Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 22 April 2013

မွေးစားချစ်သူ


လရိပ်လည်း..ညို...မိုးလည်းစို
နှလုံးအို အိမ်အ၀.....ရောက်လာသူ..

အ၀ ..လေးမှာဘဲနေချင်နေလို့ရပါတယ်...
ခဏလေးပါဘဲ ....ထိုင်ချင်ထိုင်လို့ရပါတယ်....

နေစဉ်ခဏ....ရွှင်ပြပြနဲ့
မပျင်းရအောင်..ထားပါ့ မယ်...

စိတ်ကလိုအင်  ရယူချင်တာ
ရအောင်ရှာလို့ ပေးပါ.မယ်..

မောပန်းတိတ်ဆိတ်..တရေးအိပ်လည်း
နှလုံးအိမ်ထဲ...သိပ်ပါ.မယ်...

ပျင်းလို့ ငြိုငြင်..အိမ်ပြန်ချင်လည်း
မတားပါဘဲပို့ ပါ့ မယ်...

အသည်းကိုယူသွား
နှလုံးသားကိုနင်းချေ
အပျင်းပြေမကစားခဲ့ ရင်...ပေါ့
တလေးတစားအရေးထားလို့
မွေးစားချစ်သူ..လုပ်ပေတော့ ။

လရိပ်လည်း..ညို...မိုးလည်းစို
နှလုံးအို အိမ်အ၀.....ရောက်လာသူ..
    
ဆက်လက်ကြိုးစားပါဦးမယ်

1 comment:

#ရလနခ said...

ကြိုက်လို့  Credit နဲ့ 
FB မှာ Share လိုက်တယ်နော် :)

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့