Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 7 May 2013

မန္တလေးတွင် ဂျပန်ပစ္စည်း သီးသန့် ကုန်စည်ပြပွဲ ပြုလုပ် သွားမည်


ဂျပန်နိုင်ငံရဲ့ တရားဝင် အသိအမှတ်ပြု ကုန်ပစ္စည်းများ ကိုသာ သီးသန့်ပြသ သွားမယ့် ကုန်စည်ပြပွဲ တစ်ခုကို မန္တလေးမှာ ပြုလုပ် သွားဖို့ရှိပြီး အဆိုပါ
ပွဲနဲ့ ပတ်သက်တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲကိုတော့ မေလ ၆ ရက်နေ့က Park Royal ဟိုတယ်မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ အဆိုပါ ဂျပန် ကုန်ပစ္စည်း ပြပွဲ ကိုတော့ မေလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့ အထိ မန္တလေး မြို့တော် ခန်းမမှာ ကျင်းပပြုလုပ် သွားမှာ ဖြစ်ပြီး Myanmar Professonal Service Company မှ ဦးဆောင် ပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ ကုန်စည်ပြပွဲ မှာတော့ Canon/YAMAHA MUSIC/Gandamar/Super Power အစရှိတဲ့ နာမည်ကြီး ဂျပန် ကုန်ပစ္စည်းများ အပြင် အခြား ဂျပန် ကုမ္ပဏီများ ကလည်း ပစ္စည်းများ ပါဝင်ပြသ သွားမှာ ဖြစ်ပါတယ်။ အဆိုပါ ကုန်စည်ပြပွဲ မှာတော့ ပြခန်းပေါင်း ၇၀ ကျော်ပါဝင်မှာ ဖြစ်ပြီး ကုမ္ပဏီပေါင်း ၃၀ကျော် ပါဝင်ပြသ သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကုန်စည်ပြပွဲ အတွင်းမှာ ဖျော်ဖြေရေး အစီအစဉ်များ အနေနဲ့ ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ ပြည်တွင်းရှိ Cosplayers များရဲ့ ပူးပေါင်း ဖျော်ဖြေ တင်ဆက်မှု များလည်း ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့