Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 14 May 2013

``သိဒ္ဓတ္ထ.....ရှင်းတမ်း´´


*လူတိုင်းရဲ့ နှလုံးသားမှာ
သစ္စာပန်း စိုက်ပျိုးလိုတဲ့
စေတနာမျိုးစေ့က.... မင်းကို...
မမျှတစေခဲ့ဘူးဆိုတာ ကိုယ်ယုံကြည်ပါတယ်....။

ဒါပေမယ့်...
အတွေးအခေါ်တွေ ဘောင်ကျဉ်းခဲ့ရင်
ဆင်ခြင်ဖြည့်ဆည်းခဲ့တဲ့
အတိတ်က ပါရမီဆီမီးတွေက
ငါ့ကို စည်တီးခြောက်လှန့်ကြလိမ့်မယ်...။

စွန့်လွှတ်ခဲ့တယ်...
ငွေကြေး,ဂုဏ်သိက္ခာ,ရာထူးနဲ့
ချစ်ခြင်းတရား အငွေ့အသက်
အားလုံး...အားလုံး...အားလုံးကို....ပေါ့....။

မင်းပေါ်ထားတဲ့ မြတ်နိုးမှုထက်
သစ္စာတရားကို ပိုနှစ်သက်ခဲ့တယ်၊
သက်ရှိတွေကို သစ္စာပြဖို့
ငါ့အချစ်တွေကို Format-ချခဲ့တယ်...။

မိုးကောင်းကင်,မြေကြီး,နတ်ဘုံနတ်နန်း
ဆန်းကြယ်ခြင်း ကမ္ဘာလောကတွေမှာ
လှပတဲ့ မေတ္တာတဲနန်းတွေ ကြဲဖြန့်ခဲ့ဖူးတယ်...။

အခု....
နေရစ်ခဲ့လေတော့...ယသော်ဓရာ
မာယာမပါတဲ့ နောက်ဆုံးတွေ့ဆုံခြင်းမှာ
ငါ...... မညှာတာခဲ့တာ မဟုတ်ပါဘူး....
လွန်မြောက်ခြင်းရဲ့ အာဝါသမှာ
သတ္တ၀ါတွေကို ခိုနားစေချင်တာကြောင့်ပါ...။ ။ ။

(တောထွက်ခန်းကို ဂုဏ်ပြုပူဇော်သည်)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့