆီးနိုင်ခြင်း လုံးဝမရှိ ကြောင်း The Arakan Project မှ ညွှန်ကြားရေးမှုး Chris Lewa က ဆိုသည်။
ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ရာ ဖြစ်သော မြန်မာနိုင်ငံတွင် လွန်ခဲ့သောလက လူမျိုးရေးအဓိကရုဏ်းတခု ထပ်မံပေါ်ပေါက်ခဲ့ ပြီး သေဆုံးသူ ၄၃ ဦးအထိ ရှိခဲ့သည်။ မူဆလင်အများစုဖြစ်သော လူထောင်ပေါင်းများစွာသည် နေအိမ်နှင့် စီးပွားရေးလုပ်ငန်းများ ဆုံးရှုံးခဲ့ရပြီး ဆူပူမှုများမှာလည်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတလျှောက် ပြန့်နှံ့သွားခဲ့သည်။
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
April
(585)
- Sky Queen ကိုမုဒိမ်းကျင့်လူသတ်ခဲ့သည့်နတ်သားအား ထို...
- Sonny Erission Xperia 8 Android 2.1 Root လုပ်နည်း
- Huawei U8825D Android Version 4.04 Root လုပ်နည်း
- Sony Xperia Miro
- iOS 6 Jailbreak ပြုလုပ်ခြင်း (A4Base)
- ဆက်သွယ်ရေး ကော်ပိုရေးရှင်းတွင် လုပ်ခွင့်ရလျှင် ဖုန...
- iPhone 5 ကို ဈေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူ အသုံြး...
- နိုင်ငံတကာသို့ ဈေးနှုန်း သက်သာစွာဖြင့် ဖုန်းခေါ်ဆို...
- Samsung Galaxy S III Mini မိတ်ဆက်ပြသ
- Padfone မျိုးဆက် Asus Padfone 2 ထပ်မံ ထုတ်လုပ်
- ထုတ်ကုန်သစ်အချို့နှင့် Android OS အသစ်ကို Google မ...
- မျက်စိဖြင့် ထိန်းချုပ်အသုံးပြုနိုင်သည့် စမတ်ဖုန်းန...
- မိုဘိုင်းလ်ဖုန်းများဖြင့် အင်တာနက် အသုံးပြုသူ များ...
- Huawei U8818 Version 2.3.6 Root လုပ်နည်း
- Windows 8 တွင် Zawgyi font သုံးနိုင်အောင်လုပ်နည်း
- Android ဖုန်းတွေမှာ Connected ဖြစ်ပြီးသား Wifi Pas...
- မိုဘိုင်းဖုန်း Driver များစုစည်းမှု
- External Hard Disk ကို Mac မှာရော Windows PC တွေမှ...
- စစ်တွေ ဆူပူသူများကို ဥပဒေနှင့် အညီ အရေးယူမည်
- UNOCHA ကိုယ်စားလှယ် EUမှာ မြန်မာအကြောင်း ရှင်းပြ
- ၁၅၀၀ကျပ်တန် တယ်လီဖုန်းလိုင်းများသည် တာဝါတိုင်နှင့်...
- ရသေ့တောင် လယ်သမားတွေကို သီးစား ပြန်မချ
- အကောင်းဆုံးဘောလုံးသမားဆု ဂါရတ် ဘေးလ် ရ
- စစ်တပ်လိုင်စင်တပ် ကားတွေကို တရုတ်မှာ တားမြစ်
- မိုက်ကယ်ဂျက်ဆင် သေဆုံးရမှု ကုမ္ပဏီကို တရားစွဲ
- ဆီးရီးယားဗုံးပေါက်ကွဲမှု ၀န်ကြီးချုပ် အထိအခိုက်မရှိ...
- မြန်မာလူမှုဘ၀ တိုးတက်ကောင်းမွန်ဖို့ အလှမ်းဝေးစဲ ဒေါ်...
- ရခိုင်စုံစမ်းရေးကော်မရှင် အကြံပြုချက် ကင်တားနားနဲ့...
- ကရင်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲကြောင့် ဒေသခံပြည်...
- နှစ် ၅၀ အတွင်း ပထမဆုံး အလုပ်သမားညီလာခံ ရန်ကုန်မှာ ...
- ရခိုင်အရေး စုံစမ်းရေးကော်မရှင် အစီရင်ခံစာအကြောင်း ...
