Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 15 May 2013

မုန်တိုင်း ကြိုတင် ကာကွယ်ရေး အတွက် ကယ်ဆယ်ရေး အဖွဲ့များ စေလွှတ်လျက်ရှိ


မေလ ၁၆ ရက်နေ့မှ ရခိုင် ကမ်းရိုးတန်းနဲ့ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်း ဒေသ တစ်လျှောက်ကို ၀င်ရောက်နိုင်တဲ့ မုန်တိုင်း မဟာစင်နဲ့ ပတ်သက်ပြီး
မုန်တိုင်း ကြိုတင် ကာကွယ်ရေး အတွက် ကယ်ဆယ်ရေး အဖွဲ့များ စတင် စေလွှတ် လျက်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ကယ်ဆယ်ရေး အဖွဲ့များ စေလွှတ်ရာ မှာလည်း မေလ ၁၄ ရက်နေ့က မီးသတ်ဦးစီးဌာန ရန်ကုန်တိုင်း ဒေသကြီး ကယ်ဆယ်ရေး အဖွဲ့ ၃၅ ဦးပါတဲ့ ကယ်ဆယ်ရေး အဖွဲ့နဲ့ အုပ်ချုပ် ကွပ်ကဲသူ ၅ ဦး စုစုပေါင်း အယောက် ၄၀ တို့က ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ဖို့ အတွက် သွားရောက်ကြမှာ ဖြစ်ပါတယ်။

ဒီလို ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အတွက် ကိုတော့ အခုလို ရန်ကုန်တိုင်း ဒေသကြီး ကယ်ဆယ်ရေး အဖွဲ့အပြင် ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနဲ့ မန္တလေးတိုင်း ဒေသကြီး တို့မှာလည်း ကယ်ဆယ်ရေး အဖွဲ့တွေ အရံထားရှိပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဒါတွေမကဘဲ ရခိုင် ပြည်နယ်မှာ မုန်တိုင်းဒဏ်နဲ့ ဒီရေ တက်လာနိုင်တဲ့ နေရာများ၊ ကမ်းခြေ တစ်လျှောက်တဲများ၊ ယာယီ တဲများနဲ့ နေထိုင်နေ သူများကို မေလ၁၄ ၊၁၅ ရက်အပြီး လုံခြုံစိတ်ချရတဲ့ နေရာများကို အမြန်ဆုံး ရွှေ့ပြောင်း ထားကြဖို့ အတွက် သက်ဆိုင်ရာ ကနေ ညွှန်ကြား ထားပြီး အမျိုးသား သဘာဝဘေး ကာကွယ် စောင့်ရှောက်ရေး ဗဟို ကော်မတီ ဥက္ကဌ ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းနဲ့ စီမံခန့်ခွဲမှု လုပ်ငန်း ကော်မတီတို့မှ တာဝန်ရှိသူများ ပါဝင်တဲ့ စီမံကွပ်ကဲမယ့် အဖွဲ့ကို ၂၀၁၃ ခုနှစ် မေလ ၁၄ ရက်က စတင်ပြီး ရခိုင်ပြည်နယ်၊ အမ်းမြို့မှာ အခြေပြုကာ အနီးကပ် ကွပ်ကဲသွားဖို့ ညွှန်ကြား ထားတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် တပ်မတော် အနေနဲ့ မုန်တိုင်းဒဏ် ကျရောက်နိုင်တဲ့ ပင်လယ် ကမ်းရိုးတန်း ဒေသရှိ တိုင်းစစ်ဌာနချုပ် များမှာ လေယာဉ်၊ ရဟတ်ယာဉ်၊ သင်္ဘော၊ မော်တော်ယာဉ် များအား လိုအပ်ပါက ချက်ချင်း အကူအညီ ပေးနိုင်ရေး အသင့်ပြင် ထားပြီး ဆေးကုသရေး အဖွဲ့များနဲ့ အခြား အထောက်အကူ ပြုနိုင်မယ့် အဖွဲ့များ ကိုလည်း ဖွဲ့စည်းပြီး ကြိုတင် အသင့်ပြင်ဆင် ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့