Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 10 May 2013

1st Myanmar International Gems & Jewellery Expo တွင် ပြည်ပနိုင်ငံများက ကုမ္ပဏီများ ပါဝင်ပြသ


ပြည်ပနိုင်ငံများက ကုမ္ပဏီများ ပါဝင်ပြသ လျက်ရှိတဲ့ 1st Myanmar International Gems & Jewellery Expo ကို မေလ ၉ ရက်နေ့မှ ၁၂ ရက်နေ့
အထိ ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခန်းမမှာ ကျင်းပပြုလုပ် လျက်ရှိတယ်လို့ သိရပါတယ်။ အဆိုပါ ပြပွဲမှာ အမေရိကန်၊ ဂျာမနီ၊ အီတလီ၊ ထိုင်း၊ စပိန်၊ ကမ္ဘာဒီးယား အစရှိတဲ့ နိုင်ငံများမှ ကုမ္ပဏီ ၂၀ ၀န်းကျင်လည်း ပါဝင်ပြသတာ ဖြစ်ပြီး ကျောက်မျက် ရတနာနဲ့ သက်ဆိုင်တဲ့ စက်ပစ္စည်း ပြခန်းများ၊ ပန်းတိမ်နဲ့ ပတ်သက်တဲ့ ပစ္စည်းများ၊ လက်ဝတ် ရတနာပြခန်းများ အများဆုံး ပါဝင်ပြသတာ ဖြစ်ပါတယ်။

အဲ့ဒီပြပွဲကို ထိုင်းနိုင်ငံ Asia Connect နဲ့ ပြည်တွင်းမှ Plant Expo Communication Co.,Ltd တို့က ပူးပေါင်း ပြုလုပ်တာ ဖြစ်ပြီး ပြည်တွင်းမှ ရွှေနန်းတော်မှ Main Sponsar အဖြစ် တာဝန်ယူ ဆောင်ရွက်တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်တွင်းမှ ကြယ်စင်နန်းတော်၊ စိန်ပင်လယ်၊ ရွှေနန်းတော် အစရှိတဲ့ ကျောက်မျက် ရတနာ ဆိုင်တွေ ကလည်း ပြသ ရောင်းချ လျက်ရှိတာ ဖြစ်ပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ မှာလည်း နိုင်ငံတကာ ကျောက်မျက် ရတနာ ပြပွဲကြီးကို ဒုတိယ အကြိမ် ထပ်မံ ကျင်းပပြုလုပ်မှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့