- အကျင့်ပျက်ခြစားမှုကြောင့် ဒီမိုကရေစီစနစ် ပျက်ပြားေ...
- မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်း မေ ၈ ရက် ဖွင့်မည်
- မဒေးကျွန်း ဒေသခံများ၏ တောင်းဆိုမှု လိုက်လျောမည်ဟု သ...
- သုံးလကျော်အတွင်း ကားခိုးမှု ယခင်နှစ်ထက် နှစ်ဆတက်
- ခိုးဝင်ဘင်္ဂါလီ ၁၆ ဦး မင်္ဂလာဒုံတွင် ဖမ်းမိ၊ နှစ်ဦး လွ...
- ကေအိုင်အေ တပ်သားသစ် ဆက်တိုက်စုဆောင်း
- တိုက်ပွဲကြောင့် မြိုင်ကြီးငူ ဒေသခံ ထွက်ပြေးတိမ်းရေ...
- ကြေးနီစီမံကိန်း ဖျက်သိမ်းရေး ထပ်မံဆန္ဒဖော်ထုတ်
- မန္တလေးမြို့  မြေဈေး အိမ်ဈေးတွေ ပိုမို မြင့်တက်လာ...
- မော်တော်ယာဉ်များအား အကောက်ခွန် ရှင်းလင်းမှုမှ နိုင်...
- ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျော့ချရေး အတွက် ငွေကျ...
- တတိယမြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ လူကုန်ကူးမှု တိ...
- အလုံးစုံ မော်တော်ယာဉ် အာမခံ အတွက် ငွေကျပ်သန်း ၁၆၀ ...
- ဖမ်းဆီးစစ်ဆေးခံရသူ သေဆုံးမှုဖြင့် ရဲသုံးဦးကို ရာထူး...
- ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်ဂိုလီးယားသမ္မတ ပူးတွဲဟေ...
- ရခိုင်စုံစမ်းစစ်ဆေးရေး အစီရင်ခံစာနှင့်ပတ်သက်ပြီး ရ...
- ဧပြီလ (၂၉)ရက်နေ့ ထုတ် Smart Por ဂျာနယ် အတွဲ(၁) ၊ အ...
- ဧပြီလ (၂၉)ရက်နေ့ ထုတ် အင်တာနက်ဂျာနယ် အတွဲ (၁၄) အမှ...
- ဧပြီလ (၂၉)ရက်နေ့ ထုတ် Mobile Guide Issue 100
- ဧပြီလ (၂၇)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် သတင်း ဂျာန...
- ဧပြီလ (၂၅)ရက်နေ့ ထုတ် ပြည်မြန်မာသတင်း ဂျာနယ် အမှတ်...
- ဧပြီလ (၂၄)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် ...
- ရခိုင်ပင်လယ်ပြင် ငါးဖမ်းခွင့် ခေတ္တပိတ်မည်
- တံတားသံပေါင်တိုက်မိပြီး ယာဉ်တိမ်းမှောက် ရာမှ ခရီးသ...
- အဓ္ဓမစေခိုင်းမှုနှင့် ကလေးလုပ်သားများ မြန်မာနိုင်ငံတ...
- လက်ကိုင်ဖုန်းများ တွင်ကျယ်လာမှု နှင့် အတူ ကျန်းမာေ...
- သမ္မတ စာကြောင့် မီဒီယာများကို ဧရာဝတီတိုင်း လွှတ်တော်...
- ဇတ်သဘင်တင်ဆက်ကပြမှုကြောင့် ပရိတ်သတ် နှင့် ပြဿနာဖြစ...
- စာတင်တိုင်းမထူးခြားခဲ့တဲ့ သုံးခွမြို့က လယ်သိမ်းခံ ...
- အဓ္ဓမစေခိုင်းမှုနှင့် ကလေးလုပ်သားများ မြန်မာနိုင်ငံတ...
- ဟဲဟိုးမြို့ရေရှားပါးသည့် ရပ်ကွက်များတွင် စည်ပင်မှ ...
- မိုးအဝင် နောက် ကျမယ်
- ဆေးဝန်ထမ်းများပါသည့် တရုတ်စစ်သင်္ဘော မြန်မာပြည်လာမည်
- Facebook နိုင်ငံသား
- အငြင်းပွားနေဆဲ PR စနစ်နှင့် ၂၀၁၅ ရွေးကောက်ပွဲ
- ညှိနှိုင်းအဖြေရှာသင့်ဟု လက်ပံတောင်းတောင်အရေး လှုပ်ရှ...
