Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 14 May 2013

စမ်းသပ် သန်းခေါင် စာရင်း ကောက်ယူရာတွင် ဘာသာစကား အခက်အခဲ တွေ့ရှိခဲ့ရ


၂၀၁၄ ခုနှစ်မှာ ကောက်ယူမယ့် ပြည်လုံးကျွတ် သန်းခေါင် စာရင်း အတွက် သန်းခေါင် စာရင်း စမ်းသပ် ကောက်ယူ မှုကို ယခုနှစ် မတ်လ ၃၀ ရက်နေ့မှ
ဧပြီလ ၁၀ ရက်နေ့ အထိကို သတ်မှတ်ပြီး ကောက်ယူခဲ့ပြီး ဖြစ်ပါတယ်။ အခုလို ကောက်ယူရာမှာ စာရင်း ကောက်ယူ ပေးတဲ့ စာရင်းကောက် ဆရာ/ဆရာမ တွေနဲ့ ဒေသ ကွဲလွဲမှုတွေကြောင့် ကောက်ယူရာမှာ ဘာသာစကား ခက်ခဲမှုတွေ ရှိတယ်လို့ သိရပါတယ်။

စမ်းသပ် ကောက်ယူရာ မှာတော့ တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ မြို့နယ် ၂၀ ကိုသာ သတ်မှတ် ကောက်ယူ ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ရွေးချယ် ကောက်ယူခဲ့တဲ့ နေရာတွေ ဟာလည်း မြို့ပြ ဆန်တဲ့နေရာ လူဦးရေ ထူထပ်တဲ့ နေရာတွေကို အဓိက ထားပြီး ကောက်ယူခဲ့တာ ဖြစ်ပါတယ်။ ကောက်ယူ ခဲ့ရာမှာ အခက်အခဲတွေ အနေနဲ့ များစွာ မရှိပေမယ့် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ နေထိုင်တဲ့ တိုင်းရင်းသား ဘာသာစကား အစရှိတဲ့ အခက်အခဲ အချို့ကိုတော့ တွေ့ရှိခဲ့ ရတာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို တွေ့ရှိရတဲ့ အခက်အခဲတွေ ကိုလည်း ပြန်လည် စမ်းသပ် စစ်ချက်တွေ အနေနဲ့ ပြည်နယ်တိုင်း အသီးသီးမှ ရရှိလာတဲ့ အချက်တွေကို စုစည်းပြီး စမ်းစစ် သွားမှာ ဖြစ်တယ်လို့ လူဝင်မှုကြီး ကြပ်ရေးနဲ့ ပြည်သူ့ အင်အား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရှိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့