Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 7 May 2013

ပြန်လာခဲ့ပါချစ်သူ


တမ်းချင်းလွမ်းချင်းတွေ
အခန်းမပြတ်ခဲ့လို့်
ဌာနေတစ်ခေါက်
အရောက်ပြန်ခဲ့မိတယ်  ချစ်သူ...

ဆောင်းအကုန်
နွေအကူး
ပိတောက်ဖူးတွေ
ရနံသင်းပြန်တော့
လွမ်းဆွေးမှု ဒို့အသွင်
မြင်လှည့်ပါချစ်သူ...

ရက်ကိုလစား
နှစ်များကြာအောင်
မကြင်နာရှောင်ပြေး
ဟိုး... အဝေးကချစ်သူရေ
ချစ်စဉ်  ကြင်နာစဉ်က
ထာဝရပျော်ခဲ့ကြတဲ့
တို့ရွာချောင်းကလေးရဲ့ရင်ပြင်
ခြေရာတွေထင်နေဆဲမို့
ဆည်းဆာနေခြည်အောက်
တစ်ယောက်တည်းလွမ်းနေတာ
စာနာတတ်ရင်
ပြန်လာခဲ့ပါ.... ချစ်သူ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့