- NLD ပါတီ လူငယ်ညီလာခံကျင်းပရန် စီစဉ်
- ဘင်္ဂလားဒေ့ရှ် ပြိုကျ အဆောက် အဦး ပိုင်ရှင်ကို ဖမ်းမိ
- ပါကစ္စတန်မှာ ဗုံးခွဲမှုတွေ ဆက်ဖြစ်
- ရန်ကုန်မြစ်အတွင်း ဆီတင်ဘင်္ဘောနှင့် ကားသင်္ဘောတိုက်မိ
- မဂ္ဂါဝပ် ၁၂ဝထုတ်မယ့် ဂတ်စ်တာဘိုင်သုံး ဓာတ်အားပေးစက်...
- လက်ပံတောင်းတောင်က လူ(၈)ယောက်ကို သွေးထိုးလှုံ့ဆော်သူ...
- MAI လေကြောင်းလိုင်း ယခုနှစ်မကုန်မီ ဂျပန်နိုင်ငံသို...
- ထိုင်းနိုင်ငံရှိ ATM များမှတစ်ဆင့် မြန်မာသို့ ငွေလ...
- ကချင်ဒုက္ခသည်စခန်းသစ်သို့ တိမ်းရှောင်လာသူ တစ်ထောင်ေ...
- ပုသိမ်မြို့တွင် လူ့အခွင့်အရေးသင်တန်း ပထမဆုံးအကြိမ်...
- မိခင်ပျောက်ရှာသူ မြန်မာအမျိုးသမီးငယ် ဘန်ကောက်တွင် ...
- ဒီကောင်လေးက bluetooth ထက် တစ်ကယ်ကို ၁၀-လောက်မြန်တယ...
- Galaxy SIII အတွက် Android 4.1.2 update ဖြန့်ချိ
- Android ဖုန်းများ Super Brick ဖြစ်ပါက Manipulated ...
- ဈေးနှုန်းသက်သာပြီး အိမ်အရောက်ဝန်ဆောင်မှုဖြင့် ၀ယ်ယူ...
- Tablet ဖုန်းကို ဈေးနှုန်းသက်သာစွာ အသုံးပြုလိုသူမျာ...
- တန်ဖိုးနည်း GMG တံဆိပ် ဖုန်းများ ဈေးကွက်ဝင်ရောက်လာ
- ရွှေမိုဘိုင်းမှ ၎င်း၏ Website Application တစ်ခုဖြန့်ချ...
- iOS 6 Jailbreak ရရှိပြီးသော်လည်း အခက်အခဲအနည်းငယ်ရှိ
- သက်သာသောဈေးနှုန်းဖြင့် မိုဘိုင်းဖုန်းများကို ဧပြီလ...
- CDMA 800MHz နှင့် GSM စနစ်နှစ်မျိုးအသုံးပြုနိုင်မည...
- Call Center မှလိုင်းခွဲအသစ်အချို့တိုးချဲ့ထား
- LG Optimus L7 P700
- My Trip Tracker
- CDMA 800MHz ဖုန်း အသုံးပြုသူ နှစ်သောင်းဝန်းကျင်သာရှိ
- ဈေးနှုန်းသက်သာသော Quad-core CPU ဖုန်းအမျိုးအစား စေ...
- မြန်မာစာ အပြည့်အ၀အသုံးပြုနိုင်မည့် JAS မိုဘိုင်းဖု...
- Battery Doctor ဆိုတဲ့ Android Application လေးကိုမြ...
- ရခိုင်ပြည်က စစ်တပ်သိမ်းထားတဲ့ လယ်ယာမြေအမှုတွေကို ထ...
- ပဲခူးတိုင်းအတွင်း အကြမ်းဖက်မှုကိစ္စ ဖမ်းဆီးရုံးတင်
- ဧပြီလ ၂၆ ရက်နေ့ ထုတ် Focus Online ဂျာနယ် အမှတ် ၃၈
- ဒေါ်အောင်ဆန်းစုကြည် ဒီမိုကရေစီ လူ့အဖွဲ့အစည်းညီလာခံ ...
- ဧပြီလ ၂၆ရက်နေ့ ထုတ် HR ဂျာနယ် အမှတ် ၁၉၀
-
▼
April
(585)
No comments:
Post a Comment